သွေးနဲ့ရေးတဲ့ သစ္စာ
တပေါင်း တန်ခူး မြောက်လေမြူး
မိုးဖွဲ့လေးကျ
တအာင်းမေပျို စိတ်အေးချမ်းမြ…
တပေါင်း တန်ခူး မြောက်လေရူးနဲ့ သတင်းငှက်ဆိုး ရင်ဝထိုးသည်
ငါ့ရွာမှာကော သူ့ရွာမှာပါ
တအာင်းမြေမှာ သွေးချင်းချင်းနီရဲ …။
ရှမ်းပြည်မှာ ရှမ်းတပ်တွေ တပ်စွဲတာ…
ရှမ်းပြည်မှာ ရှမ်းတပ်တွေ တိုးချဲ့တာ …သဘာဝကျ တရားတယ်ဆိုပေမဲ့
ပြည်နယ်မဲ့ တအာင်းမြေက ရှမ်းပြည်ထဲ။
တအာင်းပျိုမေရေ …
မျည်ရည်စတွေ ကြွေကျ မြေခပါစေ
တအာင်းမြေကိုတော့ မြေမခစေနဲ့
အမေအိုနဲ့ ကလေးငယ်ရဲ့ မနက်ဖြန် အသစ်ပြန်စဖို့
ငါတို့သွေးတွေ နီရဲရဲ …။
ဖိုမ်ငါမ် (ကုင်ဆိုရ်မျံမ်)
၁၅-၀၃-၂၀၁၂
၁၅း၁၅ နာရီ
0 comments:
Post a Comment