Wednesday, April 23, 2014

ဘိန်းခြံဖျက်သည့် TNLA ၁၁၂ တပ်ရင်း နှင့်မြန်မာတပ် စစ်ကြောင်း ပန်ဆေးဒေသတွင်တိုက်ပွဲဖြစ်နေ

၂၄ ရက် ဖေဖော်ဝါရီလ ၂၀၁၄
တအန်းတပ်မတော် ဗျူဟာ (၁) လက်အောက်ခံ တပ်ရင်း (၁၁၂) တပ်ဖွဲ့နှင့် မြန်မာတပ် (၄၅၊ ၁၂၃) စစ်ကြောင်းတို့ နမ့်ခမ်းမြို့နယ် ပန်ဆေးဒေသရှိ ပန်ပေးကျေးရွာအနီး(နမ့်ခမ်း-နမ့်ဖက်ကာကားလမ်းမဘေး) တွင် ယနေ့ ဖေဖော်ဝါရီလ ၂၄ ရက် နံနက် ၁၁း၄၅ နာရီအချိန်ခန့်မှစတင်ပြီး နှစ်ဖက်ရင်ဆိုင် တိုက်ပွဲဖြစ်ပွားလျှက်ရှိသည်။
တအန်းတပ်မတော် ဗျူဟာ အမှတ်(၁) လက်အောက်ခံ တပ်ရင်း တို့သည် ပန်ဆေးပြည်သူ့စစ်လက်အောက်ခံ ပန်ပေးပြည်သူ့စစ် စိုက်ပျိုးထားသည့်ဘိန်းခြံများ လိုက်လံဖျက်ဆီးစဉ် မြန်မာအစိုးရတပ်များနှင့် တွေ့ပြီး တိုက်ပွဲဖြစ်ပွားနေခြင်းဖြစ်သည်။

၁၁း၄၅ နာရီခန့်စတင်ခဲ့သည့်တိုက်ပွဲမှာ လက်နက်ကြီးသံများ ယခုထက်ထိကြားနေဆဲဖြစ်ပြီး လက်နက်ငယ်အသံများလည်း ကြိုးကြားထွက်ပေါ်နေဆဲဖြစ်သည်။

တအန်းတပ်မတော် ဗျူဟာ(၁) အဖွဲ့သည် ပန်ဆေးဒေသတွင်ဝင်ရောက်ပြီး ဘိန်းခြံများကို လိုက်လံဖျက်ဆီးနေလျှက်ရှိသည်။

နမ့်ခမ်းမြို့နှင့် ၅ မိုင်းခန့်သာအကွာအဝေးရှိသည့် မြန်မာပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ပန်ဆေးကျော်မြင့် အခြေစိုက်သည့် ပန်ဆေးဒေသတွင် ဘိန်းခင်း ဧက (၃၀၀၀၀) ကျော်ရှိပြီး တရုတ်လူမျိုးများ အများဆုံးစိုက်ပျိုးကြသည်။

ယခုကာလသည် ဘိန်းဆီခြစ်ယူသည့်ကာလဖြစ်ပြီး ပန်းဆေးဒေသ ဘိန်းစိုက်တရုတ်ပန်ဆေးပြည်သူ့စစ်များ ဘိန်းဆီရယူနိုင်ရန် မြန်မာ့တပ်မတော်က အကာအကွယ်ပေးသည့်အနေဖြင့် စစ်ကြောင်းများ ဆက်တိုက်ထိုးတက်လာလျှက်ရှိသည်။

တိုက်ပွဲအတွင်း နှစ်ဖက်ထိခိုက်ကျဆုံးမှု မသိရှိသေးပါ။

သတင်းနှင့်ပြန်ကြားရေးဌာန
PSLF/TNLA

0 comments:

Post a Comment