နန်းတင်ထွေး |
Thursday, 15 August 2013
ပထမဆုံး ငြိမ်းချမ်းရေးဆွေးနွေးမှု ပြီးစီးသော်လည်း အစိုးရတပ်နှင့် ပလောင်တပ်များအကြား
တိုက်ပွဲများ ဖြစ်ပွားမှုများ ရပ်တန့်ရန်မှာ ဆွေးနွေးမှုများ အကြိမ်ကြိမ် ပြုလုပ်မှုသာလျှင် နည်းလမ်း
တစ်ခုဖြစ်ကြောင်း မြန်မာငြိမ်းချမ်းရေးစင်တာမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
"ဆွေးနွေးမှုအကြိမ်ကြိမ် လုပ်ဖို့ပဲရှိတာပဲ။ ကျန်တဲ့နည်းလမ်းတော့ ကျွန်တော်လည်း မစဉ်းစားတတ်
ဘူး"ဟု ငြိမ်းချမ်းရေး အကျိုးဆောင်တစ်ဦးဖြစ် သူ ဦးလှမောင်ရွှေက မြန်မာတိုင်း(မ်) ကို ဩဂုတ်
၁၄ ရက်နေ့က ပြောသည်။
အစိုးရနှင့် တအန်းအမျိုးသားလွတ် မြောက်ရေးတပ်မတော်(TNLA)တို့သည် ဇူလိုင်လ ၃၁ ရက်နေ့
က ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မြို့၌ ပထမဆုံးအကြိမ် ပြည်နယ်အဆင့် တွေ့ဆုံ ဆွေးနွေးခဲ့
ကြသည်။
အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးနိုင်ခြင်းမရှိခဲ့သော်လည်း နောက်ထပ် ဆွေးနွေးမှုများ
ပြုလုပ်သွားမည်ဖြစ်ကြောင်း နှစ်ဖက်ခေါင်းဆောင်များက ပြောကြားခဲ့ကြသည်။
ဇူလိုင်လ ၃၁ ရက်နေ့ ဆွေးနွေးပွဲ အပြီးတွင် ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေးကော်မတီ
ဒုတိယ ဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းက ၁၀ ရက်အတွင်း နမ့်စန်တွင် ဒုတိယအကြိမ်
ဆွေးနွေးမှုပြုလုပ်မည်ဟု ပြောကြားသည်။
ယခုအချိန်မှာ ယုံကြည်မှုတည် ဆောက်နေဆဲ ကာလဖြစ်သည့်အတွက် ယခုကဲ့သို့ တိုက်ပွဲများ
ဖြစ်ပွားမှုမှာ နောက်တကြိမ် ဆွေးနွေးပွဲ ပြုလုပ်နိုင်ရေးအတွက် ကြိုးပမ်းမှုအား ထိခိုက်စေနိုင်
ကြောင်းလည်း TNLA ၏ သတင်းနှင့် ပြန်ကြားရေးအရာရှိ ဗိုလ်ကြီးတာအောင်ကိုက ပြောသည်။
သို့သော် အရှေ့မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် အောင်စိုး၏ ကိုယ်ရေးအရာရှိ
ဖြစ်သူ ဗိုလ်မှူး အောင်ခိုင်စိုးအား ဆက်သွယ်မေးမြန်းခဲ့ရာ တိုက်ပွဲများဖြစ်ပွားခဲ့ခြင်းမရှိကြောင်း
ဖြေကြားခဲ့သည်။
"ဘာမှမဖြစ်ပါဘူး။ အားလုံးအေး အေးဆေးဆေးပါပဲ"ဟု ဗိုလ်မှူး အောင်ခိုင်စိုးက ပြောသည်။
မိုင်းငေါ့မြို့နယ်မှာ ဆွေးနွေးပွဲတွင် TNLA မှ တောင်းဆိုသည့် ပလောင်အုပ်ချုပ်ခွင့်ရဒေသ (၁၃)
မြို့နယ် တောင်းဆိုမှုတွင်လည်း ပါဝင်သည့် မြို့နယ်တစ်ခု ဖြစ်သည်။
Credit-Myanmar Times Journal
TNLA တပ်စခန်းတစ်ခု၌ လုံခြုံရေး တာဝန်ထမ်းဆောင်နေသည့် တပ်သားတချို့အားယခုအစောပိုင်းက တွေ့ရစဉ်။ အောင်ဌေးလှိုင်/မြန်မာတိုင်း(မ်)

0 comments:
Post a Comment