Thursday, July 25, 2013

T.N.L.A တပ်ရင်း ၁၁၂ နှင့် ပန်ဆေးပြည်သူ့စစ်တို့ ရင်ဆိုင် တိုက်ပွဲဖြစ်

၂၆-ဇူလိုင်လ-၂၀၁၃ ခုနှစ်



တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA တပ်ရင်း ၁၁၂ နှင့် ပန်ဆေးပြည်သူ့စစ်အဖွဲ့တို့ ဇူလိုင်လ၂၅ ရက် ညနေပိုင်း ၅နာရီခွဲမှ ၆ နာရီခွဲ အထိ ရင်ဆိုင်တိုက်ပွဲဖြစ် ပွားကြောင်း သတင်းရရှိ ပါသည်။

 TNLA တပ်ရင်း ၁၁၂ တပ်ရင်းမှ ကွတ်ခိုင်မြို့နယ် ကန်ပါဖိုကျေးရွာ ထဲတွင် ၂၀၁၃-၂၀၁၄ခုနှစ် အတွင်း ဘိန်းတိုက်ဖျက်ရေးစီမံကိန်းလိုက်လံဟောပြောပွဲ ပြုလုပ်နေသည့်အချိန်တွင် ပန်ဆေးပြည်သူ့စစ် အဖွဲ့နှင့် တစ်နာရီကျော် ရင်ဆိုင်တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရှိရပါ သည်။

TNLA-၁၁၂ တပ်ရင်းမှုးမှ ကျနော်တို့ ဘိန်းတိုက်ဖျက်ရေးစီမံကိန်း အတွက် ဒေသခံများနှင့်ဆွေနွေးပွဲ လုပ်နေတဲ့အချိန် ပန်ဆေးပြည်သူ့စစ်အဖွဲ့နဲ့ ညနေ့ပိုင် ၅ နာရီခွဲကနေ ၆နာရီခွဲအထိ ရင်ဆိုင် တိုက်ပွဲဖြစ် သည်ဟုပြောသည်။

၂၅ရက်နေ့ ညနေ့ပိုင်း TNLA တပ်ရင်း ၁၁၂ နှင့် ပန်ဆေးပြည်သူ့စစ် တို့ ဖြစ်ပွားခဲ့သော တိုက်ပွဲ တွင် သေဆုံးဒဏ်ရာရစာရင်းကိုတော့ အတိအကျ မရရှိကြောင်း တပ်ရင်းမှုးမှ ဆက် လက်ပြောပြပါသည်။

တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA မှ ၂၀၁၃-၂၀၁၄ ခုနှစ် တအာင်း နယ်မြေအတွင်း မူးယစ်ဆေးဝါး တိုက်ဖျက်ရေးစီမံကိန်းကို ဆက်လက်တိုးမြှင့် လုပ်ဆောင် သွားမည်ဖြစ်ကြောင်း သိရပါ သည်။


သတင်းနှင့်ပြန်ကြားရေးဌာန

P.S.L.F/T.N.L.A

0 comments:

Post a Comment