၁၂ ရက်၊ ဇန္န၀ါရီလ၊ ၂ဝ၁၄ ခုနှစ်။ ထုတ်ပြန်ချက်အမှတ်။ ။ ဝဝ၁§၀၅§ဌနခ-၁၄
၁။ ၂ဝ၁၄ ခုနှစ် ဇန္န၀ါရီလ ၁၂ ရက်နေ့သည် တအာင်းအမျိုးသားတရပ်လုံးအဖိနှိပ်ခံဘဝမှလွတ်မြောက်ရန်အတွက်အာဏာရှင်အစိုးရအဆက်ဆက်ကို လက်နက်စွဲကိုင်တော်လှန်ဆန့်ကျင်လာခဲ့သည်မှာ (၅၁) နှစ်ပြည့်မြောက်ခဲ့ပြီ ဖြစ် ပါသည်။
၁။ ၂ဝ၁၄ ခုနှစ် ဇန္န၀ါရီလ ၁၂ ရက်နေ့သည် တအာင်းအမျိုးသားတရပ်လုံးအဖိနှိပ်ခံဘဝမှလွတ်မြောက်ရန်အတွက်အာဏာရှင်အစိုးရအဆက်ဆက်ကို လက်နက်စွဲကိုင်တော်လှန်ဆန့်ကျင်လာခဲ့သည်မှာ (၅၁) နှစ်ပြည့်မြောက်ခဲ့ပြီ ဖြစ် ပါသည်။
၂။ တအာင်းတမျိုးသားလုံး အဖိနှိပ်ခံဘ၀မှလွတ်မြောက်ရေး၊ ဒီမိုကရေစီနှင့်လူ့အခွင့်အရေးကို အာမခံသည့် တအာင်း ပြည်နယ် တည်ဆောက်ရေး၊ မဟာလူမျိုးကြီးဝါဒနှင့်စစ်အာဏာရှင်စနစ်တိုက်ဖျက်ရေး၊ ကိုယ့်ကံကြမ္မာကို ကိုယ်တိုင် ဖန်တီးနိုင်သည့် အမျိုးသားတန်းတူညီမျှရေး၊ အမျိုးသားကိုယ်ပိုင်ပြဌာန်းခွင့်ကိုအာမခံသည့် စစ်မှန်သောဖက်ဒရယ် ပြည်ထောင်စုနိုင်ငံတည်ဆောက်ရေး တို့အတွက် တအာင်းတမျိုးသားလုံးတို့၏တော်လှန်ရေး ခရီးနှစ်ပေါင်း ၅၁ နှစ် ကာလအတွင်း အသက်သွေးချွေး၊ အိုးအိမ်စည်းစိမ်များစွာကို ပေးဆပ်ရင်းနှီးလှူဒါန်းခဲ့ကြသော မျိုးချစ်တအာင်း ပြည်သူ လူထုနှင့် တအာင်းအာဇာနည်ခေါင်းဆောင်များ၊ ရဲဘော်ရဲမေအပေါင်းတို့အား ဤမင်္ဂလာရှိသော နေ့ထူးနေ့မြတ်တွင် ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး မှ အစဉ် ဦးညွတ်ဂုဏ်ပြုမှတ်တမ်းတင်အပ်ပါသည်။
၃။ တပ်ဦး၏ ဗဟိုကော်မတီခေါင်းဆောင်များနှင့် တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် T.N.L.A ၏ တပ်မှူး အရာရှိကြီးများသည် တအာင်းအမျိုးသားလွတ်မြောက်ရေး ဦးတည်ရည်မှန်းချက်အမြန်ရရှိနိုင်စေရန် နိုင်ငံရေးဦးဆောင် တပ်ဦးဗဟိုကော်မတီကို ခိုင်မာတောင့်တင်းအောင် တိုးချဲ့ပြင်ဆင်ဖွဲ့စည်းပြီး တအာင်းဒေသတခွင်လုံးတွင် စစ်ဗျူဟာ များ၊ တပ်ရင်း တပ်ဖွဲ့များ တိုးချဲ့စည်းရုံးလှုပ်ရှားလျှက်ရှိပါသည်။ ၂ဝ၁၃ နှစ် ကာလ အတွင်းတွင် နမ့်ဆန်၊ မန်တုံ၊ နမ့်ခမ်း၊ ကွတ်ခိုင်၊ နမ္မတူ၊ ကျောက်မဲ၊ မိုးကုတ်နှင့် မိုးမိတ် မြို့နယ် အစရှိသော တအာင်းနယ်မြေများကို စည်းရုံး ထိန်းချုပ်နိုင်ခဲ့ပြီး ယခု ၂၀၁၄ ခုနှစ်တွင် ကျန်ရှိသည့် အခြားတအာင်း နယ်မြေများနှင့် တအာင်းလူထုများကိုပါ ဆက်လက်စည်းရုံးလှုပ်ရှားသွားမည်ဖြစ်ပါသည်။
