Thursday, January 30, 2014

နမ့်ခမ်းမြို့နယ် ပန်းဆေးဒေသ ဘိန်းခြံများကို မြန်မာအစိုးရတပ်နှင့်ဌာနဆိုင်ရာများ ဟန်ပြဖျက်ဆီးနေ

၃၀ ဇန်နဝါရီလ ၂၀၁၄ ခုနှစ်

နမ့်ခမ်းမြို့နယ် ပန်ဆေးဒေသ (တရုတ်မြန်မာနယ်စပ်အနီး-လွှတ်တော်ကိုယ်စားလှယ် ပန်းဆေးကျော်မြင့် ၏ ပြည်သူ့စစ်နှင့် ရမခ စစ်ဗျူဟာအခြေချလှုပ်ရှားရာဒေသ) ရှိ ဘိန်းခင်းများကို မြန်မာ ခမရ ၃၂၄ တပ်ရင်းနှင့်အတူ သက်ဆိုင်ရာ ဌာနဆိုင်ရာနှင့်ရဲတပ်ဖွဲ့များပူးပေါင်းပြီး ၂၈ ရက်နေ့မှစတင်၍ ဘိန်းခင်းများကို လိုက်လံ ဖျက်ဆီးခဲ့ပါသည်။

အင်အား တရာနီးပါးရှိ ထိုဘိန်းခင်းဆိုက်ဖျက်ရေးအဖွဲ့သည် ပန်းဆေးဒေသ တရုတ်နှင့်တအာင်းရွာ များရှိ ဘိန်းခြံများကို တရွာလျှင် ၃ ခြံခန့် (၃-၅ ဧကခန့်) ဟန်ပြဖျက်ဆီးပြီး ယနေ့ ၃၀ ရက်နေ့တွင် ၁၃ မိုင် အနီးရှိ ဘိန်းခြံများလိုက်လံဖျက်ဆီးနေသည်ဟုသိရသည်။

ထိုဘိန်းခြံတိုက်ဖျက်ရေးအဖွဲ့နှင့် ပန်ဆေးပြည်သူစစ်တို့မှာအတူပူးပေါင်းတိုက်ဖျက်ကြပြီး ဘိန်းစိုက်တောင်သူ တရုတ်များက ငွေများ တံစိုးလက်ဆောင်များပေးပြီး အနည်းငယ်သာဖျက်ဆီးခဲ့ကြသည်။

ယခုနှစ် ၂၀၁၄ ဘိန်းစိုက်ရာသီတွင် ပန်ဆေးဒေသတွင် ဘိန်းများပိုမိုစိုက်ပျိုးကြပြီး စုစုပေါင်း ဧက ၃၀၀၀၀ (သုံးသောင်းကျော်) ကျော်ရှိမည်ဟု ဒေသခံများကပြောကြပြီး ယခု ခမရ ၃၂၄ နှင့် ဌာနဆိုင်ရာပါဝင်သည့် ဘိန်းခြံတိုက်ဖျက်ရေးအဖွဲ့မှာ ၃ ရက်မြောက် ဘိန်းခင်းတိုက်ဖျက်ရာတွင် ဧက ၂၀ ပင် ပြည့်အောင်မဖျက်သေးကြောင်း သိရှိရသည်။

သတင်းနှင့်ပြန်ကြားရေးဌာန
PSLF/TNLA

0 comments:

Post a Comment