၂၄ရက်၊ သြဂုတ်လ ၂၀၁၃
ကွတ်ခိုင်အခြေစိုက် ခလရ တပ်ရင်း ( ၄၅) နှင့် T.N.L.A တပ်ရင်း (၅၂၇) တို့ ယနေ့ ၂၄ရက် သြဂုတ်လ ၃ နာရီ ၁၅ မိနစ်အချိန်တွင် နမ့်ခမ်းမြို့နယ် နမ့်စန့်(တွန်ဟုန်) ကျေးရွာအနီးတွင် နှစ်ဖက်တပ်များ ရင်ဆိုင်တိုက်ပွဲ ဖြစ်ပွားနေကြောင်း သတင်း ရရှိပါသည်။
နမ့်ခမ်းမြို့နယ်တွင် လှုပ်ရှားနေသော T.N.L.A တပ်ရင်း (၅၂၇) တအန်းတပ်ဖွဲ့မှ လူထုစည်း ရုံးရေးနှင့် မူးယစ်ဆေးဝါးတိုက်ဖျက်ရေး စီမံကိန်း အတွက် နမ့်ခမ်းမြို့နယ် နမ်စန့်ကျေးရွာ အနီးတွင် သွားလာ လှုပ်ရှား နေစဉ် ကွတ်ခိုင်အခြေစိုက် ခလရတပ်ရင်း (၄၅)မှ ထိုးစစ် ဆင်းနေမှုကြောင့် နှစ်ဖက်တပ်များ ရင်ဆိုင်တိုက်ပွဲ ဖြစ်ပွားနေရကြောင်း သိရှိရပါသည်။
T.N.L.A တပ်ရင်း (၅၂၇) ဦးဆောင်သည့် ဒု-တပ်ရင်းမှူးမှ ကျနော်တို့ နမ်စန့်ကျေးရွာမှာ မူးယစ်ဆေးဝါး တိုက်ဖျက်ရေး စီမံကိန်းအတွက် လှုပ်ရှာနေတာပါ.. ခလရ တပ်ရင်း (၄၅) မှ ကျနော်တို့ တအန်းတပ်ဖွဲ့ကို ထိုးစစ်ဆင်းလာသောကြောင့် ယနေ့ ၃ နာရီလောက် မှာ နှစ်ဖက်တပ်များ ရင်ဆိုင်တိုက်ပွဲဖြစ်ရတာပါ.. အခုလဲတိုက်ပွဲဖြစ်နေသည့်ဟု ဆက်ပြောသည်။
ယခု သတင်းရေးသာနေသည့်အချိန်တွင် အစိုးရတပ်ရင်းနှင့် T.N.L.A တပ်ရင်း (၅၂၇) တို့ ဆက်လက်တိုက်ပွဲဖြစ်ပွားနေပြီး သေဆုံးဒဏ်ရာ ရရှိမှုကိုတော့ အတိမကျ မသိရသေးဟု ဒု-တပ်ခွဲမှူးမှ ပြောသည်။
သတင်းနှင့် ပြန်ကြားရေးဌာန
P.S.L.F/T.N.L.A
0 comments:
Post a Comment