၁၅ ရက် မေလလ ၂၀၁၄ ခုနှစ်
တအန်းဒေသ၊ မန္တလေး-လားရှိုး-မူဆယ် ပြည်ထောင်စုကားလမ်းမကြီးအရှေ့ဖက်ရှိ ကွတ်ခိုင်မြို့နယ်၊ တာမိုးညဲမြို့နယ်ခွဲရှိ မြန်မာစစ်တပ် ခလရ ၂၉၀ ၏ တပ်စခန်းကို ထိုဒေသတွင် အခြေစိုက်ပြောက်ကျား လှုပ်ရှားနေသည့် TNLA ဗျူဟာ (၅) လက်အောက်ခံ တအာင်း ပြောက်ကျားတပ် (၃၃၅ )နှင့် MNDAA တပ်ရင်း (၃) ပူးပေါင်းစစ်ကြောင်းမှ မေလ ၁၄ ရက်နေ့ည ၂၃း၁၅ နာရီ အချိန်မှ ၂၄း၀၀ နာရီခန့်ထိ ၀င်ရောက်တိုက်ခိုက်ရာ မြန်မာတပ်ဖွဲ့များ အများအပြား ထိခိုက်ကျဆုံးခဲ့ကြသည်။
ထိုဒေသတွင် အခြေစိုက်လှုပ်ရှားနေသော တအန်း၊ ကချင်နှင့်ကိုးကန့် ပူးပေါင်းလှုပ်ရှားမှုကို အဖက်ဖက်မှ ၀ိုင်းရံပိတ်ဆို့ထိုးစစ်ဆင်လာသဖြင့် တအန်းနှင့်ကိုးကန့် ပူးပေါင်းစစ်ကြောင်းက တာမိုးညဲရှိ ခလရ ၂၉၀ ၏ တပ်စခန်းတခုကို တက်ရောက်တိုက်ခိုက်ခြင်းဖြစ်သည်။
တိုင်းရင်းသားပူးပေါင်းတပ်ဖွဲ့မှ စတင်ပစ်ခတ်စဉ် ၅ မိနစ်အတွင်း ထိုမြန်မာတပ်စခန်းတွင်းရှိ တပ်ဖွဲ့များ ထိခိုက်နာကျင်အော်သံနှင့် တပ်ဖွဲ့ခေါင်းဆောင်များမှ ပြန်လည်ခုခံရန် အမိန့်ပေးသည့်အသံများကို ဆက်တိုက်ကြားခဲ့ရသည်။
TNLA နှင့် MNDAA ပူးပေါင်းစစ်ကြောင်းမှ အနီးကပ်ဆက်လက်ပစ်ခတ်ပြီး အာပီဂျီ ပခုံးထမ်း လက်နက်ကြီး ၆ လုံးကို ၃ မိနစ်ခြားတလုံး ဆက်တိုက်ပစ်ပြီးနောက်ပိုင်း မြန်မာတပ်စခန်း အတွင်း အပြန်အလှန် အော်ဟစ်ဆူညံသံများ ရပ်တန့်သွားခဲ့သည်။ မြန်မာတပ်ဖွဲ့များ အများအပြားထိခိုက် ကျဆုံးမှုများဖြစ်ပွားခဲ့သည်။ စာရင်းအတိအကျကို နောက်ပိုင်းတွင် စုံးစမ်းဖော်ပြသွားပါမည်။
မြန်မာတပ် ခလရ ၂၉၀ ဖက်မှ မည်သည့်တုန့်ပြန်မှုမျှ မပြုတော့သည့်အချိန်တွင် မလိုလားအပ်ပဲ မိမိတော်လှန်ရေးပြောက်ကျားတပ်များ အထိအခိုက်မရှိစေရန်အတွက် တိုင်းရင်းသား ပူးပေါင်း ပြောက်ကျားတပ်များသည် ထိုနေရာမှ ညသန်းခေါင်ယံ ၂၄း၀၀ နာရီအချိန်ခန့်တွင် ပြန်လည်ဆုတ်ခွာခဲ့ကြသည်။
TNLA၊ KIA၊ MNDAA တိုင်းရင်းသားတပ်ဖွဲ့များစိုးမိုးထားသည့် ကွတ်ခိုင်မြို့နယ် ပြည်ထောင်စုကားလမ်းမှ သံလွင်မြစ်ကမ်းအထိ နယ်တခုတည်းကိုပင် မြန်မာ့တပ်မတော် ဒေသအခြေစိုက် ရမခ တိုင်းလက်အောက်ခံတပ်ရင်းများ၊ စကခ (၁၆)မှ တပ်ရင်းများ၊ တပ်မ (၇၇)မှ တပ်ရင်းများ၊ တပ်မ(၈၈)မှ တပ်ရင်းများ၊ ဒစက လောက်ကိုင်တပ်ရင်းများ မြန်မာတပ်မတော် စုစုပေါင်း တပ်ရင်း ၂၀ ခန့် အင်အားဖြည့် ထိုးစစ်ဆင်နေလျှက်ရှိသည်။
သတင်းနှင့်ပြန်ကြားရေးဌာန
PSLF/TNLA
၀၉၄၉၃၁၄၉၅၁၊ ၀၉၄၇၀၉၇၇၇၂၊ ၀၉၂၅၆၄၆၅၆၈၁၊ ၀၆၉၂၆၂၂၄၈၅၈
Saturday, May 17, 2014
TNLA တအန်းတပ်ဖွဲ့နှင့် ကိုးကန့်တပ်ဖွဲ့ ပူးပေါင်းတိုက်ခိုက်မှုကြောင့် တာမိုးညဲအခြေစိုက် ခလရ ၂၉၀ မြန်မာတပ် အများအပြားထိခိုက်ကျဆုံး
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment