
၁၄ ရက် စက်တင်ဘာလ ၂၀၁၃ ခုနှစ်
ကျောက်မဲမြို့နယ် အနောက်ဘက်ခြမ်းရှိ ကွန်မောက်နှင့် ဟိုကျပ် ရွာအကြား တွင် တအန်းတပ်မတော် တပ်ရင်း ၇၁၇ နှင့် မြန်မာ တပ်မတော် ခမရ ၁၁၄ တို့ ယနေ့ စက်တင်ဘာလ ၁၄ ရက် နံနက် ၁၁း၃၀ နာရီခန့် ယခုအချိန်ထိ တိုက်ပွဲဖြစ်ပွားလျှက်ရှိ-
လူထုစည်းရုံးရေးနှင့် မူးယစ်ဆေးဝါးတိုက်ဖျက်ရေး ဆောင်ရွက် နေသော တအန်းတပ်ရင်း ၇၁၇ကို အင်အား ၈၀ နီးပါးရှိ ခမရ ၁၁၄ စစ်ကြောင်းက လိုက်လံတိုက်ခိုက်ထိုးစစ်ဆင်နေခြင်းဖြစ်
တပ်ရင်း၇၁၇အဖွဲ့သည် မြန်မာတပ်ဖက်မှထိုးစစ်ဆင်လာမှုကို ရှောင်ရှားနိုင် ရန် တောတွင်း တနေရာမှ တနေရာသို့ ဆက်တိုက်ပြောင်းရွေ့လာခဲ့သည်မှာ တပတ်ခန့်ရှိပြီးဖြစ်
ယနေ့တွင်ထပ်မံပြောင်းရွေ့ရန်အချိန်မရတော့သဖြင့် တောင်ကုန်းတောတန်း တွင် ပြင်ဆင်စောင့်ဆိုင်းနေစဉ် ခမရ ၁၁၄ စစ်ကြောင်းတက်လာသဖြင့် တိုက်ပွဲဖြစ်ပွားနေခြင်းဖြစ်
တိုက်ပွဲတွင် မြန်မာတပ်ဘက်မှ ၆၀ မမ လက်နက်ကြီးများ ဆက်တိုက် ထုသကဲ့သို့TNLAဘက်မှလည်းRPGလက်န်ကကြီးဖြင့် ပြန်ပစ်နှစ်ဘက်ထိ ခိုက်မှုများ မသိရှိရသေးပါ။
သတင်းနှင့်ပြန်ကြားရေးဌာန
P.S.L.F/T.N.L.A
0 comments:
Post a Comment