၂၀ ရက် ဇွန်လ ၂၀၁၄ ခုနှစ်
တအာင်းဒေသ၊ ကျောက်မဲမြို့နယ်၊ လွယ်ဆာကျေးရွာနှင့် မင်းကုန်းကျေးရွာ ကြားတွင် ဇွန်လ ၁၈ ရက်နေ့ နေ့လည် ၁၂း၂၀ မှ ၁၂း၅၀ နာရီ အချိန်ထိ တအာင်းတပ်မတော် (TNLA)ဗျူဟာ(၂) ကွပ်ကဲမှု လက်အောက်ရှိ တပ်ရင်း(၅၂၇) နှင့် မြန်မာ့တပ်မတော် တပ်မ(၇၇) တို့ဖြစ်ပွါးသော နှစ်ဘက် ရင်ဆိုင်တိုက်ပွဲအပြီးတွင် မြန်မာ့တပ်မတော်မှ ရန်သူမရှိဘဲ ကျေးရွာလူထုသာ နေထိုင်သော လွယ်ဆာကျေးရွာ အတွင်းသို့ လက်နက်ကြီး (၅)လုံး ပစ်ခတ်ရာ တစ်လုံးမှာ ဦးအိုက်ကြွယ်နေအိမ်အား ထိမှန်မီးလောင်ပျက်စီးသွားခဲ့သည်။
ထိုသို့ပစ်ခတ်မှုကြောင့် ရွာသားများကျေးရွာအတွင်း မနေ၀ံ့တော့ဘဲ တစ်ရွာလုံး ဘေးလွှတ်ရာသို့ ထွက်ပြေးတိမ်းရှောင်သွားခဲ့သည်။
ယခုလ(ဇွန်လ ၁၅ ရက်နေ့မှ ၁၈ ရက်နေ့)အထိ (၄) ရက်သာကာလအတွင်း၌ တိုက်ပွဲဖြစ်ပွားမှုမရှိခြင်း၊ ရန်သူကျေးရွာအတွင်းမရှိဘဲ ကျေးရွာအတွင်းသို့ မြန်မာ့တပ်မတော်မှ အပြစ်မဲ့ပြည်သူလူထုကို ဦးတည်ပြီး လက်နက်ကြီးများ ပစ်ခတ်ခြင်းသည် (၃) ကြိမ်မြောက် ပစ်ခတ်ခြင်းဖြစ်ပြီး လူနေအိမ် (၃)လုံး ပျက်စီးခဲ့သည်။
သတင်းနှင့်ပြန်ကြားရေးဌာန
PSLF/TNLA၀၉၄၉၃၁၄၉၅၁၊ ၀၉၄၇၀၉၇၇၇၂၊ ၀၉၂၅၆၄၆၅၆၈၁၊ ၀၆၉၂၆၂၂၄၈၅၈
Friday, June 20, 2014
မြန်မာ့တပ်မတော်မှ လွယ်ဆာကျေးရွာအတွင်း လက်နက်ကြီးပစ်ခတ်ခြင်းကြောင့် တစ်ရွာလုံး ထွက်ပြေးခဲ့ရ
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment