ဇွန်မှိုင်း (၁၃-၃-၂၀၀၆)
(၁)
မန္တလေးမြို့ထဲကနေ အေလမ်းမကြီးအတိုင်း မြို့အပြင်ဘက်ကို ထွက်ခဲ့ရင် ဆရာအတတ်သင်ကောလိမ်ကိုကျော်ပြီး မကြာခင်မှာပဲ အောင်ပင်လယ်ကန်ဘောင်ရိုးကိုရောက်မယ်။
အဲ့ဒီကန်ဘောင်ရိုးပေါ်က လှမ်းမျှော်ပြီးကြည့်လိုက်ရင် တမျှော်တခေါ် လယ်ကွင်းတွေကို မဆုံးနိုင်တော့ဘူးလိုတွေ့ရလိမ်မယ်။
အဲဒီလယ်ကွင်းတွေရဲ့ အဆုံးမှာတော့ အပြာရောင်ရှမ်းရိုးမ။ ဘယ်အချိန်မှာပဲကြည့်ကြည့် ရှမ်းရိုးမဟာ အိနြွေကြီးစွာပဲ တည်တည်ငြိမ်ငြိမ်လှပခန်းနားလွန်းလှတယ်။
အဲ့ဒီရှမ်းရိုးမထဲမှာတော့ ကျနော့်ခံစားမူတွေကို ခဏခဏအရောင်ပြောင်းပေးတတ်တဲ့ ပလောင်တောင်တန်းကြီးတွေရှိတယ်။
(၂)
ကျနော်ဟာ အလွန်ပူပြင်းခြောက်သွေ့တဲ့အညာမြို့ ကလေးတို့မြို့ရဲ့ ရွာကလေးတရွာမှာ ကျောင်းဆရာ ၄-၅-၆ နစ်သွားလုပ်ဖူးတယ်။ ဒီမြို့ကလေးရဲ့ ရာသီဥတုက ပူပြင်းခြောက်သွေ့လွန်းသလို၊ ဒီမြို့ကလေးမှာရှိကြတဲ့ လူတွေရဲ့ဘ၀တွေကတည်း ပူပြင်းခြောက်သွေ့လွန်းလှပါတယ်။နတ်တော်၊ပြာသိုလတွေဆို စပါးတွေရိပ်ကြ၊ လယ်တွေလည်းသိမ်းကြ၊ အစိုးရရဲ့စပါးဒိုင်မှာ တာဝန်ကျစပါးတွေ စိတ်မသက်မသာနဲ့ သွားရောင်းကြ၊ လက်ကျန်စပါးလေး နည်းနည်း ပုတ်တွေထဲ စပါးကျီတွေထဲ ထည့်ကြ၊ ပြီးပြီလားဆိုရင် ခရီထွက်ဖို့ပြင်ဆင်ကြရတော့တာပါ။ ဘယ်သူမှရွာမှာ နွေရာသီးမနေကြရဘူး။ နွေရာသီးရွာမှာ တယောက်မှမနေရလို့ အမိန့်ထုတ်ခံထားရသလိုပဲ။
တချို့ ကသာ ထီးချိုင့်ဘက်မြေပဲနှုတ်တက်ကြရတယ်။
တချို့က နမ်းမား ၊ ဟိုပင်ဘက် အုတ်ဖုတ်တက်ကြရတယ်။
တချို့က ရွေတော၊ ကျောက်စိမ်းတောတွေဆီသွားပြီး တူးကြ ရှာကြရတယ်။
တချို့က နမ့်ဆန် ၊ကွမ်ဟယ်ဘက်တက်ပြီး လက်ဖက်ခူးကြရတယ်။
တရွာလုံး တနယ်လုံး အိမ်စောင့်၊ကျီစောင့်လောက်ထားပြီး ကလေးလူကြီး ခရီးထွက်ကြရတာပါ။
အဲဒီထွက်တဲ့ ခရီးမှာ စားဖို့ဆိုပြီး လက်ပံပွင့်တွေအခြောက်လှန်းကြ ၊ ခရမ်းသီးခြောက်တွေလှန်းကြ၊ ဗူးသီးခြောက်တွေလှန်းကြနဲ့ ရိက္ခာတွေစုရတာလဲအမော။ အဲဒီရိက်ခါတွေ ပြင်ဆင်နေတဲ့ လသာသာစကားဝိုင်းတွေမှာတော့ သူတို့သွားခဲ့ဖူးတဲ့၊ ဒီနှစ်သွားမယ်လို့ ရည်စူးထားတဲ့ အရပ်ဒေသက သူတို့အလုပ်ရှင်တွေအြော့င်း တခုတ်တရပြောဆိုနေတတ်ကြပါတယ်။
”ငါတို့ပေါလိန်းက သိပ်သဘောကောင်းတယ်။စိတ်ရင်းလည်းဖြူတယ်။”
”ငါတို့ ပေါလိန်းကလည်း အဲဒီလိုပါပဲ၊ ပေးချင်ကျွေးချင် စိတ်လည်းရှိတယ်”
သူတို့လဘက်ခြံရှင်၊ အမြဲလိုလို ကြားရတတ်တဲ့စကားတွေပါ။
သူတို့လဘက်ခြံရှင်၊ လက်လက်တောင်ပိုင်တွေအကြောင်း၊ တကယ်ကို မဆုံးနိုင်တဲ့ တထောင့်တညပုံပြင်တွေပါ။ ပြောနေဆိုနေကြတာ ရွှန်းရွှန်းဝေလို့………
ဒီပုံပြင်တွေကြားရတာ ကျတော်ဝမ်းသာတယ်။
သူတို့ရဲ့ လက်ဖက်ခြံရှင် ပလောင်အမျိုးသားတွေဆိုတာ လူချမ်းသာတွေပါလား။
သူတို့ပြောပုံအရဆိုရင် စိမ်းစိမ်းမြမြ လက်ဖက်ခြံတွေနဲ့ သူတို့ဘ၀တွေကလည်း တကယ်ကိုကြည်နူးချမ်းမြရှိကြမယ့် သဘောပေါ့၊ ရှုခင်းတွေကလှသလို ဘ၀တွေကလည်းလှပစိုရွှန်းလို့ ၊ တွေးကြည့်ပြီး ကျတော်မုဒိတာဖြစ်မိတယ်။
(၃)
ကျတော်တို့ ရှစ်တန်းလောက်တုန်းက အဖြစ်အပျက်ကလေးတခုကို အမှတ်ရမိတယ်။
ဖေဖော်ဝါရီ လဆန်းရက်တရက်မှာပါပဲ။ မေမြို့မှာရှိတဲ့ ကျောင်းပေါင်းစုံက ကျောင်းသားတွေကို ဘူတာရုံကို ညနေ(၃)နာရီအရေက်ြစုဝေးကြဖို့အဖိတ်ခံရတယ်။
”ရှမ်းပြည်ကဆင်းလာမယ့် ပြည်ထောင်စုကိုယ်စာလှယ်တွေကို ကြိုဆိုဖို့ တဲ့ ”
အဲ့ဒီနှစ်က ပြည်ထောင်စုပွဲကို မန္တလေးမြို့ ရာပြည့်ကွင်းမှာ ကျင်းပမယ့်နှစ်ပေါ့။ ကျနော်တို့လည်း နေရာယူထားကြပြီ။ ညနေ(၃)နာရီမိန်နစ်(၂၀)ဆိုရင် လာရှိုးမန္တလေးအစုန်ရထား မေမြို့ဘူတာရုံကို ဆိုက်လာတော့မယ်။
”ပြည်ထောင်စုနေ့ ကိုယ်စားလှယ်တော်ကြီးများအား လှိုက်လှဲစွာကြိုဆိုပါသည် ”ဆိုတဲ့ အ၀တ် နဖူးစည်းစာတမ်းကြီးတွေကလည်း ဘူတာရုံစင်္ကြန်တွေထဲမှာ တလူလူတလွင့်လွင့်နဲ့ပေါ့။
ကျတော်တို့လည်း တမျှော်မျှော်နဲ့ သံလမ်းတလျောက် ကျောက်မဲဆီကို လှမ်းလှမ်းပြီး မျှော်ကြည့်နေကြလို့လေ ။
အဲဒီအချိန်မှာ ဥသြသံပေးပြီး လာရှိုးရထားကြီး ၀င်လာပါပြီ။
ရထားပေါ်မှာ ပလောင်အမျိုးတွေ ၊အမျိုးသမီးငယ်တွေ။
ရိုးရာဝတ်စုံအပြည့်နဲ့၊ လှလိုက်တာ ၊ အားလုံးက ပြုံးပြုံးငယ်တွေ၊
”ပလောင်အမျိုးသားတွေ ကျန်းမာပါစေ”
”ပြည်ထောင်စု ကိုယ်စားလှကြီးတွေ ကျန်မာပါစေ”
ကျနော်တို့ ကျောင်းသား ၊ကျောင်းသူတွေရဲ့ ကြွေးကြော်သံတွေကလည်းတလှိုက်တလှဲ။
ပလောင်အမျိုးသားတွေနဲ့ အမျိုးငယ်တွေရဲ့ မျက်ဝန်းတွေကလည်း ကြည့်နူးမူတွေနဲ့ ရွှန်းရွှန်းလက်လက်။ သူတို့အပြုံးတွေကလည်း ကျက်သရေရှိမှရှိ။ ကျတော့်စိတ်ထဲမှာ ပြည်ထောင်စုနေ့ဆိုတာကိုရော၊ တိုင်းရင်းသား ညီအကိုမောင်နှမများရဲ့ ချမ်းမြေ့မူကိုရော တကယ်ကို အစစ်အမှန်ပဲလို့ ယူဆယုံကြည်ခဲ့မိတာပါ။ သူတို့ကို ကြည့်နေရင်း အော်ဟစ်နှုတ်ဆက်ရင်း မျက်ရည်ကျမတတ် ကြည်ကြည်နူးနူး ကျတော် ပျော်ခဲ့ဖူးတယ်။ အရာရာကို ယုံကြည်စွာပဲ ကျတော်တကယ်ပျော်ခဲ့တာပါ။ အဲဒီတုန်းက ကျတော်ကလည်း ရှစ်တန်းကျောင်းသားလေးပဲ ရှိသေးတာကိုး။
(၄)
ကျတော်ဆယ်တန်းတက်တဲ့နှစ်လို့ထင်တယ်။
ကျတော်တို့ကျောင်းတွေမှာ စာသိပ်မသင်တော့ဘူး။
(Private Study ) ကိုယ်ပိုင်စာကျက်ချိန် အပေးထားတဲ့ အချိန်မျိုးမှာ… ကျောင်းနှင့် မလှမ်းမကမ်းက ယူကလစ်တောတွေအောက်မှာ၊ စိန်နားပန်ခြံတွေကြားမှာ မိုးကာစတွေနဲ့ မပီမပြင်ထိုးထားတဲ့ တဲတချို့ကို လှမ်းတွေ့ရတယ်။ ကျတော် ရုတ်တရက်ဆို အံ့အားသင့်သွားတာပေါ့။
ဒီနေရာတွေက ကျတော်တို့ငယ်ငယ်ကတည်းက သေနတ်ပစ်တမ်း ကစားတဲ့နေရာတွေပဲ။ အရင်က ဒီနေရာမှာ ဘာတဲမှမရှိခဲ့တာမှ မဟုတ်တာ။ အခု….ဘယ်လိုလုပ်ပြီး တဲလေးတွေရောက်နေပါလိမ့်။ကျတော်စဉ်စားကြည့်တယ် အဖြေမပေါ်ဘူး။ ဒါနဲ့…ကျနော့်သူငယ်ချင်းနဲ့ ကျနော်”သွားကြည့်ကြရအောင်”ဆိုပြီး အဲဒီတဲလေးတွေဆီထွက်လာခဲ့ကြတယ်။
ကျတော်တို့ အနားရောက်တော့ တဲထဲမှာရော တဲအပြင်မှာရော အလွန်ပဲ မောပန်းနွမ်းရိစွာနဲ့လှဲနေကြတဲ့၊ မိုးတိုးမတ်တပ်ရပ်နေကြတဲ့ မိသားစုတွေကို တွေ့ရတယ် သူတို့ဝတ်ထားတာက အပြာရောင်၊ အနက်ရောင်ကဲတဲ့ အ၀တ်အစားတွေ။ တချို့က ခါးမှာ ငွေကွင်းတွေ ပတ်ပြီး ၀တ်ထားလို့ ၊ တချို့အမျိုးသမီးတွေက ကတုံးတုံးထားကြတယ်၊ ဆံပင်ဆတုံးတွေ မရှိကြဘူး။တချို့ကလေးတွေက အင်္ကျီတုံးလုံ။တူညီနေတာက သူတို့အားလုံးရဲ့မျက်လုံးတွေမှာ အရောင်မရှိကြတော့တာ။
မျှော်လင့်ချက်တွေ ပျောက်ဆုံးသွားတဲ့ မျက်လုံးမျိုး။ ကျတော်တို့(၂)ယောက်ကို သူတို့ကလည်းအကဲခတ်နေပုံပါပဲ။ ”ဘယ်ကလာကြတာလဲ” ဘာဖြစ်လို့ ဒီမှာ တဲထိုးပြီးနေကြရတာလဲ”လို့ ကလေးတယောက်ရဲ့ စူးစမ်းမူမျိုးနဲ့ ကျတော်တို့ မေးကြည့်ကြတယ်။သူတို့ဘာတလုံးမှမဖြေဘူး။ ကျတော်တို့ကိုသာ စိုက်ကြည့်နေတယ်။ကျတော်တို့ဟာ သူတို့ကို ဒုက္ခပေးမယ့်သူတွေ မဟုတ်လောက်ဘူးလို့တော့ သိရှိနေပုံ၇ပါတယ်။ဒါပေမယ့် ဘာမှတော့ ပြန်မပြောဘူး။ မိသားစုတွေ အနည်းဆုံးဆယ်စုလောက်တော့ ရှိမလားပဲ။နောက်မှသိရတာက သူတို့ဟာ ပလောင်အမျိုးသားတွေတဲ့။သူတို့ဆီမှာ စစ်ဖြစ်လို့ စစ်ပုန်းရင်း ပြေးမိပြေးရာ ပြေးလာရာက ဒီကိုရောက်လာတာတဲ့။ ဘယ်လိုဖြစ်ရှာကြတာပါလိမ့်။
လွန်ခဲ့တဲ့(၂)နစ်လောက်ကပဲ ဒီပလောင်အမျိုးးတွေကို ပြည်ထောင်စုကိုယ်စားလှယ်တော်ကြီးများအဖြစ် ကျတော် ကြည်ကြည်နူးနူးကြိုခဲ့ဖူးသေးတာပဲ။
အခုဘယ်လိုဖြစ်ကြတာလဲ။ဘာကြောင့်ဖြစ်ကြတာလဲ။စစ်ပွဲရဲ့ အရင်းခံတရားက ဘာလဲ။ စစ်မဖြစ်ပဲ တခြားနည်းနာနဲ့ ဖြေရှင်းလို့ရော မရကြတော့ဘူးတဲ့လား။ ကျတော့်ဦးနှောက် နုနုလေးက ဘာအဖြေကိုမှ တိတိကျကျမပေးနိုင်သေးခင် တဲတွေသာ တလုံးပြီးတလုံး ပိုပိုပြီးတိုးလာနေတာကို ကျတော်နားမလည်နိုင်စွာပဲတွေ့မြင်နေရပါတယ်။
(၅)
ကျတော်က ခလေးတွေနဲ့မို့ ၊မပြည့်မစုံ အချက်အလက်တွေနဲ့မို့ သိနားလည်မူတွေကလည်း ဟိုတစဒီတစ မပြည့်မစုံဖြစ်ခဲ့ရတာပါ။
တကယ်ဆိုတော့..ပလောင်ပြည်သူတွေ မငြိမ်းမချမ်းဖြစ်ခဲ့ရတာ အတော်တောင်ကြာခဲ့ပြီပဲ။
”အင်အားကြီးသူတို့က အာင်းအားငယ်သူတို့အပေါ်အနိုင်အထက်ပြုကျင့်မူတွေ၊ လူမျိုးစုကြီးက လူမျိုးစုငယ်တွေအပေါ် တာဝန်မဲ့ပြုကျင့်မူတွေ၊ အားဏာရသူတို့က အာဏာတည်မြဲရေးအတွက် ဗိုလ်ကျဖောက်ပြန်ပြုကျင့်မူတွေ ၊ မဟာလူမျိုးကြီးနဲ့ လူမျိုး ပဠိပက္ခတွေ၊ တိုင်းရင်းသား အရေးပြဿနာတွေ အတော်မသတ်နိုင်တော့ဘဲ ပြည်တွင်းစစ်မီး တောက်လောင်လာခဲ့တယ်။”
ပလောင်ပြည်နယ် လွတ်မြောက်ရေးတပ်မတော် (PSLA) ဥက္ကကြီး တာအိုက်မုန်းရဲ့ (၄၀) နှစ်မြောက်ပလောင်ပြည်နယ် လွတ်မြောက်ရေးတပ်မတော်နေ့မှာ ပြောကြားတဲ့မိန်ခွန်းပါ။ဒီမိန့်ခွန်းကို ကျတော် သဘောတူတယ်။
အင်အားကြီးသူက အင်အားငယ်သူကို အနိုင်အထက် စော်ကားမော်ကားဗိုလ်ကျစိုးမိုးတာဟာယဉ်ကျေးတဲ့ လူ့အဖွဲ့အစည်းမှာ လုံးလုံးမရှိသင့်ပါဘူး။ ဒါပေမယ့် လူအဖွဲ့အစည်းမှာ လုံးလုံးမရှိသင့်ပါဘူး။ ဒါပေမယ့် …ဗိုလ်နေ၀င်း စစ်အုပ်စုရဲ့ဖောက်ပြန်ရမ်းကားတဲ့ စစ်ဝါဒနဲ့ အမြော်အမြင်မဲ့တဲ့လုပ်ရပ်တွေကြောင့် မိမိကိုယ်ကိုယ် ကာကွယ်ဖို့၊ ရပ်တည်ရှင်သန်ဖို့ ကျတော်တို့ နိုင်ငံမှာရှိတဲ့လူမျိုးစုတိုင်း လက်နက်ကိုင်ခဲ့ကြရတယ်။
သူတို့လိုချင်တာဟာ ငြိမ်းချမ်းရေး၊ သူတို့လိုချင်တာဟာ လုံခြံတည်ငြိမ်ူ၊ သူတို့လိုချင်တတာဟာ အမျိုးသားရေး ဂုဏ်သိက္ခာ၊သူတို့လိုချင်တာဟာ အမျိုးသားတန်းတူရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့်။ အဲ့ဒီလိုအပ်ချက်တွေ သူတို့စစို မလွဲမရောင်သာ တိုက်ခဲ့ကြရတယ်။ ဒီအချက်ကို ဥက္ကဌကြီး တာအိုက်မုန်းက သူ့မိန့်ခွန်းထဲမှာ အခုလိုဆက်ပြီး ရှင်းပြခဲ့တယ်။
”ခေတ်အဆက်ဆက်တို့မှာ နိုင်ငံရေးအထွေထွေပြဿနာ၊ တိုင်းရင်းသားအရေးပြဿနာတွေကို အာင်းအားသုံးဖြေရှင်းရေး၊ စစ်ရေးဖြင့် အနိုင်ရရေးတို့ကိုသာ အလေးထားကျင့်သုံးခဲ့တာကြောင့် နိုင်ငံရေးပြေလည်မူ မရရှိတော့ဘဲဖြစ်လာရတယ်။”
(၆)
ငြိမ်းချမ်းရေးကိုရအောင် ဘယ်လိုယူကြမလဲ။
စစ်အနိုင်တိုက်တဲ့နည်းလား၊ သူမနာကိုယ်မနာ တွေ့ဆုံဆွေးနွေး အဖြေရှာတဲ့နည်းလား။ ဒုတိယနည်းကို ရွေးချယ်ဖို့ ၁၉၉၁ ဧပြီလ (၂၁) ရက်နေ့မှာ ပလောင်ပြည်နယ် လွတ်လပ်ရေးတပ်မတော်က ဆုံးဖြတ်လိုက်ကြတယ်။
နိုင်ငံရေးအရ စကာပြောကြဖို့ဆိုရင် ပထမခြေလှမ်းက အပစ်အခတ်ရပ်စဲရလိမ့်မယ်။
ဒါဟာ…….သဘာဝကျတယ်။
ဒါကြောင့်ပဲ…အပစ်အခတ်ရပ်စဲထားတဲ့ တော်လှန်ရေးအင်အားစုတွေရဲ့ တညီတညွတ်တည်းသော တောင်းဆိုသံကို ကျတော်တို့ကြားကြရတယ်။ အဲ့ဒါက `နိုင်ငံရေးအရ စကားပြောချင်တယ်’ ဆိုတဲ့အချက်ပဲ။
ဒါနဲ့ပတ်သတ်ပြီး အစိုးရကို အကြိမ်ကြိမ်တင်ပြခဲ့ ၊ ကမ်းလှမ်းခဲ့တယ်။ နအဖ ကတော့ တခွန်းတည်းသောအဖြေကိုသာပေးတယ်။ `နိုင်ငံရေးကိစ္စတွေကို အမျိုးသား ညီလာခံမှာ ပြောကြပါ ‘တဲ့။
(၇)
ယုံကြည်လွန်းလို့ မဟုတ်ပေမယ့် အမျိုးသားညီခံကို နိုင်ငံရေးအရ စကားပြောစရာ စင်မြင့်အဖြစ် သုံးပြုခဲ့ရတယ်။ ပလောင်ပြည်နယ် လွတ်မြောက်ရေးအဖွဲ့ (PSLO)ဟာ အခြား အပစ်အခတ်ရပ်စဲထားတဲ့ ညီအကိုအဖွဲ့တွေနဲ့အတူ `မျက်မှောက်ကာလ အခြေအနေနှင့် ပတ်သတ်၍ ငြိမ်းချမ်းရေးရယူထားသော် လက်နက်ကိုင်အဖွဲအစည်းများ၏သဘောထား’ဆိုတာကို ပူးတွဲထုတ်ပြန်ခဲ့တယ်။
တကြိမ်မဟုတ်ဘူး..အကြိမ်ကြိမ်တင်ပြခဲ့တာပါ။ ၂၀၀၄ ခုနှစ် မေ(၁၇)မှာ နှစ်ပေါင်းများစွာရပ်စဲထားတဲ့ အမျိုးသားညီလာခံကို ပြန်စတော့မယ်ဆိုပြီ ဖိတ်ကြားရေးတွေ လုပ်နေတဲ့အချိန်မှာ….
ပလောင်ပြည်နယ် လွတ်မြောက်ရေးအဖွဲ့ဟာ….ကချင်ပြည်နယ်လွတ်မြောက်ရေးအဖွဲ့ (KIO)၊ မွန်ပြည်သစ်ပါတီ (NMSP ) ၊ ရှမ်းပြည်တပ်မတော် ( SSA) ၊ ရှမ်းပြည်အမျိုါ်သားတပ်မတော် (SSNA) ၊ကယန်းပြည်သစ်ပါတီ (KNLP ) ၊ ရှမ်းပြည် လူမျိုးပေါင်းစုံ ပြည်သူ့ လွတ်မြောက်ရေးအဖွဲ့ (SNPLO ) ၊ ကရင်နီပြည် လူမျိုးပေါင်းစုံ ပြည်သူ့ လွတ်မြှောက်ရေးတပ်ဦး ( KNPLF) တို့နှင့်အတူ နအဖ ၀န်ကြီးချူပ်ထဲကို ပူးတွဲကြေငြာ ချက်တစောင်တင်ပြခဲ့တယ်။
အဲဒီတင်ပြချက်မှာ ………………
၁။ အမျိုးသားညီလာခံ၏ နိုင်ငံရေးဦးတည်ချက်များမှ နံပါတ်(၆)သည် ဒီမိုကရေစီလုပ်ထုံးလုပ်နည်းနှင့် မကိုက်ညီ၊ လူထုဆန္ဒနှင့်လည်း မကိုက်ညီသည့်အတွက် ဆွေးနွေးညှိနှိုင်းပြင်ဆင်ခွင့်ရှိရန်။
၂။ ယခင်ချမှတ်ထားသော အခြေံမူ (၁၀၄)ချက်အနက် ဒီမိုကရေစီလုပ်ထုံးလုပ်နည်းနှင့် မကိုက်ညီသော အချက်အလက်များကို ပြန်လည်ဆွေးနွေး ပြင်ဆင်ခွင့်ရှိရန်။
၃။ အမျိုးသားညီလာခံကျင့်ပနေစဉ်တွင်း ပြည်ထောင်စု၏ကောင်းကျိုးတွက်အကြံညဏ် ကောင်းပေးနိုင်မည့် မည်သည် ပုဂ္ဂိုလ် ၊ အဖွဲအစည်းနှင့်မဆို လွတ်လပ်စွာ တွေ့ဆုံဆွေးနွေးနိုင်ခွင့်ရှိရန်။
၎။ အမျိုးသားညီလာခံ ကျင်ပနေစဉ်တွင်း ၊အမျိုးသားညီလာခံ ကိုယ်စားလှယ်များသည် မိမိတို့၏ သက်ဆိုင်ရာ မိခင်အဖွဲ့အစည်းနှင့် လွတ်လပ်စွာ ဆက်သွယ်တွေ့ဆုံ၍ အကြံအဥာဏ်ရယူဆွေးနွေး နိုင်ခွင့်ရှိရန်။
၅။ ၁၉၉၀ခုနှစ် ပြည်သူလူထုတရပ်လုံးက တခဲနက်ရွေးကောက်တင်မြှောက်ထားသော ပြည်သူ့ ကိုယ်စားလှယ်များ အများညီလာခံသို့ တက်ရောက်ခွင့်ရှိရန်။
၆။ အပစ်အခတ်ရပ်စဲပြီး တိုင်းရင်းသား ပြည်သူများကို အမှန်တကယ်ကိုယ်စားပြုသောအဖွဲ့အစည်းများ ၊ အပစ်အခတ်မရပ်စဲသေးသည့် အဖွဲ့အစည်းများကိုလည်း ငြိမ်းချမ်းရေးအမြန်ရယူပြီး အမျိုးသား ညီလာခံသို့ တက်ရောက်ခွင့်ရှိရန်။
၇။ ၁၉၉၇ ခုနှစ်ဇွန် ရက်နေ့တွင် ထုတ်ပြန်ထားသော ဥပဒေအမှတ် (၅/၉၆) သည် ယခင်(၁၉၉၃ -၉၆) အမျိုးသားညီလာခံအား အကာအကွယ်ပေးသည့် ဥပဒေဖြစ်နေခြင်းကြောင့် ၄င်း ဥပဒေကို ရုပ်သိမ်းပေးရန်။
စတဲ့အချက်တွေကို ပြတ်ပြတ်သားသား တင်ပြတောင်းဆိုထားပါတယ်။ သိပ်ကိုကောင်းတဲ့ တောင်ချက်တွေပါ။ ဒီတင်ပြချက်တွေကို ကြည့်ရုံနဲ့ဒီ အစည်းတွေရဲ့ နိုင်ငံရေးအနက်အရှိုင်းကို ကျတော်တို့မြင်ရပြီ ။ကျနော်တို့ မြင်ရသလို စစ်အုပ်စုကလည်းမြင်သွားပြီး။ ဒီအတွက် စစ်အုပ်စုက ဘယ်လိုတုန့်ပြန်လာသလဲ။
(၉)
အပစ်အခတ်ရပ်စဲရေး နယ်မြေတွေထဲထိ နအဖတပ်တွေ တိုးချလာတယ်။ဖြတ်လေးဖြတ် ပုံသဏ္ဍာန်မျိုး ၀ိုင်းပတ်ပိတ်ဆို့လာတယ်။သတ်ကွင်းထဲကို အတင်းမောင်းထည့်သလို ၀ိုင်းထားပြီး၊ ဖိအားပေးတာ ခြိမ်းခြောက်တာတွေ အမျိုးမျိုးလုပ်လာပြီးတဲ့နောက်….
