Monday, August 19, 2013

`တိုက်ပွဲများရပ်ဆိုင်းမှသာအပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးမည်ဟု TNLA ဆို´

အပစ်အခတ်ရပ်စဲရေး လက်မှတ်မထိုးခဲ့ခြင်းမှာ အပစ်အခတ် ရပ်စဲရေး လက်မှတ်ရေးထိုးပြီးမှ တိုက်ပွဲ များပြန်လည်ဖြစ်ပွားလျှင် ငြိမ်းချမ်းရေးအတွက် အထောက်အကူပြုမည် မဟုတ်သောကြောင့်ဖြစ်ကြောင်း၊

နေထက်ဝေ
နမ့်ခမ်း သြဂုတ် ၇



ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီနှင့် တအာင်း(ပလောင်) အမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) တို့ ဇူလိုင် ၃၁ရက်က ငြိမ်းချမ်းရေး ဆွေးနွေးမှုရလဒ်ကို TNLA က ရှမ်းပြည်နယ်(မြောက်ပိုင်း) မန်တုံမြို့နယ် ဆယ်လိန်း ကျေးရွာတွင် ယခုလ ၄ရက်က တအာင်း(ပလောင်) လူထုကို ပြန်လည်တွေ့ဆုံရှင်းလင်း ခဲ့သည်။

ထိုတွေ့ဆုံဆွေးနွေးရာတွင် မိမိတို့ 

+++တအာင်း (ပလောင်)လူထုအနေဖြင့် ငြိမ်းချမ်းရေးကို အမှန်တကယ် လိုလားကြောင်း၊ 

+++အပစ်အခတ်ရပ်စဲရေး လက်မှတ်မထိုးခဲ့ခြင်းမှာ အပစ်အခတ် ရပ်စဲရေး လက်မှတ်ရေး ထိုးပြီးမှ တိုက်ပွဲများပြန်လည်ဖြစ်ပွားလျှင်ငြိမ်းချမ်းရေးအတွက်အထောက်အကူပြုမည်မဟုတ်သောကြောင့်ဖြစ်ကြောင်း၊ 

++++တိုက်ပွဲများ ဆက်လက်မဖြစ်ပွား မှသာ မိမိတို့အနေဖြင့် အပစ်အခတ်ရပ်စဲရေးကို သဘောတူ လက်မှတ်ရေးထိုးသွားမည် ဖြစ်ကြောင်းနှင့် 

+++မိမိတို့တအာင်း(ပလောင်)ဒေသတွင်မူးယစ်ဆေးဝါးထုတ်လုပ် ရောင်းချနေ ခြင်းကိုအစိုးရ၊ နိုင်ငံတကာ အဖွဲ့အစည်းတို့၏အကူအညီဖြင့် ဖြေရှင်းသွားရန် များစွာ လိုအပ်ကြောင်း TNLA အထွေထွေအတွင်းရေးမှူး ဒုတိယဗိုလ်မှူးကြီးတားဘုန်းကျော်က ပြောသည်။

TNLA က မူးယစ်ဆေးဝါးအများအပြား စိုက်ပျိုးထုတ်လုပ်နေသည့် နမ့်ခမ်း၊ ကွတ်ခိုင် စသည့်ဒေသများတွင် ဘိန်းကင်းစင်စေရေး
ဆောင်ရွက်သွားမည်ဟုဆိုသည်။


Source-The Union Daily's status.မှ

0 comments:

Post a Comment