Thursday, August 01, 2013
Posted by သျှမ်းသံတော်ဆင့်
တအာင်းအမျိုးသား လွတ်မြောက်ရေး တပ်မတော်/ပလောင်အမျိုးသား လွတ်မြောက်ရေး
တပ်ဦး TNLA/PSLFနှင့် အစိုးရကိုယ်စားလှယ်တို့ ငြိမ်းချမ်းရေး ဆွေးနွေးရန်
ပြင်ဆင်နေချိန် မြန်မာစစ်တပ်နှင့် တိုက်ပွဲ ၂ ကြိမ် ဖြစ်ပွားခဲ့ကြောင်း ဒေသတွင်း သတင်းများအရ သိရှိရပါသည်။
ဂျူလိုင်လ ၂၅ ရက်က သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့နယ် နမ့်ဖတ်ကာနှင့် နမ့်ခမ်းကြားရှိ ကန့်ပါဖောရွာ(တရုတ်ရွာ)အနီးတွင်
“ပန်းဆေးပြည်သူ့စစ်က တအာင်းတပ်ဖွဲ့ရဲ့ သတင်းရထားတော့
သွားစောင့်နေတယ်လေ။ ခြုံခိုတိုက် တာ။ ပန်းဆေးပြည်သူ့စစ်ဖက်က လက်နက်ကြီးနဲ့
ပစ်ထည့်တယ်။ ပစ်မှတ်လွဲပြီး ရွာထဲကျတော့ဒါ ဘဲ။”
ကန့်ပါဖောရွာထဲ
လက်နက်ကြီးကျသည့်အတွက် အိမ် ၃ လုံး ပျက်စီးသွားကြောင်း၊ TNLA ဖက်မှ ၁ ဦး
နှင့် ကျေးလက်ဒေသခံ ၁ ဦး ဒဏ်ရာရရှိကြောင်း ဆိုပါသည်။
ဂျူလိုင် ၂၇
ရက်နေ့ကလည်း သျှမ်းပြည်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ် ကွတ်ခိုင်မြို့
နမ့်ဖတ်ကာရွာအနီး ၌ တအာင်းတပ်မတော် TNLA ၊ သျှမ်းပြည်တပ်မတော် SSPP/SSA
နှင့် ကချင်တပ်မတော် KIA ပူးပေါင်းတပ်ဖွဲနှင့် မြန်မာစစ်တပ်တို့
တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း၊ မြန်မာစစ်တပ်ဘက်မှ ၆ ဦးသေဆုံးကာ ၇ ဦး
ဒဏ်ရာရရှိကြောင်း၊ ပူးပေါင်းတပ်ဖွဲ့မှလည်း တပ်သားတချို့ ဒဏ်ရာရရှိကြောင်း
ကွတ်ခိုင်ဒေသခံ တစ်ဦးက ပြောပါသည်။
ဂျူလိုင် ၃၁ ရက်
သျှမ်းပြည်မြောက်ပိုင်း မူစယ်မြို့ ခရိုင်အုပ်ချုပ်ရေးခန်းမ၌
ဒုဗိုလ်မှူးကြီး တဘုန်းကျော် ဦးဆောင်သည့် TNLA/PSLF နှင့် ဦးအောင်မင်း
ဦးဆောင်သည့် အစိုးရ ငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့တို့
ဆွေးနွေးခဲ့ကြသည်။ သို့သော် နှစ်ဖက် အပစ်ခတ်ရပ်စဲရေးကိုမူ သဘောတူ
လက်မှတ်ရေးထိုးနိုင်ခြင်း မရှိခဲ့ပေ။
Friday, August 2, 2013
ငြိမ်းချမ်းရေး ဆွေးနွေးရန် ပြင်ဆင်နေချိန်TNLAအား ပြည်သူ့စစ်နှင့်အစိုးရ စစ်တပ်တို့ ပစ်ခတ်တိုက်ခိုက်
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment