၁၉ ရက် ဇူလိုင်လ ၂၀၁၄ ခုနှစ်
နမ်းခမ်းမြို့နယ် မန်ပူးရွာတွင် တအန်းတပ်မတော် တပ်မဟာအမှတ် (၁)မှ
လူထုတွေ့ဆုံပွဲနှင့် နယ်မြေစိုးမိုးရေး ၀င်ရောက် လှုပ်ရှားနေစဉ်အတွင်း
ယနေ့ည ၈း၃၀တွင် မိုင်းဝီးနယ်မှ တတ်လာသည့် မြန်မာစစ်တပ်မှ လာရောက်
ပစ်ခတ်တိုက်ခိုက်ခဲ့သည်။
တအန်းတပ်မတော် တပ်မဟာအမှတ် (၁)သည်
လွန်ခဲ့သည့် ဇူလိုင်လ ၁၇ ရက်နေ့ကတည်းကပင် မန်ပူးရွာတွင် လာရောက်ပြီး
ကျေးရွာလူထုများနှင့် တွေ့ဆုံပြီး နယ်မြေစိုးမိုးရေး၊ ကျေးရွာအုပ်စုအတွင်း
မူးယစ်ကင်းစင်ရေး လှုပ်ရှားမှုးများ ဖော်ဆောင်နေခဲ့ပြီး မြန်မာစစ်တပ်မှ
မန်ပူးရွာနှင့် မဝေးသော မိုင်းဝီးကျေးရွာတွင် စစ်ကြောင်းတစ်ကြောင်း၊
ပန်ဆေးကျော်မြင့် တောင်ကုန်းတွင် စစ်ကြောင်းတစ်ကြောင်း လာရောက်
ယာယီအခြေစိုက်နေပြီး ယခုညတွင် တအန်းတပ်မတော်အား ၀င်ရောက် ပစ်ခတ်
တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ မန်ပူးရွာအနီးတွင် မြန်မာ့စစ်တပ် ခလရ
တပ်ရင်းအမှတ် (၁၄၄)လည်း အခြေစိုက် တပ်ရင်း စခန်းတည် ရှိထားသည်။
တိုက်ပွဲမှာ ည ၈း၃၀ မှ ၉း၃၀ အထိ တစ်နာရီအကြာ မန်ပူးရွာအနီး
ဘုရားစေတီကုန်းတွင် တိုက်ပွဲဖြစ်ပွားခဲ့ပြီး သေနာတ်သံများ တိတ်ဆိတ်
သွားခဲ့သည်။
ထိုနောက် ည ၁၀း၀၀ နာရီအချိန်ခန့်တွင်
မန်ပူးရွာအောက်ရှိ လွယ်ချက်ရွာအနီးတွင်လည်း တအန်းတပ်မတော် တပ်မဟာ (၁)
လက်အောက်ခံတပ်ရင်းအမှတ် (၄၇၈ ) နှင့် လည်း
ထိပ်တိုက်ရင်ဆိုင်တိုက်ပွဲဖြစ်ပွားနေပြီး ဤသတင်းရေးသားနေချိန်အထိ
လက်နက်ကြီး လက်နက် ငယ်ပစ်ခတ်သံများ ကြားနေရဆဲဖြစ်သည်။
တိုက်ပွဲဖန်တီး၍ လာရောက်ပစ်ခတ်တိုက်ခဲ့သော မြန်မာစစ်တပ်မှာ ခလရ (၂၂)
ဆိုင်ခေါင်တန်းယန်းတပ်ရင်းနှင့် သီပေါအခြေစိုက် ခလရ (၂၃)
တပ်ရင်းတို့ဖြစ်သည်ဟု သိရသည်။
တိုက်ပွဲအတွင်း
နှစ်ဘက်ထိခိုက်မှုအခြေအနေကား ညတိုက်ပွဲဖြစ်သည့်အပြင် မိုးလည်း ပြင်းထန်စွာ
ရွာသွင်း နေခိုက်လည်းဖြစ်သည့်အတွက် အခြေအနေ မသိရသေးပါ။
သတင်းနှင့်ပြန်ကြားရေးဌာန
PSLF/TNLA
၀၉၄၉၃၁၄၉၅၁၊ ၀၉၄၇၀၉၇၇၇၂၊ ၀၉၂၅၆၄၆၅၆၈၁၊ ၀၆၉၂၆၂၂၄၈၅၈
Sunday, July 20, 2014
တရုတ်နယ်စပ် နမ်းခမ်းနယ်တွင် မြန်မာစစ်တပ်မှ တအန်းတပ်မတော်အား ၀င်ရောက်ပစ်ခတ်တိုက်ခိုက်
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment