Saturday, January 18, 2014

မြန်မာ ၅၀၂- ၅၀၆ စစ်ကြောင်း တအာင်းတပ် ၂၅၆ ကို ထိုးစစ်ဆင်


၂၀၁၄ ခုနှစ်၊ ဇန်န၀ါရီလ ရက်

          တအာင်းဒေသ၊ နမ့်ဆန်မြို့နယ်၊ မန်လုံး ကျေးရွာအုပ်စု  မန်လုံး ကျေးရွာနှင့် ပန်အလောက် ကျေးရွာကြားတွင်  T.N.L.A တပ်၊ တပ်ရင်းအမှတ် (၂၅၆) နှင့် မြန်မာစစ်ကြောင်း ၅၀၂၊ ၅၀၆ တို့နှင့်  ၂ ရက်နေ့ ဇန္နဝါရီလ ညနေ ၁၆း၄၀ နာရီအချိန်ခန့်၌ မိနစ် (၃၀) ခန့် တိုက်ပွဲ ဖြစ်ပွါးခဲ့ပါသည်။ မြန်မာအစိုးရ စစ်တပ်ဖက်မှ သေဆုံးဒဏ်ရာရရှိမှု အတိအကျမသိရှိရသေးပဲ  T.N.L.A ဖက်မှ ကျဆုံးဒဏ်ရာ ရရှိမှု မရှိပါ။ 

မြန်မာအစိုးရစစ်တပ် ခမရ(၅၀၂/၅၀၆) အင်အား (၁၀၀) ကျော်ခန့်သည် မန်လုံး ကျေးရွာမှနေပြီး  ပန်အလောက် ကျေးရွာဖက်သို့ P.S.L.F/T.N.L.A တပ်ရှိနိုင်သည်ဟု ယူဆရသည့်နေရာများတွင် လက်နက်ကြီး/လက်နက် ငယ်များဖြင့် ၂၀၁၄ ခုနှစ် ဇန်န၀ါရီလ () ရက်နေ့ ညနေ ၁၄း၄၅ နာရီခန့်တွင် ပစ်ခတ်ခဲ့သည်။ သို့သော်လည်း တအာင်းတပ်ဖွဲ့ဘက်မှ ပြန်လည်ပစ်ခတ်ခြင်းမရှိချေ။

ထို့နောက် တအာင်းတပ်ရှိရာသို့ မြန်မာစစ်ကြောင်း ထိုးစစ်ဆင်လာသဖြင့် ရှေ့ထွက် မိုင်းများကွဲကာ တိုက်ပွဲဖြစ်ခဲ့သည်။ တအာင်းတပ်ဖွဲ့များ၏ ပျောက်ကျားစခန်းတွင် နှစ်ဖက် အပြန်အလှန်ပစ်ခတ်ခဲ့ကြပြီးနောက် ထိခိုက်မှုများရှိလာသဖြင့် မြန်မာစစ်တပ်နောက်ပြန်ဆုတ်ပြီး တိုက်ပွဲပြီးဆုံးခဲ့သည်။

ထိုမြန်မာစစ်ကြောင်းသည် တိုက်ပွဲပြီးဆုံးသည့်နောက်တွင်  မန်လုံး ကျေးရွာနှင့် ပိန်းလုံ ကျေးရွာရှိ ရပ်ရွာလူထု အမျိုးသား(၄၀)ဦးခန့် ဖမ်းဆီးခေါ်ဆောင်ကာ ၄င်းသို့စစ်တပ် ချီတက်ရာလမ်းကြောင်း (ရှေ့ထွက်မိုင်းများ ရှင်းသည့်ပုံစံဖြင့်) အကာအကွယ် ယူကာ အခြားတနေရာသို့ ပြောင်းရွှေ့သွားခဲ့ပါသည်။
ဇန္န၀ါရီ () ရက်နေ့ နံနက်(၀၉း၀၀)နာရီခန့် တွင်လည်း အဆိုပါ အစိုးရစစ်တပ်များသည် မန်လုံး ဘုန်းတော်ကြီး ကျောင်းမှ နေ၍ ပန်အလောက် ကျေးရွာဖက်သို့ လက်နက်ကြီးဖြင့် ()ကြိမ် ပစ်ခတ်ခဲ့သေးသည်။  

သတင်းနှင့်ပြန်ကြားရေးဌာန
P.S.L.F/T.N.L.A

0 comments:

Post a Comment