Monday, May 13, 2013

“၀” ပြည်နယ်အစိုးရအဖြစ် စတင်ကျင့်သုံးမည့် “၀” ပြည်သွေးစည်ညီညွတ်ရေးအဖွဲ့၏သဘောထားကို လှိုက်လှဲစွာကြိုဆိုကြောင်း သဘောထုတ် ပြန်ကြေငြာချက်

၂၀၀၉ ခုနှစ် ဇန်န၀ါရီလ ၉  ရက်
 
 နိုင်ငံရေးအပြောင်းအလဲအတွက် အရေးကြီးသော ၂၀၀၉ ခုနှစ် နှစ်သစ်ကူးတွင် နအဖ စစ်အုပ်စု သတ်မှတ် ထားပေးသော အထူးကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသကို ငြင်းဆန်ပြီး၊ဗဟိုအစိုးနှင့် တိုက်ရိုက် ဆက်သွယ်မည့် “၀”ပြည်နယ်အစိုးရအဖြစ် စတင်ကျင်သုံးမည်ဟု အာအဖ်အေ(RFA) သတင်းဌာနမှ ဇန်န၀ါရီလ ၅ ရက်နေ့တွင် ကြေညာထုတ်လွှင့်သွား၍ သိရှိရသည်အပေါ် ပလောင်းပြည်နယ်လွတ် မြောက်ရေးတပ်ဦး မှ “၀” ပြည်သွေးစည်းညီညွတ်ရေးအဖွဲ့၏ ပြတ်သားသောသဘောထား ရပ်တည်ချက်ကို အထူးလိုက်လှဲစွာ ကြိုဆိုပါကြောင်း တပ်ဦးသဘောထားကို ထုတ်ပြန်ကြေငြာ လိုက်ပါသည်။ 


 “၀” ပြည်သွေးစည်းညီ ညွတ်ရေးအဖွဲ့အား အထူးကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းအဖြစ်အမှတ်အသိမှတ်ပြု ပေး သည့် မေလဆန္ဒခံယူပွဲမှ လူထုဆန္ဒကို မတရားလုယူ အတည်ပြုခဲ့သော နာဂစ်ဖွဲ့စည်ပုံ အခြေခံ ဥပဒေကို လက်မခံပယ်ချကာ လူမျိုးတစ်မျိုး၏ အမျိုးသားကိုယ်ပိုင်ပြဌာန်းခွင့် အခွင့်အရေးကို အချိန် ကိုက်ကျင့် သုံးဖော်ထုတ်လိုက်ခြင်းဖြစ်သည်။

 ထိုကဲ့သို့ ပြည်နယ်သစ်အဖြစ် အမျိုးသားရပိုင်ခွင့် အခွင့်အရေးကို ဖော်ဆောင်ရာတွင် ပွင့်လင်းသည့် ဒီမို ကရေစီ အခင်းအကျင်း ရှိသော နိုင်ငံအရေး အခြေနေမျိုးတွင်သာ ဒေသအတွင် အခြေချ နေထိုင် သူများ ထံမှ လွတ်လပ်သည့် လူထုဆန္ဒခံယူပွဲ့ပြုလုပ်၍ စစ်မှန်သော သဘောထားကို ရယူနိုင်မည်ဖြစ် သည်။ 

 သို့သော် ဒီမိုကရေစီဆိတ်သုဉ်းပြီး အာဏာရှင်တို့၏ ဖိနှိပ်မှုတင်းကြပ်နေသော လက်ရှိမြန်မာပြည်၏ နိုင်ငံရေးအခြေနေအောက်တွင်  လူထုဆန္ဒခံယူပွဲမှတဆင့် လူထုရယူရန် မည်သို့မျှမဖြစ်နိုင် ဆိုးရွားတဲ့ နိုင်ငံရေးရာသီဥတုတွင် ယခုကဲ့သို့ လူထု၏စစ်မှန်သော ဆန္ဒနှင့် သမိုင်းတောင်းဆိုမူကို အချိန်ကိုက် ဟန်ချက်ညီစွာဖြင့် “၀” ပြည်သူလူထု ကိုယ်စား “၀“ ပြည်သွေးစည်းညီညွတ်ရေးအဖွဲ့က အမျိုးသား ကိုယ်ပိုင်ရပိုင်ခွင့်ကို ပြတ်သားစွာ ဦးဆောင်လိုက်ခြင်းဖြစ်ပြီး၊ နအဖ ၏နာဂစ် ဖွဲ့စည်းပုံအခြေခံဥပဒေကို လက်မခံနိုင်ကြောင်း ရဲဝံ့စွာ တရားဝင်ကြောငြာလိုက်ခြင်းဖြစ်သည်။

 ထို့အတူ နအဖ စစ်အုပ်စု၏ တရားမျှတမူလျဉ်းမရှိပဲ အမျိုးသားတန်တူညီမျှမူကို အသိမှတ်မပြုသော တဘက်သတ် နိုင်ငံရေးပြောင်းလဲ လမ်းစှုဉ်နှင့် ဖွဲ့စည်းပုံအခြေခံဥပဒေကို လိုက်ပါလက်ခံခြင်း မပြုပဲ ၀ိုင်းဝန်းဆန့်ကျင့်ကာ မိမိတို့၏ အမျိုးသားရပိုင်ခွင့်အပေါ် မှန်မှန် ကန်ကန်ရပ်တည်ကြရန် သက်ဆိုင်ရာ တိုင်းရင်းသားအဖွဲ့စည်းအသီးသီးတို့အားတပ်လှန့်နှိုးဆော်လိုက်ခြင်းလည်း ဖြစ်သည်ဟုပလောင် ပြည်နယ် လွတ်မြောက်ရေးတပ်ဦး၏ သဘောထားကို ရိုးသားရှင်းလင်းစွာ ထုတ်ပြန်ကြေငြာ လိုက် ပါသည်။

ဗဟိုကော်မတီ
ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး(PSLF)
၂၀၀၉ ခုနှစ် ဇန်န၀ါရီလ ၉  ရက်

0 comments:

Post a Comment