၂၀၀၅ ဧပြီ (၂၉) နှစ် နှင့် (၈)ရက်ပြည့်တဲ့နေ့မှာ `လက်နက်နှင့် ငြိမ်းချမ်းရေး အပြီးအပိုင် လဲလှယ်ပွဲ ´ ဆိုတာကို အတင်းလုပ်ခိုင်းလာတယ်။
`လက်နက်ကိုင် လမ်းစဉ် မှားယွင်းကြောင်း ၊ တပ်မတော်ရဲ့ သဘောထားအမှန်ကို သိမြင်ပါကြောင်း၊ခုမှပဲ ငြိမ်းချမ်းရေး အစစ်အမှန်ကို ရရှိတာဖြစ်ကြောင်း´ ကိုယ်မယုံတာတွေကို ယုံချင်ယောင်ဆောင်ပြီး ရင်နာနာနနှင့် ပြောခဲ့ကြရတယ်။
စင်မြင့်ပေါ်တက်ပြီး ပြောနေသူတွေရဲ့ မျက်နှာကိုကျတော်ဖတ်ကြည့်တယ်။ ကျတော် ရင်အနင့်ဆုံးမြင်ကွင်းတွေပါပဲ။ ဒီမြင်ကွင်းတွေဟာ ကျတော်မမြင်ချင်ဆုံး ၊ ကျတော် မမြင်ရက်ဆုံးမြင်ကွင်းတွေပါ ။
ကျနော်ဟာ ကျနော်ယုံတာကိုပဲ ပြောချင်တယ်။ မယုံကြည်တာကို လုံးလုံးမပြောချင်ဘူး။
တခြားလူတွေကိုလည်း ကိုယ်ယုံကြည်တာကိုပဲ ၊ တည်ကြည်ဖြောင်းစင်းလွတ်လပ်စွာ ပြောခွင့်ရစေချင်တယ်။
တစု့တရာက တစုံတဦးရဲ့ နားတွေကို ၊မျက်လုံးတွေကို၊ ပါးစပ်တွေကို ဘယ်လိုအကြောင်းပြချက်နဲ့မှ ပိတ်မထားသင့်ပါဘူး ။အနည်းဆုံးကျတော်တို့ ပါးစပ်တွေနြ့၊ ကျတော်တို့ လက်တွေကိုတော့ ကျတော်တို့ပိုင်ဆိုင်ခွင့်ရသင့်ပါတယ်။
(၁၀)
တခါ တခါမှာ ၀မ်းသာ ၊ တခါ တခါမှာ ကြေကွဲ ၊ တခါတခါမှာ မသက်မသာ၊ တခါတခါမှာ လှိုက်လှဲ။
ကျတော့်ခံစားမူတွေကို ခဏခဏအရောင်ပြောင်းစေခဲ့တဲ့ ပလောင်တောင်တန်းကြီးတွေ၊ အဲ့ဒီပလောင်တောင်တန်းကြီးတွေကိုယ်တိုင် အရောင်ပြောင်းသြွးစေမယ့် နေ့သစ်တနေ့ကို ဖန်ဆင်းနိုင်တဲ့စွမ်းပကားဟာ ပလောင် ပြည်သူတွေရဲ့ နှလုံးသားထဲမှာ အခိုင်အမာ ရှိနေလိမ့်မယ်ဆိုတာ ကျတော်ယုံတယ်။
ပလောင် ပြည်သူတွေ အမြန်ဆုံးလွတ်မြောက်နိုင်ပါစေ။
-----------------------------------------------------------------------------------------
ကေးစူးဒါင်း တာ်; လိုည်းကီဒီဇား ချှေ; ၀ီးငါ်;ထီဝ်းဘေဲ,နီး ခေဲင်း ကောမ်ပျူတာ
0 comments:
Post a Comment