ကျော်ခ| December 9, 2013
အစိုးရတပ်နှင့် တိုက်ပွဲဖြစ်ပွားနေသော TNLA (၁၁၂) တပ်ရင်းမှ တပ်ဖွဲ့ဝင်
တဦးအား စစ်မြေပြင်တွင် တွေ့ရစဉ် (ဓာတ်ပုံ – ကျော်ခ / ဧရာဝတီ)
ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကွတ်ခိုင်မြို့နယ် နမ့်လိတ်တောင်၌ အစိုးရ
တပ်မတော်နှင့် ပလောင် (တအာင်း) အမျိုးသားလွတ်မြောက် ရေးတပ်မတော် (TNLA)
တို့ ထိပ်တိုက် ရင်ဆိုင်မှု ဖြစ်ပွားနေပြီး စစ်ရေးတင်းမာမှု ဖြစ်နေပွားနေကြောင်း
စုံစမ်းသိရှိရသည်။
နမ့်လိတ်တောင်ပေါ်ရှိ TNLA တပ်ရင်း (၁၁၂) လက်အောက်ခံ
ပြောက်ကျားတပ်များနှင့် ယင်းတောင်ခြေသို့ ရောက်ရှိနေကြသော
ကွတ်ခိုင်မြို့နယ် အခြေစိုက် ခလရ (၂၀၉)၊ (၁၄၃)၊ (၁၄၅) တပ်ရင်းများ
ထိပ်တိုက် ရင်ဆိုင်နေကြခြင်းဖြစ်ပြီး တိုက်ပွဲဖြစ်ရန် နီးစပ်နေကြောင်း TNLA
ပြန်ကြားရေဌာနမှ ပြောသည်။
“ကျနော်တို့ ပြောက်ကျားတပ်တွေက
အပေါ်မှာ၊ သူတို့က အောက်မှာ အနီးဆုံး အနေအထားမှာ သူတို့ကလည်း
စောင့်ကြည့်နေတယ်၊ ကျနော်တို့ကလည်း စောင့်ကြည့်နေတယ်၊ တိုက်ပွဲကတော့
အချိန်မရွေး ဖြစ်နိုင်တာပေါ့” ဟု TNLA ပြန်ကြားရေး တာဝန်ခံ
မိုင်းအိုက်ကျော်က ဧရာဝတီသို့ ပြောသည်။
ထိပ်တိုက်
ရင်ဆိုင်နေကြရသည့် TNLA တပ်ရင်း (၁၁၂) လက်အောက်ခံ ပြောက်ကျားတပ်များနှင့်
အစိုးရတပ်တို့ အကြား ယခုလ ၄ ရက်နှင့် ၅ ရက်နေ့များက နမ့်လိတ်တောင်ခြေတွင်
တိုက်ပွဲဖြစ်ပွားခဲ့ကြပြီး အစိုးရတပ်မှ ၁၀ ဦး ကျဆုံးပြီး ၁၀ ဦး
ဒဏ်ရာရရှိသွားသည်ဟု ကြားသိရကြောင်း မိုင်းအိုက်ကျော်က စစ်မြေပြင်
သတင်းများကို ကိုးကား၍ ပြောဆိုသည်။
ယင်းတိုက်ပွဲတွင် အစိုးရတပ်က
၆၀ မမ၊ ၄၀ မမ လက်နက်များနှင့် လက်နက်ငယ်များ အသုံးပြုသကဲ့သို့
၎င်းတို့ဘက်ကလည်း RPG နှင့် လက်နက်ငယ်များ အသုံးပြုပြီး တိုက်ခိုက်ခဲ့ကြောင်း၊
ဒဏ်ရာရ၊ သေဆုံးသည့် စစ်သားများမှာ ၎င်းတို့ပြောက်ကျား တပ်များ၏
ရှေ့ထွက်မိုင်းထိ၍ ကျဆုံးသွားခြင်းဖြစ်ကြောင်း TNLA ဘက်က ရှင်းပြသည်။
“ဒဏ်ရာရတဲ့ ရဲဘော်တွေကို ပြန်သယ်သွားတာနဲ့ သေတဲ့ ရဲဘော်တွေကို မြှုပ်တာကို
အရပ်သားတွေက တွေ့တယ်၊ သူတို့ဆီကနေ ပြန်ပြီးသိရတ” ဟု မိုင်းအိုက်ကျော်က
ဆိုသည်။
အဆိုပါ အစိုးရတပ်များနှင့် ရှမ်းပြည်နယ် မြောက်ပိုင်းတွင်
လှုပ်ရှားနေသော ကချင်လွတ်လပ်ရေး တပ်မတော် (KIA) တပ်ရင်းတို့လည်း မကြာခဏ
တိုက်ပွဲဖြစ်ပွားကြောင်း သိရသည်။
တိုက်ပွဲဖြစ်ပွားမှု၊
စစ်ရေးတင်းမာမှု အခြေအနေများနှင့် ပတ်သက်၍ အစိုးရ တပ်မတော်ဖက်သို့ ဧရာဝတီက
