Tuesday, May 28, 2013

TNLA တပ်ရင်း ၁၁၂ နှင့် မြန်မာတပ် ခလရ ၄၅ ရင်ဆိုင်တိုက်ပွဲဖြစ်

၂၈ ရက်၊ မေလ၊ ၂၀၁၃။

တအာင်း (ပလောင်) အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) တပ်ရင်း ၁၁၂၊ တပ်ခွဲ (၂) ရှိရာ သို့ မြန်မာတပ် ခလရ ၄၅ တပ်ဖွဲ့နှင့် ပန်းဆေးပြည်သူ့စစ်အချို့ ထိုးစစ်ဆင်တက်လာသဖြင့် ကွတ်ခိုင်မြို့နယ် ဂျုံနော်ရွာနှင့် သာပန်ကုန်း အကြားတောတွင်းတနေရာတွင် ယနေ့ နေ့လယ် ၁၃း၀၀ နာရီခန့်မှ ၁၄း၀၀ နာရီထိ နှစ်ဖက်ရင်ဆိုင်တိုက်ပွဲဖြစ်ပွားခဲ့ကြသည်။

တအာင်းတပ်ဖွဲ့ရှိရာသို့ ပန်ဆေးပြည်သူ့စစ်နှင့်အတူ နယ်မြေရှင်းလင်းရန်တက်လာသော မြန်မာတပ်ဖွဲ့နှင့် ရင်ဆိုင်တိုက်ပွဲမှာ တနာရီနီးပါးခန့်ကြာပြီး မြန်မာဘက်မှ ထိခိုက်ကျဆုံးမှုကို အတိအကျမသိရှိရသေးပါ။

တအာင်းတပ်ဖွဲ့ တပ်ရင်း ၁၁၂ တပ်ရင်းမှူး ပြောပြချက်အရ တအာင်းတပ်ဖွဲ့မှာ ထိခိုက်ကျဆုံးမှုမရှိပဲ ရန်သူမြန်မာတပ်ဖွဲ့ ပြန်တက်အလာကို ဆက်လက်စောင့်နေဆဲဖြစ်သည်ဟု သိရှိရပါသည်။

တပ်ရင်း ၁၁၂ သည် ပန်းဆေးဒေသအတွင်း မူးယစ်ဆေးဝါးရောင်းဝယ်ထုတ်လုပ်သူများကို ဖမ်းဆီးစစ်ဆေး ချေမှုန်းခြင်းပြုလုပ်နေသဖြင့် ပန်ဆေးပြည်သူ့စစ်မှ မကျေနပ်မှုဖြစ်ပွားကာ မြန်မာတပ်ဖွဲ့နှင့်အတူ လှည့်လည် စစ်ဆင်နေခြင်းဖြစ်ပါသည်။

တအာင်းတပ်ဖွဲ့ တပ်ရင်း ၁၁၂ သည် ၈ ရက်နေ့ အေပြီလတွင် ပန်းဆေးပြည်သူ့စစ်၏ စခန်းတခုဖြစ်သည့် ၀ါရော့စခန်းကို ၀င်ရောက်ရှင်းလင်းခဲ့ပြီး ဘိန်းဖြူ၊ ဘိန်းမဲ၊ ရာမဆေးပြားနှင့် တရုတ်ငွေအချို့ သိမ်းဆည်ရမိခဲ့သည်။

ပန်းဆေးပြည်သူ့စစ်ခေါင်းဆောင် ဦင်္းကျော်မြင့် သည် ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ၏ နမ့်ခမ်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တဦးဖြစ်ပြီး မူးယစ်ဆေးဝါးများကို ၂၀၀၀ ခုနှစ်နောက်ပိုင်းမှ ယနေ့အထိ အရှိန်အဟုန်မြင့် စိုက်ပျိုးထုတ်လုပ်လျှက်ရှိသည်။

ပန်ဆေးပြည်သူ့စစ်သည် အင်အား ၅၀ မှ ၁၀၀ ဝန်းကျင်ခန့်သာရှိသော်လည်း ပန်းဆေးဒေသရှိ ဘိန်းခြံနှင့် ဘိန်းထုတ်လုပ်သော တရုတ်အိမ်တိုင်း တွင် သေနတ်များ ရှိကြသည် ဟု ဒေသခံများကပြောပါသည်။

ပန်းဆေးဒေသတွင် ပန်းဆေးပြည်သူ့စစ်များနှင့်အတူ မြန်မာစစ်တပ် အင်အား ၁၀၀ ကျော် ပုံမှန် လှည့်လည် အခြေချလှုပ်ရှားလျှက်ရှိပါသည်။

သတင်းနှင့်ပြန်ကြားရေးဌာန
ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး-PSLF

0 comments:

Post a Comment