၁၇ ရက် စက်တင်ဘာလ ၂၀၁၃ ခုနှစ်
ကွတ်ခိုင်မြို့နယ် နမ့်ဖက်ကာ အုပ်စု မိုင်းယုလေးနှင့်လူမ်ကမ် ရွာအကြား တောတန်းတွင် တအန်းတပ်မတော် တပ်ရင်း ၁၁၂ နှင့် မြန်မာ တပ်မတော် ခလရ ၄၅၊ ၁၂၃၊ နှင့် ၁၄၅ ပူးပေါင်းစစ်ကြောင်းတို့ ယနေ့ စက်တင်ဘာလ ၁၇ ရက် နံနက် ၁၁ နာရီခန့်မှ ၁၁း၃၀ နာရီခန့်အထိ နာရီဝက်ခန့်ကြာ နှစ်ဘက်ရင်ဆိုင်တိုက်ပွဲဖြစ်ပွာ
စက်တင်ဘာ ၁၁ ရက်နေ့ နမ့်ဟွန်းချောင်းတိုက်ပွဲတွင် ခလရ ၄၅ နှင့်ပန်ဆေးပြည်သူ့စစ် ပူးပေါင်းစစ်ကြောင်း အများအပြား ကျဆုံးထိခိုက်ပြီးနောက် တအန်းတပ်ရင်း ၁၁၂ ကို ထို မြန်မာတပ်ရင်း ၃ ရင်းက ပူးပေါင်းပြီး လိုက်လံတိုက်ခိုက်ထိုးစစ်ဆင်ခဲ့
တပ်ရင်း ၁၁၂ မိမိတပ်ရင်းနယ်မြေ တောတောင်တွင် ပြောက်ကျားအခြေချ လှုပ်ရှားနေသဖြင့် ထိုမြန်မာတပ် ပူးပေါင်းစစ်ကြောင်းက စရမ်း၊ ငေါ့ငှား၊ ဂျုံနော၊ လူမ်ကမ် အစရှိသည့် ရွာနီးဝန်းကျင်တွင် ဆက်တိုက်လှည့်လည် လှုပ်ရှားနေလျှက်ရှိ
ထိုကဲ့သို့ လှည့်လည်လှုပ်ရှားထိုးစစ်ဆင်ေ
တအန်းတပ်မတော် တပ်ရင်း ၁၁၂ တပ်ဖွဲ့ဝင်များမှာ ထိုဒေသတွင် မြန်မာစစ်ကြောင်းထိုးစစ်ဆင်လာ
လုံခြုံမှုရှိရာနေရာသို့ ပြောင်းရွေ့နေရာယူကာ မြန်မာတပ်များ၏ ထိုးစစ်ကို ခုခံရန် ပြင်ဆင်စောင့်ဆိုင်း လျှက်ရှိ
စက်တင်ဘာ ၁၁ ရက်နေ့ နမ့်ဟွန်းချောင်းတိုက်ပွဲတွင် နမ့်ဟွန်း တောင်ကျချောင်းထဲသို့ ပြုတ်ကျမျောပါပြီး ထိုချောင်းရေကိုအသုံးပြုသည့် ဒေသခံတို့၏ လယ်တောအစပ်ချောင်းဝတွင် မြန်မာတပ်သား ၄ ဦး ဒါဏ်ရာဒါဏ်ချက်များ ဖြင့် ပုပ်ပွနေသည့်အလောင်းကို တွေ့ရှိသဖြင့် ဒေသခံများက မြေမြုပ်သဂြို င်္လ်လိုက်ကြောင်းသိရှိရ
သတင်းနှင့်ပြန်ကြားရေးဌာန
P.S.L.F/T.N.L.A
0 comments:
Post a Comment