ဆက်သွယ်ရန် ကြိုးစားသော်လည်း မရရှိပေ။ နှစ်ဖက်တပ်များအကြား
အပစ်အခတ်ရပ်စဲနိုင်ရေး ဆောင်ရွက်ပေးလျက်ရှိသော မြန်မာ ငြိမ်းချမ်းရေး စင်တာ
(MPC) မှ တာဝန်ရှိသူများကို ဆက်သွယ် မေးမြန်းသော်လည်း စစ်တပ်ကိစ္စကို
၎င်းတို့အနေဖြင့် ဖြေကြားခွင့် မရှိကဲ့သို့ အခြေအနေကို အလုံးစုံ မသိကြောင်း
ဖြေကြားသည်။
သို့သော်လည်း TNLA နှင့် MPC တို့
ငြိမ်းချမ်းရေးအတွက် တွေ့ဆုံဆွေးနွေးရန် ကြိုးပမ်းနေကြောင်း MPC ၏
ငြိမ်းချမ်းရေး အကျိုးတော်ဆောင် ဦးလှမောင်ရွှေက ဧရာဝတီသို့ ပြောသည်။
“TNLA တာဝန်ရှိသူတွေနဲ့ ကျနော်တို့ အခု ဒီဇင်ဘာ လဆန်းပိုင်းမှာ
ထိုင်းနိုင်ငံ ချင်းမိုင်မှာ တွေ့ဖို့ စီစဉ်ခဲ့ပါသေးတယ်၊ သူတို့ဘက်က
မအားတာနဲ့ မတွေ့ဖြစ်တာပါ။ မကြာခင်တော့ ထပ်တွေ့ဖြစ်ဖို့ရှိပါတယ်။
ထပ်တွေ့နိုင်အောင်လည်း ကြိုးစားနေပါတယ်” ဟု ဦးလှမောင်ရွှေ က ပြောသည်။
ယခုနှစ် ဇူလိုင်လကုန်ပိုင်းက အစိုးရ ပြည်ထောင်စု ငြိမ်းချမ်းရေး
ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ အဖွဲ့နှင့် TNLA ငြိမ်းချမ်းရေး ဆွေးနွေးရေး
အဖွဲ့တို့ တရုတ်-မြန်မာနယ်စပ် မူဆယ်မြို့ “ရွှေလီ ရတနာ” ခန်းမတွင် တရားဝင်
တွေ့ဆုံခဲ့ကြပြီး ၁၀ ရက်အတွင်း ထပ်မံ တွေ့ဆုံကြရန်နှင့် တိုက်ပွဲများ
မဖြစ်ရေး ဆက်သွယ် အကြောင်းကြားရန် သဘောတူခဲ့ကြသည်။
သို့သော်လည်း ၎
လကျော် ကြာသည်အထိ ထိုသဘောတူညီချက် နှစ်ရပ်လုံး အကောင်အထည်ဖော်
ဆောင်ရွက်နိုင်ခြင်း မရှိခဲ့ပေ။ ယင်းဆွေးနွေးပွဲ နောက်ပိုင်းတွင် နှစ်ဖက်
တပ်ဖွဲ့များအကြား တပ်ချင်း ထိတွေ့မှုပါင်း ၂၅ ခုမက ဖြစ်ပွားခဲ့သကဲ့သို့
ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီ အဖွဲ့နှင့်လည်း
တရားဝင် ထပ်မံတွေ့ဆုံနိုင်ခြင်း မရှိသေးပေ။
TNLA သည် အင်အား ၁၃၀၀
ခန့်ရှိကြောင်း သိရပြီး ရှမ်းပြည်နယ် မြောက်ပိုင်းတွင် အဓိကလှုပ်ရှားကာ
နမ့်ခမ်း၊ ကွတ်ခိုင်၊ မန်တုံ၊ နမ္မတူ၊ နမ့်ဆန်၊ ကျောက်မဲ (မိုင်းငေါ့)၊
မိုးမိတ်၊ မိုးကုတ် မြို့နယ်များ၌ တပ်ရင်း ၇ ရင်းဖြင့်
လှုပ်ရှားလျှက်ရှိကြောင်း သိရသည်။ TNLA သည် KIA ၏ ထာဝရ မဟာမိတ် ဖြစ်သကဲ့သို့
ရှမ်းပြည်နယ် မြောက်ပိုင်း တပ်မတော် (SSPP/SSA) နှင့်လည်း ပူးတွဲ
တိုက်ပွဲဝင်လျက်ရှိသည်။
http://burma.irrawaddy.org/
Saturday, January 18, 2014
TNLA နှင့် အစိုးရတပ်တို့ နမ့်လိတ်တောင်တွင် စစ်ရေးတင်းမာ
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment