Friday, August 2, 2013

P.S.L.F/T.N.L.A နှင့် မြန်မာအစိုးရ၏ငြိမ်းချမ်းရေးဖော်ဆောင်ရေးလုပ်ငန်း ကော်မတီပထမဦးဆုံးအကြိမ် တွေ့ဆုံဆွေးနွေးပွဲ P.S.L.F/T.N.L.A ၏ သဘောထားထုတ်ပြန်ချက်



၁။ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦးP.S.L.F/T.N.L.A တွေ့ဆုံ ဆွေးနွေးရေးအဖွဲ့ နှင့်ဦးအောင်မင်း ဦးဆောင်သည့်ငြိမ်းချမ်းရေးဖော်ဆောင် ရေးလုပ်ငန်းကော်မတီအဖွဲ့တို့သည် ၂၀၁၃ ခုနှစ် ဇူလိုင်လ ၃၁ ရက်နေ့ များတွင် ပြည်နယ်အဆင့် ငြိမ်ချမ်းရေတွေ့ဆုံဆွေးနွေးပွဲအဖြစ် ရှမ်းပြည် နယ်မြောက်ပိုင်း မူဆယ်မြို့၊ ရွေလီရတနာ ခန်းမ၌ နံနက် ၉ နာရီမှ ညနေ ၃နာရီအထိ တွေ့ဆုံဆွေးနွေးခဲ့ကြပါသည်။

၂။ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦးမှ နိုင်ငံရေးတွေ့ဆုံဆွေးနွေး ရေးကော်မတီကို အဖွဲ့ခေါင်းဆောင် အထွေထွေအတွင်းရေးမှူးဒု ဗိုလ်မှူး ကြီးတားဘုန်းကျော် ဦးဆောင်ပြီး၊ ဒုစစ်ဦးစီးချုပ် ဗိုလ်မှူး တားခူလန်း၊ ဗိုလ်မှူးတားရော့ခြိုး၊ ဗိုလ်မှူးတားအောင်မြတ်၊ ဗိုလ်ကြီး တားဝိုင်ခြိုး၊ ဗိုလ်ကြီးတားဝင်းဖေ၊ ဗိုလ်ကြီးတားစိုယမ်း၊ ဗိုလ်ကြီးတားအောင်ကို နှင့် ဗိုလ်တားလူမ်ကျော်မြ အစရှိသည့် ကိုယ်စားလှယ် (၉) ဦး၊ ဗဟိုဌာန ချုပ်ရုံနှင့် စစ်ဦးစီးချုပ်ရုံးအဖွဲ့ အပါအ၀င် စုစုပေါင်း ကိုယ်စာလှယ် (၂၁)ဦး တက်ရောက်ခဲ့ကြပါသည်။

၃။ မြန်မာအစိုးရ၏ ငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီအဖွဲ့မှ အဖွဲ့ခေါင်းဆောင် သမ္မတရုံးဝန်ကြီး ဦးအောင်မင်း၊ ၀န်းကြီးဦးအုန်းမြင့်၊ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးစ၀်အောင်မြတ်၊ ရမခတိုင်းမှူး ဗိုယ်မှူးချုပ်အောင် စိုး၊ မန်တုန်ပြည်သူ့ လွတ်တော်ကိုယ်စားလှယ် ဦးအိုက်မုန်း၊ နမ့်ဆန်ပြည်သူ့  လွတ်တော်ကိုယ်းစားလှယ် ဦးမောင်မောင်ဆွေ၊ တအာင်း (ပလောင်) ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ အုပ်ချုပ်ရေးမှူး ဦးမောင်ကျော် အပါအ၀င် စုစုပေါင်းကိုယ်စားလှယ် (၁၅) ဦးတက်ရောက်ခဲ့ကြပါသည်။

၎။ ထို့ပြင် ဆွေးနွေးပွဲသို့ မဟာမိတ်အဖွဲ့အစည်းများဖြစ်သည့် KIA, NMSP, SSPP, ခေါင်းဆောင် များလည်း မဟာမိတ်အသိသက်သေများအဖြစ် တက်ရောက်ခဲ့ကြပြီး ပလောင်တိုင်းရင်းသားအဖွဲ့ခေါင်းဆောင်များ၊ မူဆယ်နှင့် နမ့်ခမ်းမှ တအာင်းမြို့မိမြို့ဖများ၊ တအာင်း လူငယ်နှင့် အမျိုးသမီး အဖွဲ့ ခေါင်းဆောင်များလည်း တက်ရောက်ခဲ့ ကြပါသည်။

