Friday, June 21, 2013

ရှမ်းမြောက်သို့ မြန်မာအစိုးရမှ စစ်ကား ၂၀ ကျော်ဖြင့် စစ်အင်အားထပ်မံတိုးချဲ့နေ

ဇွန်လ-၂၁-၂၀၁၃

T.N.L.A ထိန်းချုပ်နယ်မြေအတွင်းသို့ မြန်မာအစိုးရမှ စစ်အင်အားအပြည့်ဖြင့် ယနေ့ ဇွန်လ-၂၁ရက်နေ့တွင် လားရှိုးမှ ကွတ်ခိုင်မြို့နှင့် နမ့်ခမ်းမြို့နယ်ဖက်သို့ ကားအစီး ၂၀ ကျော်ဦး တည်မောင်းလာနေကြောင်း ကားသမာများ ပြောပြချက်အရ သိရှိရသည်။

ဒီနေ့ညနေပိုင် ၅ နာရီကျော်လောက်မှ နမ့်ခမ်းမြို့ကို စစ်ကား ၄ စီး ရောက်လာ တာတွေ့ရ တယ်..ည ၉ နာရီကျော် လောက်မှာတော့ ၁၉ စီးထပ် မံရောက်လာပြီး ယခု စုစုပေါင်း ၂၃စီး နမ့်ခမ်းကိုရောက်နေတယ်၊ ပြီတော့ နမ့်ခမ်းမှတစ်ဆင့် ကချင်ပြည်နယ် မန်ဝိန်းကြီးဘက်သို့ စစ်ကား ၁၁ စီးအပြင် ခြေလျင်ဖြင့်စစ်သား ၂၀၀ ကျော်လောက် ဆက်လက်ထွက်သွား သည့်ဟု ဒေသခံများမှပြောသည်။
မန်ဝိန်ကြီးဖက်သို့ စစ်ကား ၁၁စီးနှင့် ခြေလျင်ဖြင့် စစ်သား ၂၀၀ ကျော် ယနေ့ည ညအချိန် ၉ နာရီကျော်အချိန်တွင် ထွက်ခွာသွားကြောင်း သိရှိရသည်။ ကျန်သည့်ကား ၁၂ စီးမှာ နမ့်ခမ်းမြို့တွင် ရှိနေပြီ မည်သည့် တိုင်းရင်းသားလက်နက် ကိုင်ထိန်းချုပ်နယ်မြေအတွင်းသို့ ထွက်သွားမည်ကို မသိရှိရသေးကြောင်း သိရှိရပါသည်။

T.N.L.A စစ်ဖက်ရေးရာဗိုလ်မှူးတစ်ဦးမှ ကျန်သည့်စစ်ကားတွေကတော့ T.N.L.A ထိန်းချုပ် နယ်မြေဘက်ဖြစ်သည့် မိုင်းဝီဘက်ကို ဆက်သွားမည့်အခြေအနေရှိတယ်၊ သူတို့က ကျနော် တို့ ထိန်းချုပ်နယ်မြေဘက်သို့ စစ်အင်အားထပ် မံဖြည့်စွက်ပြီး ထိုးစစ်ဆင်ဖို့ ရှိသလို စစ် ပွဲတွေလည် ပြင်းထန်နိုင်မည့် သဘောရှိသည်ဟု သုံးသပ်ပြော ဆိုသည်။

မြန်မာစစ်တပ်နှင့် T.N.L.A တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော်တို့ ဇွန်လအတွင်းတွင် တိုက်ပွဲများ ပြင်းထန်လျက်ရှိနေပြီး ဇွန်လ ၁၈ရက်မှ ၁၉ရက်အတွင်း ကွတ်ခိုင်မြို့နယ်ရှိ ငေါ့ငါးကျေးရွာတွင် ကွမ်လုံအခြေစိုက် တပ်ရင်း ၁၄၅ နှင့် T.N.L.A တပ်ရင်း၁၁၂တို့မှ ၂ ရက်ဆက်တိုက် တိုက်ပွဲဖြစ် ပွားခဲ့ခြင်းေ ကြာင့် ဒေသခံစစ်ပြေးဒုက္ခသည် ၁၀၀ ကျော်မှာ တောင်ယာသို့လည်းကောင်း ကွတ်ခိုင်မြို့ နယ်ရှိ တခြားကျေးရွာများသို့ ထွက်ပြေး တိမ်းရှောင်နေရကြောင်း သိရှိရပါသည်။


သတင်းနှင့်ပြန်ကြားရေးဌာန
P.S.L.F/T.N.L.A

0 comments:

Post a Comment