၂၉ ရက်၊ ဧပြီလ၊ ၂ဝ၁၃ ခုနှစ်။
ထုတ်ပြန်ချက်အမှတ်။ ဝဝ၄§၀၅§ဌနခ-၁၃
၁။ ၂၀၁၃ ခုနှစ် ဧပြီလ ၂၉ ရက်နေ့သည် တအာင်းအမျိုးသားလွတ်မြောက်ရေးအတွက်
တအာင်းမိဘပြည်သူတို့၏ အသက်၊ သွေး၊ ချွေး၊ စည်းစိမ် မြောက်များစွာဖြင့်ရင်းနှီးတည်ဆောက်ခဲ့သော
“ပလောင်ပြည်နယ် လွတ်မြောက်ရေး တပ်မတော်-P.S.L.A” လက်နက်ကိုင်တပ်ဖွဲ့ကို မြန်မာစစ်အစိုးရက
နိုင်ထက်စီးနင်းအင်အားသုံး လက်နက်ဖြုတ် သိမ်းခဲ့သည့် တအာင်းအမျိုးသားတို့၏ ၀မ်းနည်းဖွယ်ရာနေ့ဖြစ်ပြီး
အမျိုးသားအတွက် ကြီးမားသည့် ဆုံးရှုံးမှု လည်း ဖြစ်ပါသည်။
၂။ လွန်ခဲ့သော ၂၀၀၅ ခုနှစ် ဧပြီလ ၂၉
ရက်နေ့၌ လက်ရှိ သမ္မတ ဦးသိန်းစိန် - ယခင် မြန်မာစစ်အစိုးရ ဒုဝန်ကြီးချုပ် ဒုဗိုလ်ချုပ်ကြီးသိန်းစိန်နှင့်
လက်ရှိ ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးဖော်ဆောင်ရေးလုပ်ငန်း အဖွဲ့ ခေါင်းဆောင် တဦး
ဖြစ်သည့် ဦးအောင်မင်းယခင်ဗိုလ်ချုပ်အောင်မင်းတို့ကိုယ်တိုင်ဦးဆောင်ပါဝင်ပြီး၊ နိုင်ငံရေးပြဿနာဖြေရှင်းခြင်း
မပြုဘဲ ပလောင်တပ်ဖွဲ့ဌာနချုပ် မန်တုံမြို့တွင်P.S.L.A လက်နက်များကို အတင်းအဓမ္မသိမ်းယူခဲ့ပါသည်။
၃။ ဒုဗိုလ်ချုပ်ကြီးသိန်းစိန်သည် ထိုလက်နက်အပ်ပွဲ
အခမ်းအနားတွင် ပလောင်ဒေသအတွက် ကတိအမျိုးမျိုးပေး ခဲ့ သော်လည်း လက်ရှိတွင်မူ တအာင်းပလောင်ဒေသတွင်
ကချင်၊ ရှမ်း၊ တအာင်း လက်နက်ကိုင် စုပေါင်း တပ်နှင့် မြန်မာတပ်ဖွဲ့အကြားလက်နက်ကိုင်တိုက်ပွဲများပြင်းထန်စွာဖြစ်ပွားနေပြီး
ပြည်တွင်းစစ်မီး တောက်လောင်ကာ ကူညီသူမဲ့ စစ်ဘေးဒုက္ခသည်များနေ့စဉ်တိုးပွားနေပါသည်။ ထို့အတူ
မူးယစ်ဝါးပြဿနာ၊ စီးပွားရေးကျပ်တည်း မှုပြဿနာ၊ လူမှုရေး၊ ပညာရေး၊ ကျန်းမာရေး ပြဿနာအသီးသီး
တို့နှင့်ရင်ဆိုင်နေရလျှက်ရှိပြီး ဖွံ့ဖြိုးမှု
အလွန် နောက်ကျလျှက်ရှိပါသည်။
၎။ ပြည်သူ့စစ်မဟာဗျူဟာချမှတ်အကောင်အထည်ဖော်နေသော
မြန်မာအစိုးရသည်ပန်ဆေးကျော်မြင့်၊ဦးတီခွန်မြတ် ကဲ့သို့ မူးယစ်ရာဇာများ၊ ဆိုးသွမ်းသောသူများကို
လက်နက် တပ်ဆင်မြှောက်ပင့်ပေးပြီး ပြည်သူ့စစ်ဖွဲ့စည်းပေးလျှက် ရှိပါသည်။ထို မြန်မာအစိုးရလက်အောက်ခံ
ပြည်သူ့စစ်များသည်မူးယစ်ဆေးဝါးစိုက်ပျိုးထုတ်လုပ်ရောင်းဝယ်ခြင်း၊ ဒေသခံပြည်သူများကိုဗိုလ်ကျအနိုင်ကျင့်ခြင်းတို့ပြုလုပ်နေကြပြီး၊
မြန်မာစစ်ကြောင်းများနှင့်အတူ ရှေ့တန်းလမ်းပြ အဖြစ် လိုက်ပါကြရကာ တိုင်းရင်းသားလူမျိုးအချင်းချင်း
လက်နက်ကိုင်ပဋိပက္ခဖြစ်စေရန် ဖန်တီးဖော်ဆောင်နေပါ သည်။
၅။ မြန်မာအစိုးရအနေဖြင့်တိုင်းရင်းသားအဖွဲ့အစည်းများနှင့်ညှိနှိုင်းကာ
မြန်မာပြည်ငြိမ်းချမ်းရေးတည်ဆောက်မည်ဟု ဆက်တိုက်ပြောဆိုနေသော်လည်း၊ လက်တွေ့တွင်မူ မြန်မာတပ်မတော်မှာ
တအာင်း၊ ကချင်နှင့် ရှမ်း အစရှိသော တိုင်းရင်းသားဒေသအသီးသီးတို့တွင် ဆက်တိုက်စစ်အင်အားတိုးချဲ့လှုပ်ရှားနေပါသည်။ထိုကြောင့်ယခင်စစ်အစိုးရ၏
မူပေါ်လစီအတိုင်း တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များကိုအပြတ်ချေမှုန်းရေးဆောင်ရွက်နေသော
မြန်မာအစိုးရ၏ ထိုးစစ်ကို မိမိတို့ တိုင်းရင်းသားမိဘပြည်သူများအားလုံး သတိရှိရှိဖြင့်
စည်းလုံးညီညွတ်စွာ ရင်ဆိုင်ခုခံကြပါရန် တိုက်တွန်း နှိုးဆော်ရင်း တအာင်းအမျိုးသားတို့၏၀မ်းနည်းဖွယ်ရာနေ့
တွင်ပလောင်ပြည်နယ်လွတ်မြောက်ရေး တပ်ဦး ၏ သဘောထားကို ထုတ်ပြန်လိုက်ပါသည်။
“ဘ်ုပ်ဘိုန် ကုင်တအာင်း”
ဗဟိုကော်မတီ
ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး
- P.S.L.F
0 comments:
Post a Comment