၅။ ပြည်ထောင်စုမြန်မာနိုင်ငံ ငြိမ်ချမ်းရေးတည်ဆောက်ရာတွင် ခိုင်မာပြည့်စုံ ရန်အတွက် တအာင်းဒေသ တ၀ှမ်းလုံးစစ်မှန်သောငြိမ်ချမ်းရေးရရှိနိုင်မည့် ပြည်ထောင်စုမြန်မာနိုင်ငံ ငြိမ်ချမ်းရေးကော်မတီနှင့်P.S.L.F/T.N.L.A နောက်တစ်ကြိမ်တွေ့ ဆုံဆွေးနွေးပွဲတွင် စစ်မှန်သည့်အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးနိုင် ရန် နှစ်ဖက် လက်နက် ကိုင်ပဋိပက္ခ တိုက်ပွဲများလျော့ ချနိုင်ရေး၊ နှစ်ဖက်ဆက်သွယ်ဆောင်ရွက်ချက် များဆောင်ရွက်ကြရန် တအာင်းရပ်မိရပ်ဖများနှင့်မဟာမိတ်ခေါင်းဆောင်အသိသက်သေများရှေ့ မှောက် တွင်သဘောတူညီခဲ့ကြပါသည်။
၆။ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦးအနေဖြင့်စစ်မှန်သည့်နိုင်ငံရေး တွေ့ဆုံဆွေးနွေးပွဲများမှ တဆင့် ပြည်တွင်းစစ်မီးများငြှိမ်းသတ်ကာ ပြည်ထောင်စုမြန်မာနိုင်ငံတ၀ှမ်းလုံးရှိတိုင်းရင်းသားလူမျိုးများအားလုံး နိုင်ငံရေးအခွင့်အရေးများတန်းတူရည်တူရှိစွာဖြင့်အတူတကွ နေထိုင်သွားရန် အစဉ်အမြဲ လိုလားပါသည်။

၇။ယခုကဲ့သို့ တွေ့ဆုံဆွေးနွေးပွဲဖြစ်မြောက်အောင် ဆောင်ရွက်ပေးခဲ့ကြ သည့် သက်ဆိုင်ရာတာဝန်ရှိ ပုဂ္ဂိုလ်များ၊ ဌာန ဆိုင်ရာဝန်ထမ်းများ၊ တွင်း(န်) စတားဟိုတယ် နှင့်စိန်ရတနာဟိုတယ်ဝန်ထမ်းများအား အထူးကျေးဇူးတင်ရှိပါသည်။

၈။ တွေ့ ဆုံဆွေးနွေးပွဲ အစမှအဆုံးထိ ကြိုဆိုထောက်ခံအားပေးခြင်း၊ တအာင်းလူမျိုးအားလုံးမျှော်လင့်တောင်းတသည့် ဆွေးနွေးပွဲရလဒ် အဖြေထွက်ရှိနိုင်ရန်အကြံပြုစောင့်ဆိုင်းအားပေးခြင်း ၊ ဆွေးနွေးပွဲအပြီး တခဲ နက်ထောက်ခံဝန်းရံ ပံ့ပိုးခြင်းများဆောင်ရွက်ခဲ့ကြသည့် မူဆယ်မြို့ နယ်၊ နမ့်ခမ်းမြို့ နယ် အရပ်ရပ်ရှိ တအာင်းမိဘပြည်သူများ၏အမျိုးသား နိုင်ငံရေး နိုးကြားတက်ကြွမှုများသည် တအာင်းအမျိုးသားတရပ်လုံး အတွက်သော် လည်းကောင်း၊ P.S.L.F/T.N.L.A တအာင်းတပ်မတော်အတွက်သော် လည်းကောင်းသမိုင်း တွင်မည့်လူထုဆန္ဒဖော်ထုတ် ဆောင်ရွက်နေခြင်း ဖြစ်ပါသည်။

၉။ တွေ့ဆုံဆွေးနွေးပွဲသို့ တက်ရောက်လာကြသည့် မဟာမိတ်အဖွဲ့ အစည်းခေါင်းဆောင်များ၊ ရပ်မိရပ်ဖ များ၊တအာင်းလူငယ်နှင့်အမျိုးသမီးအဖွဲ့အစည်းခေါင်းဆောင်များကိုလည်းအထူးကျေးဇူးတင်ကြောင်း   ပြောကြားလိုပါသည်။ထိုအပြင် တွေ့ဆုံဆွေးနွေးပွဲကာလအတွင်းမိမိတို့P.S.L.F/T.N.L.A တွေ့ ဆုံဆွေးနွေးရေးအဖွဲ့အား နွေးထွေးစွာကြိုဆို  ခဲ့ကြသော နမ့်ခမ်းမြို့နယ်၊မူဆယ်မြို့နယ် ရှိ ဒေသခံ မိဘပြည်သူများ၊ နေရာထိုင်ခင်း နှင့်စားသောက်ဖွယ်ရာများဖြင့် ဧည့်ခံကျွေးမွေးခဲ့ကြသော မူဆယ်မြို့ တအာင်း ရပ်မိ ရပ်ဖနှင့် တအာင်းလူငယ် မောင်မယ်များအား အထူးကျေးဇူး တင်ရှိကြောင်း မှတ်တမ်းတင်ဂုဏ်ပြုအပ်ပါသည်။

ဗဟိုကော်မတီ
P.S.L.F/T.N.L.A
၁ ရက် သြဂုတ်လ ၂၀၁၃ ခုနှစ်

0 comments:

Post a Comment