၎။ ၂၀၁၇ ခုနှစ်အတွင်း “တအာင်းဒေသအတွင်း မူးယစ်ဆေးဝါး ကင်းစင်ပပျောက်ရေး” ဟူသော ရည်မှန်းချက်ဖြင့် လူထုနှင့်အတူ လက်တွဲပူးပေါင်းတိုက်ဖျက်လာခဲ့ရာ မူးယစ်ဆေးဝါးပြဿနာကို ထိုက်သင့်သောအတိုင်းအတာထိ ကိုင်တွယ်ဖြေရှင်းနိုင်ခဲ့ပါသည်။ မူးယစ်ဆေးဝါးရောင်းဝယ်ထုတ်လုပ်သူများကိုဖမ်းဆီး အရေးယူအပြစ်ပေးခြင်းများ ပြုလုပ်ခဲ့ပါသည်။ ဆက်လက်၍လည်း တအာင်းဒေသအတွင်း မူးယစ်ဆေးဝါး ကင်းစင်ပပျောက်ရေးလုပ်ငန်းများကို စီမံကိန်းချမှတ်ပြီး အရှိန်မြှင့်ဆောင်ရွက်သွားမည်ဖြစ်ပါသည်။
၅။ တအာင်းအမျိုးသားတပ်မတော်သည် မိမိတို့ဒေသအတွင်း နယ်မြေစိုးမိုးရေး၊ တပ်ဖွဲ့တည်ဆောက်ရေး၊ လူထု စည်းရုံးရေးနှင့် မူးယစ်ဆေးဝါးတိုက်ဖျက်ရေးလုပ်ငန်းစဉ်များလုပ်ဆောင်စဉ် မြန်မာစစ်တပ်၏ ထိုးစစ်ဆင်လှုပ်ရှားလာမှု ကြောင့် ၂၀၁၃ ခုနှစ် အတွင်း တိုက်ပွဲကြီးငယ်အကြိမ် ၁၀ဝ ကျော်ဖြစ်ပွားခဲ့ပါသည်။ အချို့တိုက်ပွဲများတွင် တိုင်းရင်းသား မဟာမိတ်များနှင့်အတူ လက်တွဲတိုက်ပွဲဝင်ခဲ့ပြီး၊ ထို တိုက်ပွဲ ၁၀၀ ကျော်တွင် မြန်မာတပ်ဖွဲ့ဝင်များ ထိခိုက်ကျဆုံးခြင်း၊ လက်နက်ပစ္စည်းများ သိမ်းဆည်းရမိခြင်းတို့မှာ တအာင်းမိဘပြည်သူများ၏ ထောက်ခံအားပေးမှုများ ပြည့်ပြည့်ဝဝ ရရှိခဲ့ခြင်းကြောင့် ဖြစ်ပါသည်။
၆။ ညီညွတ်သောတိုင်းရင်းသားလူမျိုးများဖက်ဒရယ်ကောင်စီနှင့် တိုင်းရင်းသားအဖွဲ့အစည်းများ၏ တပြည်လုံး အပစ်အခတ်ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ NCCT တို့၏ ဆွေးနွေးညှိနှိုင်းမှုများကို တပ်ဦးအနေဖြင့် ထောက်ခံ အားပေးလျှက်ရှိပါသည်။ တပြည်လုံးအတိုင်းအတာအပစ်အခတ်ရပ်စဲရေးနှင့် ငြိမ်းချမ်းရေးအတွက် ပြောဆိုနေသော် လည်း လက်တွေ့တွင်မူ တအာင်းဒေသအပါအဝင် တိုင်းရင်းသားဒေသများတွင် စစ်အင်အားတိုးချဲ့ပြီး လက်နက်ကိုင် ပဋိပက္ခဖန်းတီးနေသည့် မြန်မာအစိုးရ ၏ဆောင်ရွက်ချက်များသည် မြန်မာပြည်တဝှမ်းလုံး ငြိမ်းချမ်းသာယာရေးနှင့် အလှမ်းဝေးနေမည်ဖြစ်ကြောင်း ဦးသိန်းစိန်အစိုးရကို ကန့်ကွက်ရှုတ်ချလိုက်ပါသည်။
၇။ နိဂုံးချုပ်အနေဖြင့် တအာင်းအမျိုးသားတို့၏နိုင်ငံရေးရည်မှန်းချက်ပန်းတိုင်မရောက်မချင်း တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော်နှင့်အတူ ဆက်လက်လက်တွဲတိုက်ပွဲဝင်ကြရန် တအာင်းမိဘပြည်သူတရပ်လုံးကို အလေး အနက်တိုက်တွန်း နှိုးဆော်ရင်း (၅၁) နှစ်ပြည့် တအာင်းအမျိုးသားတော်လှန်ရေး နှစ်ပတ်လည်နေ့ သဘောထားကို ထုတ်ပြန်ကြေညာ လိုက်ပါသည်။
“ဘ်ုပ်ဘိုန် ကုင်တအာင်း”
ဗဟိုကော်မီတီ
ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး (P.S.L.F/T.N.L.A)
0 comments:
Post a Comment