Tuesday, June 10, 2014

မြန်မာ့တပ်တော် တပ်မ ၈၈ မှ နမ်းခမ်းဒေသခံရွာသားများကို ဖမ်းဆီနှိပ်စက်နေ

၁၀ ရက် ဇွန်လ ၂၀၁၄ ခုနှစ်

နမ်းခမ်းမြို့နယ် နောင်အန်၊ ဖာလင်၊ ဆိုင်တောင်၊ မန်အောင်ရွာရှိ ရွာသားများကို မြန်မာ့တပ်မတော် တပ်မ ၈၈ မှ TNLA သူလျှိုဟု စွပ်စွဲပြီး ဖမ်းဆီးနှိပ်စက်ခြင်းများ ပြုလုပ်နေသည်ဟု ဒေသခံများ မေးမြန်း သိရှိရသည်။

နမ်းခမ်းဒေသအတွင်း TNLA တပ်ရင်း အမှတ် ၄၇၈ နှင့် ဖြစ်ပွားသော တိုက်ပွဲများ တွင် မြန်မာ့တပ်မှ ထိခိုက်မှု များပြား လာနေသည့်အတွက် ၄င်းတို့သည် လယ်တောတွင် အလုပ်လုပ်နေကြသည့် တအန်းလယ်သမားများ၊ တောထဲတွင် ကျွဲ၊ နွား ရှာထွတ်ကြသည့် ရွာသား များကို ဖမ်းဆီးပြီး ညှင်းပန်းနှိပ်စက်ခြင်း၊ ပေါ်တာအဖြစ်ဖမ်းဆီးခေါ်ဆောင်ခြင်း ပြုလုပ်နေ သောကြောင့် ဒေသခံများမှာ စိုးရိမ်ကြောက်ရွံ့နေရသည်ဟုလည်း သိရသည်။

ဇွန်လ ၄ ရက်နှင့် ၅ ရက်တို့တွင် ရွာသား ၈ ဦးတို့ကို ဖမ်းဆီးနှိပ်စက်ခဲ့ခြင်းဖြစ်ပြီး မန်အောင်ရွာသား အသက် ၇၀ ကျော် အရွယ်ရှိ တားအဂုတ်နှင့် ကွန်းအိုက်ဆေ တို့ ၂ ဦးမှာ ပြင်းထွန်စွာ အနာတရဖြစ်သွားပြီး နေအိမ်တွင် ဆေးကုသမှုခံယူနေ ရကြောင်း၊ ထို့အတူ မန်ကန်ရွာသား အိုက်ယိုင်တုန် သည်လည်း တပ်မ ၈၈ မှ လမ်းပြပေါ်တာအဖြစ် ဖမ်းဆီးပြီး ဖာလင်ရွာမှ နောင်အန်ရွာသို့ လိုက်ပို့ပေးရစဉ် လမ်းတွင် ထိုးနှက် ကန်ကျောက်ခြင်းခံရသည်ဟုလည်းသိရသည်။

တပ်မ ၈၈ မှ ဖမ်းဆီးနှိက်စက်သည့် ရွာသားများ စာရင်း မှာ ဇွန်လ ၅ ရက်နေ့တွင် (၁)တားအဂုတ်၊ မန်အောင်ရွာ၊ အသက် ၇၀ ကျော်၊ (၂)ကွန်းအိုက်ဆေ၊ မန်အောင်ရွာ၊ နမ်းခမ်းမြို့နယ်၊ (၃)အောင်သန်း ၊ ဖာလင်ရွာ၊ နမ်းခမ်းမြို့နယ်၊ (၄)အိုက်လုံကျန်အေး၊ မန်ကန်ရွာ၊ နမ်းခမ်းမြို့နယ၊် (၅)အိုက်ညမ်းကား၊ ဆိုင်တောင်ရွာ၊ နမ်းခမ်းမြို့နယ်၊ (၆)ကွန်သောင်းသား အိုက်ငေး၊ ဆိုင်တောင်၊ နမ်းခမ်းမြို့နယ်၊ (၇)အိုက်နိုင်အောင်၊ ဆိုင်တောင်ရွာ၊ နမ်းခမ်းမြို့နယ်၊ ဇွန်လ ၄ ရက်နေ့တွင် (၈)အိုက်ယိုင်တုန်၊ မန်ကန်ရွာ၊ နမ်းခမ်းမြို့နယ် တို့ဖြစ်ပါသည်။

သတင်းနှင့်ပြန်ကြားရေးဌာန
PSLF/TNLA

0 comments:

Post a Comment