Monday, July 21, 2014

၁၉ ရက် ဇူလိုင်လ ၂၀၁၄ ခုနှစ် မြန်မာ့စစ်တပ်မှ တအန်းတပ်မတော်အား ပြင်းထန်စွာ ထိုးစစ်ဆင် နောက်ဆက်တွဲသတင်း

၂၀ ရက် ဇူလိုင်လ ၂၀၁၄ ခုနှစ်

ယနေ့ နံက် ၀၅း၃၀ ခန့်တွင် မြန်မာစစ်တပ်မှ တအန်းတပ်မတော် တပ်မဟာ(၁)အား ထပ်မံ တိုက်ခိုက်နေသည်။ တိုက်ပွဲမှာ ၀၅း၃၀ မှ ၀၆း၃၀ အထိ တစ်နာရီကျော် အပြန်အလှန် ပစ်ခတ်ကြပြီး တိုက်ပွဲငြိမ်သက်သွားခဲ့သည်။

ထိုနောက် ၀၈း၀၀ အချိန်အတွင် မြန်မာတပ်မှ ထိုးစစ်တိုးမြှင့်ပြီး ပစ်ခတ်မှုများ ပြန်လုပ်လာနေသည့်အတွက် ဤသတင်းထုတ်ပြန်နေသည့်အချိန်အထိ သေနတ်သံများ ကြားရနေဆဲဖြစ်သည်။
မြန်မာစစ်တပ်မှာ ယမန်နေ့ညက မိုင်းဝီးကျေးရွာဘက်တွင် တက်လာသည့် မြန်မာစစ်တပ်မှာ ခလရ (၂၂) ဆိုင်ခေါင်တန်းယန်းတပ်ရင်းနှင့် သီပေါအခြေစိုက် ခလရ (၂၃) တပ်ရင်းအပြင် နမ့်ခမ်းအခြေစိုက် ခလရ (၁၄၄)မှလည်း လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်နေသည်။

ခလရ (၁၄၄)မှ ပစ်ခတ်လိုက်သည့် လက်နက်ကြီး ၂ လုံး မန်ပူးရွာထဲတွင် ကျရောက်ပြီး လူနေအိမ် အနည်းဆုံး ၃ အိမ်မှ ၅ အိမ်အထိ ပျက်စီးသွားသည်။ ပစ်ခတ်လိုက်သည့် လက်နက်ကြီးမှာ အနည်းဆုံး အကြိမ် ၂၀ ပစ်ခတ်တိုက်ခိုက်နေတာဖြစ်ပြီး ၂ လုံးမှာ ရွာထဲတွင် ကျရောက်ခဲ့သည်။ လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်မှု ကြောင့် ရွာသားများ စိုးရိမ်လန့်ဖြန့်နေကြပြီး၊ လက်နက်ကြီးကြောင့် ရွာသားများ ထိခိုက်မှုအခြေအနေကား မသိရသေးပါ။

ယမန်နေ့ညတွင်လည်း ည ၈း၃၀ မှ ၉း၃၀ တွင်တစ်ကြိမ်နှင့် ည ၁၀း၀၀ နာရီမှ ၁၁း၀၀ အထိတစ်ကြိမ် တိုက်ပွဲဖြစ်ပွားခဲ့ပြီး ယနေ့နံက် ၀၅း၃၀ နာရီခန့်မှာ တိုက်ပွဲဆက်လက်ဖြစ်ပွားနေခြင်းဖြစ်သည်။
တိုက်ပွဲများ ပြင်းထန်သည့်အတွက် နှစ်ဘက် ထိခိုက်မှုများ ရှိပြီး ထိခိုက်ကျုံးမှုစာရင်းအတိအကျကား မသိရသေးပါ။

သတင်းနှင့်ပြန်ကြားရေးဌာန
PSLF/TNLA
၀၉၄၉၃၁၄၉၅၁၊ ၀၉၄၇၀၉၇၇၇၂၊ ၀၉၂၅၆၄၆၅၆၈၁၊ ၀၆၉၂၆၂၂၄၈၅၈

0 comments:

Post a Comment