Saturday, May 17, 2014

TNLA တအန်းတပ်ဖွဲ့နှင့် ကိုးကန့်တပ်ဖွဲ့ တို့ ခမရ ၄၅ မြန်မာတပ်နှင့် တိုက်ပွဲထပ်ဖြစ်

၁၅ ရက် မေလလ ၂၀၁၄ ခုနှစ်

ရှမ်းပြည်နယ်နယ်(မြောက်ပိုင်း)၊ သိန္နီမြို့နယ်၊ နမ့်ဆလပ်ရွာအနီးတွင် မြန်မာ့တပ်မတော် ခမရ(၄၅) နှင့်  TNLA (တအာင်းတပ်မတော်) နှင့် MNDAA(ကိုးကန့်တပ်မတော်) ပူးပေါင်းအဖွဲ့တို့ ၁၅ ရက် မေလ ၂၀၁၄ ခု နံက် ၀၉း၁၅ နာရီအချိန်ခန့်တွင် နှစ်ဖက်ရင်ဆိုင်တိုက်ပွဲဖြစ်ပွားခဲ့ကြသည်။

ထိုဒေသတွင်လှုပ်ရှားနေသော တအာင်းတပ်မတော် တပ်ရင်း (၂၂၃) နှင့် ကိုးကန့်တပ်ဖွဲ့အချို့ ပူးပေါင်းတပ်ဖွဲ့ တို့ ဒေသတွင်သွားလာလှုပ်ရှားစဉ် မြန်မာတပ်နှင့်ပက်ပင်းတိုးကာ တိုက်ပွဲဖြစ်ပွားခြင်းဖြစ်သည်။

နှစ်ဖက်ပစ်ခတ်မှုမှာမိနစ်၃၀ခန့်သာကြာမြင့်ပြီး နှစ်ဖက်တပ်များ ပြန်လည်ဆုတ်ခွာ နေရာယူစောင့်ဆိုင်းနေဆဲ ဖြစ်သည်။
တိုက်ပွဲတွင် နှစ်ဖက် ထိခိုက်ကျဆုံးမှု မသိရှိရသေးပေ။

တာမိုးညဲ မြန်မာတပ်စခန်းတွင် ယမန်နေ့ညသန်းခေါင်တိုက်ပွဲသို့ သွားရောက်ရန်အတွက် ကွတ်ခိုင်အခြေစိုက်တပ်များ စစ်ကူရန်နှင့် ထိခိုက်ကျဆုံးတပ်ဖွဲ့ဝင်များအား သယ်ယူရန်အတွက် အရပ်သားကားများ ပေါ်တာလိုက်ဆွဲနေသည်ဟုသိရှိရသည်။

 သတင်းနှင့်ပြန်ကြားရေးဌာန
PSLF/TNLA
၀၉၄၉၃၁၄၉၅၁၊ ၀၉၄၇၀၉၇၇၇၂၊ ၀၉၂၅၆၄၆၅၆၈၁၊ ၀၆၉၂၆၂၂၄၈၅၈

0 comments:

Post a Comment