Friday, June 21, 2013

T.N.L.A-K.I.A ပူးပေါင်းတပ်တို့ မြန်မာစစ်တပ်နှင့် ရင်ဆိုင်တိုက်ပွဲဖြစ်


.................................................................................................
ဇွန်လ- ၂၂ရက်-၂၀၁၃

T.N.L.A- KIA ပူးပေါင်းတပ်နှင့် မြန်မာစစ်တပ်တို့ ယနေ့ ၂၂ရက်နေ့ မနက်ပိုင် ၈နာရီအချိန်တွင် ကွတ်ခိုင်မြို့နယ်ရှိ ပိန်းပွန်ကျေးရွာအနီးတွင် နှစ်ဖက်တပ်များ ရင်ဆိုင်တိုက်ပွဲဖြစ် ပွားေ နကြောင်း သိရှိရသည်။
ယနေ့နံနက် ၈နာရီအချိန်ကနေစပြီး နှစ်ဖက်တပ်များ ရင်ဆိုင်တိုက်ပွဲဖြစ်တယ်..ဒီမနက် ၈ နာရီကနေ ၈ နာရီခွဲ အထိ နာရီဝက်လောက် တိုက်ပွဲဖြစ်နေသည်ဟု T.N.L.A တပ်ရင်း ၁၀၁ အရာရှိတစ်ဦးမှ ပြောသည်။

မြန်မာစစ်တပ်နှင့် T.N.L.A-K.I.A ပူပေါင်းတပ်တို့ မိနစ် ၃၀ ခန့် ရင်ဆိုင်တိုက်ပွဲဖြစ်ရာ တွင် မြန်မာစစ်တပ်ဖက်မှ မည်သည့်တပ်ရင်းဖြစ်သည်ကို အသေးစိတိရရှိသေးကြောင်း ကွတ်ခိုင်မြို့နယ် ပိန်းပွန်ရွာသည် KIA တပ်မဟာ ၄ ထိန်းချုပ်နယ်မြေဖြစ်ပြီ T.N.L.Aနှင့်K.I.A ပူးပေါင်းတပ်များ လှုပ်ရှားရာ ဒေသဖြစ်သည်။

ဇွန်လ-၂၁ရက်နေ့တွင် လားရှိုးမှ မြန်မာစစ်တပ် စစ်ကား အစီး ၂၀ ကျော် ရှမ်းမြာက်ဖက်သို့ ထွက်ခွာလာခဲ့ပြီး မနေ့ည ၉ နာရီအချိန်တွင် နမ့်ခမ်းမြို့သို့ စစ်ကား အစီး ၂၀ ကျော်ရောက် ရှိလာပြီး မန်ဝိန်ကြီးဖက်သို့ စစ်ကား ၁၁စီး ခြေလျင်ဖြင့် စစ်သား ၂၀၀ ကျော် ပြန်လည်းထွက်ခွာသွားကြောင်း သတင်းရရှိပြီး ကျန်သည့်စစ်ကား ၁၂ စီးမှာ နမ့်ခမ်းမြို့တွင် ရှိနေကြောင်း သိရှိရပါသည်။

ယခု သတင်းရေးသာချိန်တွင်လည် နှစ်ဖက်တပ်များ ဆက်လက်ရင်ဆိုင် တိုက်ပွဲဖြစ် ပွားနေကြောင်း သိရှိရပါ သည်။

သတင်းနှင့်ပြန်ကြားရေးဌာန
P.S.L.F/T.N.L.A

0 comments:

Post a Comment