Friday, April 25, 2014

တအန်းတပ်မတော်နှင့် မြန်မာ့တပ်တို့ နမ့်ခမ်းတွင် ဆိုက်ပွဲဆက်လက်ဖြစ်ပွား မြန်မာတပ်ဖက်မှ အနဲဆုံး ၁၀ ဦးကျဆုံး

၂၃ ရက် ဧပြီ ၂၀၁၄ ခုနှစ်

တအန်းဒေသ၊ နမ့်ခမ်းမြို့ မြန်မာ့တပ်မတော် တပ်စခန်း(စခန်းသစ်)အား ယနေ့ ဧပြီ ၂၃ ရက်နေ့ နံနက် ၀၅း၃၀နာရီချိန်ခန့်မှ တအန်းတပ်မတော် တပ်ရင်း ၁၁၂ တပ်ဖွဲ့မှ ၀င်ရောက်ပစ်ခတ် တိုက်ခိုက်ခဲ့သည်။

မြန်မာစခန်းသစ်ကုန်းမှ မြန်မာတပ်ဖွဲ့များနှင့် ပြန်လှန်ပစ်ခတ်မှု ၁၅ မိနစ်ခန့်ဖြစ်ပွားပြီး ပစ်ခတ်မှု ရပ်တန့် ခဲ့သည်။ တိုက်ပွဲတွင် တအန်းတပ်မတော်ဖက်မှ ထိခိုက်ကျဆုံးမှုမရှိပါ။ မြန်မာ့တပ်ဖက်မှ ထိခိုက်ကျဆုံးမှုရှိသော်လည်း စရင်းအတိအကျမသိရှိရသေးပါ။
ထို့နောက် နေ့လည် ၁၀း၃၀ နာရီအချိန်ခန့်တွင် ပန်ဆေးကုန်းဒေသမှ နမ့်ခမ်းမြို့ဖက်သို့ ပြန်ဆင်း လာသည့် စကခ ၁၆ လက်အောက်ခံမြန်မာစစ်ကြောင်းနှင့် တအန်းတပ်မတော် တပ်ရင်း (၄၇၈) နှင့် စကခ(၁၆)လက်အောက်ခံ မြန်မာစစ်ကြောင်းတို့ နမ့်ခမ်းမြို့အနီး ဆာလူအုပ်စု ငေါ့ခိုက်(ကြူးဆိုင်း) ရွာ အောက် နမ့်ခမ်း-နမ့်ဖတ်ကာ ကားလမ်းပေါ်တွင် တိုက်ပွဲစတင်ဖြစ်ပွားခဲ့ကြသည်။

နှစ်ဖက်ရင်ဆိုင်တိုက်ပွဲမှာ ၁၅ မိနစ်ခန့်သာကြာမြင့်ပြီး တအန်းတပ်မတော်မှ ပစ်လိုက်သည့် RPG မော်ဆူကာလက်နက်ကြီး ၄ လုံးမှာ မြန်မာတပ်ဖွဲ့များနှင့် မြန်မာစစ်ကြောင်း၏ယာဉ်ကို ထိမှန်ပြီး မြန်မာဖက်မှ အနဲဆုံး ၁၀ ဦးကျဆုံးပြီး အများအပြားထိခိုက်ဒါဏ်ရရှိခဲ့ကြသည်။

တအန်းတပ်ရင်း ၄၇၈ ၏ အာပီဂျီကျည်သည် မြန်မာစစ်တပ်ဖွဲ့အရာရှိငယ်များစီးနင်းလာသည့် ဖိုးဝီးကား နှစ်စီးကို ထိမှန်ကာ တစီးမှာ လမ်းဘေးအောက်သို့လွင့်စင်ကျသွားပြီး ပျက်စီးသွားခဲ့သည်။ တစီးမှာ ကားခေါင်းပိုင်းတခုလုံးပျက်ဆီးသွားခဲ့သည်။

ယခုနေ့လည် ၁၃း၀၀ နာရီချိန်တွင်လည်း ငေါ့ခိုက်(ကြူဆိုင်း) ရွာ၏ အောက်ခက်ပိုင်းတွင် သေနတ်သံများ ကြိုးကြားကြိုးကြား ကြားနေဆဲဖြစ်သည်။

တအန်း မိဘပြည်သူများ၏ တောင်းဆိုချက်အရ တအန်းလူမျိုးများ မူးယစ်ဆေးဝါး သုံးစွဲခြင်း၊ ရောင်းဝယ်ခြင်းမှ ပပျောက်သွားအောင် တအန်းဒေသသို့ ကွင်းဆင်းစည်းရုံးဟောပြော နေသည့် တအန်းတပ်မတော်အား အဆက်မပျက် လိုက်လံတိုက်ခိုက် လမ်းကြောင်းပိတ်ဆို့ နေသဖြင့် တအန်းတပ်မတော်မှ ပျောက်ကျားစစ်ပြန်လည်ဆင်နွဲရခြင်းဖြစ်သည်။

သတင်းနှင့်ပြန်ကြားရေးဌာန
P.S.L.F/T.N.L.A

0 comments:

Post a Comment