၂၄-သြဂုတ်လ-၂၀၁၃ ခုနှစ်
ကွတ်ခိုင်အခြေစိုက် ခလရ တပ်ရင်း (၄၅) မှ ယနေ့ ၂၄ရက်-သြဂုတ်လတွင် P.S.L.F/T.N.L.A တအန်းတပ်မတော်မှ (တအာင်း)ကျေးရွာများတွင် ကပ်ထားသည့် မူးယစ်ဆေးဝါး တိုက်ဖျက်ရေး ဆိုင်းပုဒ်များကို လိုက်လံဖျက်ဆီးနေကြောင်း မျက်မြင် သက်သေများ ပြောပြချက်အရ သိရှိရပါသည်။
နမ့်ခမ်းမြို့နယ်တွင်တအန်း တပ်မတော်T.N.L.Aမှသြဂုတ်လ၂၂ရက်နေ့တွင် မူးယစ်ဆေးဝါး တိုက်ဖျက်ရေး ဟောပြောပွဲကို ကျယ်နေကျေးရွာတွင် ဒေသခံပြည်သူများကို
ရှင်းလင်းတင်ပြပြီးနောက် တအန်း (ပလောင်)နှင့် မြန်မာစာရေးထားသည့် ဆိုင်းပုဒ်များကို ကျယ်နေကျေးရွာအပါအ၀င် တခြာကျေးရွာများတွင် လည်း ဒေသခံပြည်သူများနှင့်အတူ ရွာအ၀င်အထွက်တွင် ကပ်ထားပြီး သည့် နောက် ယနေ့ ၂၄၊ သြဂုတ်တွင် ကွတ်ခိုင် အခြေစိုက် ခလရတပ်ရင်း (၄၅) စစ်သားများမှ လိုက်လံဖျက် ဆီး ခဲ့ကြောင်း ဒေသခံများမှ ပြောသည်။
ဒေသခံ ဦး... မှ T.N.L.A ကပ်ထားသည့် ဆိုင်းပုဒ်ကို လာဖျက်ဆီးနေတဲ့အထဲမှာ ပန်ဆေးပြည်သူစစ် အဖွဲ့တွေလဲ ပါတယ်..အဲဒီပြည်သူစစ်တွေက ဒေသခံတွေကို ကျနော်တို့ ထိန်းချုပ်တဲ့နယ်မြေမှာ ဘိန်းမစိုက်နဲ့လို့ လာပြီးတာဆီလို့ မရဘူး စိုက်လို့ရတယ်ဟု ပြောပြီး မူးယစ်ဆေးဝါးတိုက်ဖျက်ထားသည့် ဆိုင်းပုဒ်ကို ဖျက်ဆီးလိုက်သည်ဟုပြောသည်။
P.S.L.F/T.N.L.A မှ ဗဟိုကော်မတီဆုံးဖြတ်ချက်အရ ၂၀၁၃-၂၀၁၄ ခုနှစ်တွင် T.N.L.A ထိန်းချုပ်နယ်မြေ အတွင်းရှိ တအန်းကျေးရွာများတွင် မူးယစ်ဆေးဝါးတိုက်ဖျက်ရေး စီးမံကိန်း များကို ထိရောက်စွာ ဆက်လက် အကောင်းအထည်ဖော် ဆောင်နေပြီး ယခင် T.N.L.A မူးယစ်ဆေးဝါးတိုက်ဖျက်ရေး ခရီးစဉ်များတွင် အစိုးရစစ်ကြောင်းများမှ လိုက်လံထိုးစစ် ဆင်းနေခြင်းကြောင့် တအန်းတပ်မတော် T.N.L.A နှင့် မြန်မာစစ်ကြောင်းတို့ မကြာ ခဏ တိုက်ပွဲဖြစ်ပွားနေရကြောင်း သိရှိရပါသည်။
သတင်းနှင့်ပြန်ကြားရေးဌာန
P.S.L.F/T.N.L.A
0 comments:
Post a Comment