Saturday, January 18, 2014

တိုက်ပွဲ နောက်ဆက်တွဲ Update....


5 Jan 2014
၎ ရက် ဇန်နဝါရီ မြန်မာတို့၏ လွတ်လပ်ရေးနေ့တွင် တိုက်ပွဲဖြစ်ပွားခဲ့သော ပန်စရီနှင့်မြို့သစ်ကြား တိုက်ပွဲတွင် မြန်မာတပ်မှ ၁၃ ဦး ထိခိုက်ဒါဏ်ရာရပြီး ၄ ဦးမှာ ပြင်းထန်ပြီး သေဆုံးဖို့များသည်။ ထိခိုက်သူများကိုသယ်ဆောင်စဉ် မြင်ရ၍ သိရှိရပြီး တိုက်ပွဲတွင်း သေဆုံးသူများကို တခါတည်းမြုပ်လိုက်သဖြင့် မသိရှိရပေ။ ပေါ်တာအထမ်းသမားများ ခန့်မှန်းသည်မှာ ၅ ဦးမြုပ်ခဲ့သည်ဟုသိရသည်။
မိုင်းငေါ့ အနီးနားတွင်ဖြစ်ပွားခဲ့သောတိုက်ပွဲတွင် မြန်မာတပ် ၅ ဦး ထိခိုက်သည်။ ကျဆုံးမှုတော့မသိရှိသေးပါ။

၂ ရက်နေ့ ပန်အလော့ရွာအနီးတွင် ဖြစ်တော့တိုက်ပွဲတွင် မြန်မာတပ် ၇ ဦးကျဆုံးပြီး ၁၀ ဦး ထိုခိုက်ဒဏ်ရာရသည်။

နှစ်ဘက်တပ်များမှာ အလွန်နီးကပ်သောအနေထားတွင်ရှိနေသဖြင့် တိုက်ပွဲဆက်လက်ဖြစ်ပွားနိုင်ပါသည်။

တအာင်းတပ်မတော်နှင့် ကချင်တပ်မတော် ဖက်မှ ကျဆုံးမှုမရှိပါ။ ထိခိုက်ဒဏ်ရာရရှိသူ ၃ ဦးရှိသည်။ ပွတ်ရှပွန်းပဲ့မှုသာဖြစ်ပြီး ဒါဏ်ရာပြင်းထန်မှုမရှိပါ။

မြန်မာတပ်ဖက်မှ လက်နက်ကြီးများမှာ တနာရီတလုံးနှုန်းဖြင့် တအာင်းပျောက်ကျားစခန်းများရှိရာသို့ ပုံမှန်ရမ်းသမ်းပစ်နေဆဲဖြစ်သည်။

သတင်းနှင့်ပြန်ကြားရေးဌာန
PSLF/TNLA

0 comments:

Post a Comment