Monday, July 21, 2014

မန္တလေးတိုင်းဒေသကြီး မိုးကုတ်နယ်တွင် ရွှေညောင်ပင်ကျေးရွာ အတွင်း မြန်မာစစ်တပ် တို့ သေနတ် ပစ်ခတ်မှုကြောင့် ကျေးရွာပြည်သူများထိခိုက်ဒဏ်ရာရ

၂၁ ရက် ဇူလိုင်လ ၂၀၁၄ ခုနှစ်

မန္တလေးတိုင်းဒေသကြီး မိုးကုတ်နယ် ရွှေညောင်ပင်ရွာနှင့် ဆိုင်းလိန်ရွာအကြားတွင် တအန်းတပ်မတော်TNLA တပ်မဟာ (၂) အောက်ရှိ တပ်ရင်း (၅၂၇)နှင့် မြန်မာစစ်တပ် ခလရ (၇၁)တို့

၂၀ ရက် ဇူလိုင်လ ၂၀၁၄ ခုနှစ် ၁၄း၄၀ မှ ၁၄း၅၅ အထိ ဖြစ်ပွားသော တိုက်ပွဲ အပြီးတွင် မြန်မာစစ်တပ်မှ တပ်ရင်းမှူးဗိုလ်မှူး စိုးအောင် ဦးဆောင်သော ခလရ (၇၁) တပ်ဖွဲ့သည် ၁၈း၅၅ နာရီ အချိန်ခန့် ရွှေညောင်ပင်ကျေးရွာ အတွင်းသို့ ၀င်ရောက်ပြီး

ကျေးရွာအုပ်ချုပ်ရေးမှူး ဦးအောင်အေး အား ခေါ်ယူရိုက်နက်ကာ ကျေးရွာအတွင်း လက်နက်ငယ်များ ရမ်းကား ပစ်ခတ်မှုကြောင့် ရွှေညောင်ပင်ကျေးရွာနေ ဒေါ်ယာအငွေ (၈၀)နှစ်၊ ဒေါ်စောမြ(၄၅)နှစ်၊ မောင်ထွန်းအောင် (၁၅)နှစ် တို့ (၃)ဦးအား သေနတ်ထိမှန် အသီးသီး ဒဏ်ရာရရှိ ခဲ့ကြောင်းသိရှိရသည်။

မြန်မာ့စစ်တပ်မှ ရွှေညောင်ပင် ကျေးရွာအုပ်ချုပ်ရေးမှူးအား ဖမ်းဆီးခေါ်ဆောင် သွားကာ ယခုထိ နေအိမ်သို့ပြန်လည်ရောက်ရှိမှုမရှိသေးဘဲ မိသားစုနှင့်အဆက်အသွယ် ပြတ်တောက်လျက်ရှိသည်။

သတင်းနှင့်ပြန်ကြားရေးဌာန
PSLF/TNLA
၀၉၄၉၃၁၄၉၅၁၊ ၀၉၄၇၀၉၇၇၇၂၊ ၀၉၂၅၆၄၆၅၆၈၁၊ ၀၆၉၂၆၂၂၄၈၅၈

0 comments:

Post a Comment