Thursday, July 25, 2013

ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦးနှင့် ငြိမ်းချမ်းရေးအဖွဲ့ တွေ့ဆုံမည်



ဇူလိုင် ၂၅ ရက် ၂၀၁၃
သတင်းထောက်-နော်နိုရင်း

ငြိမ်းချမ်းရေးအတွက် ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး-PSLFနှင့် အစိုးရငြိမ်းချမ်းရေးအဖွဲ့ တို့ တွေ့ဆုံဖို့ စီစဉ်နေတယ်လို့ PSLF ရဲ့ ဥက္ကဌ တာအိုက်ဖုန်းက ပြောပါတယ်။

သူတို့အနေနဲ့အစိုးရငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့နဲ့ဒီလမကုန်ခင် တွေ့ဆုံနိုင်ဖို့ရှိပြီး လက်ရှိမှာလည်း တွေ့ဆုံနိုင်ဖို့ နေရာဒေသ၊ လုံခြုံရေး နဲ့ဆွေးနွေးမှုတတ်ရောက်မယ့် ပုဂ္ဂိုလ်စာရင်းတွေကို ညှိနှိုင်းနေဆဲပဲ လို့ ပြောပါတယ်။

'' အကျိုးဆောင်လုပ်ပေးတဲ့လူနဲ့ ကျနော်တို့ တာဝန်ရှိတဲ့ ပုဂ္ဂိုလ်တွေနဲ့ ညှိနှိုင်းပြီးတော့ နေရာဒေသရယ်၊ လုံခြုံရေးရယ်၊ ကိုယ်စားလှယ်တွေ့ရဲ့ အမည်စာရင်းတွေရယ်၊ အဲဒါ အကျိုးဆောင်တွေကနေ တဆင့်ညှိနှိုင်းနေပါ တယ်။ ဘယ်နေ့ဘယ်ချိန်လောက် ဖြစ်မလဲဆိုတာတော့ အတိအကျပြောလို့ မရသေးဖူး။ ဒါပေမယ့် ဦးအောင်မင်း ဘက်က ပြောတာတော့ ဒီလကုန် မဖြစ်ဖြစ်အောင် သူက ကြိုးစားမယ်လို့တော့ အကျိုးဆောင် ကနေ တဆင့် ပြောတာတော့ရှိတယ်။အစိုးရငြိမ်းချမ်းရေးအဖွဲ့နဲ့တွေ့ဆုံတဲ့အခါမှာ နိုင်ငံရေး၊ စစ်ရေးနဲ့ နယ်မြေပြဿနာတွေကို တင်ပြ ဆွေးနွေး သွားမယ်လို့ပြောပါတယ်။''

အဓိကတော့အခုဖြစ်နေတဲ့ နိုင်ငံရေးပြဿနာ၊စစ်ရေးပြဿနာ၊ဒေသတွင်းပြဿနာအဲဒါတွေကို ဆွေးနွေး မှာပေါ့။ ဆွေးနွေးတယ်ဆိုတာတော့ နှစ်ဖက်စလုံးပေါ်မှာ မူတည်ပြီးတော့ ဘာဆွေးနွေးမယ် ဆိုတာစပြီးတော့ ညှိနှိုင်း မှာပေါ့လေ။ အဆင့်ဆင့်နဲ့ ဘယ်လိုသွားမလဲဆိုတာတော့ ဆွေးနွေးမှု အပေါ်မှာလည်း မူတည်ပါတယ်။

အဓိက ဒေသတည်ငြိမ်ရေးနဲ့ နိုင်ငံရေးပြဿနာကို ဘယ်လိုဖြေရှင်းမလဲ ဆိုတာ အဓိကထားဆွေးနွေးမှာပါ။

ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး-PSLF ဟာ လက်ရှိတပ်ရင်း (၇)ရင်းရှိပြီး တပ်သား (၂)ထောင်လောက်ရှိတယ်လို့ပြောပါတယ်။

ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းဦးဆောင်တဲ့ အစိုးရငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့ဟာ ကချင်၊ ကယား၊ကရင်၊ရှမ်း၊မွန်နဲ့ချင်းအစရှိတဲ့ တိုင်းရင်းသားအဖွဲ့တွေနဲ့ တွေ့ဆုံဆွေးနွေးပြီးအပစ်အခတ်ရပ်စဲရေးတွေ ပြုလုပ်ကြပေမယ့်ပလောင်နဲ့ကတော့ဒါပထမဆုံးကြိမ်တွေ့ဆုံမှာ ဖြစ်ပါတယ်။


ဇူလိုင် ၂၃ ရက်နေ့ကတအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်-TNLA တပ်ရင်း (၁၀၁) နဲ့ အစိုးရတပ်တို့အကြား ရှမ်းပြည်နယ် မန်တုံမြို့နယ် ပန်ကန်ကျေးရွာနားမှာ ရင်ဆိုင်တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သတင်းထုတ်ပြန်ထားပါတယ်။

အရင်းမြစ်-DVB သတင်းဌာန

0 comments:

Post a Comment