ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့နယ်၊ ကွမ်းစလန်းရွာ ၏ မြောက်ဘက် ပန်ကွဲ လမ်းခွဲဒေသတွင် ယနေ့ သြဂုတ်လ ၊ ၁၂ ၊ ၂၀၁၃ နေ့ခင်း အချိန်တွင် အစိုးရတပ် နောင်ချိုအခြေစိုက် (ခမရ -၁၇) နှင့် တအာင်းလွတ်မြောက်ရေး တပ်မတော် ( TNLA) တို့ တိုက်ပွဲဖြစ်ပွားခဲ့ပါသည်။
တိုက်ပွဲဖြစ်ပွားချိန်တွင် နေ့လည်ခင်း နှစ်နာရီ ဆယ့်ငါး(၂း၁၅)မိနစ်စတင်တိုက်ခိုက်ပြီး နေ့လည်ခင်း နှစ်နာရီ သုံးဆယ် (၂း၃၀) မိနစ်မှ တိုက်ပွဲ ပြန်ငြိမ်သွားသည်ဟု ကွမ်းစလန်ရွာခံတစ်ဦးမှ ပြောပါသည်။
“ဒီလိုတိုက်ပွဲဖြစ်တော့ ပြည်သူတွေကကြောက်နေကြတယ်။ ယခုအချိန် မှာ ကျောင်းဖွင့် ချိန်ဖြစ်နေတယ်။ ကလေးတွေ ကျောင်းသွားတယ်ဆိုတော့ စိုးရိမ်နေရတယ်။ ကလေးတွေ အတွက်လည်း ပညာရေး အတွက်လည်း အနှောက်အယှက်ဖြစ်တယ်။ လူကြီးတွေလည်း အလုပ်ကောင်းကောင်း လုပ်လို့မရဘူး။ လွန်ခဲ့တဲ့ ဇူလိုင်လ (၃၁)ရက်တုန်းက အစိုးရတပ်နှင့် တအာင်းလွတ်မြောက်ရေး တပ်မတော် ငြိမ်းချမ်းရေးဆွေး နွေးတယ်လို့လည်း ပြောတယ်။ စစ်ကြောင်းတွေ ကလည်း ရွာမှာ တက်လာတယ် ဆိုတော့ သူတို့ဆွေးနွေးတဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲက ဘယ်လိုလဲ။” ဟု ကွမ်းစလန်ရွာခံတစ်ဦးမှ ထပ်မံပြောဆိုသည်။
၃၁-ရက်ဇူလိုင်လ၂၀၁၃တွင် မြန်မာနိုင်ငံငြိမ်းချမ်းရေးဖော်ဆောင်ရေး ကော်မတီ ဦးအောင်မင်းမှ ဦးဆောင်ပြီးTNLA နှင့်မူဆယ်မြို့တွင်ငြိမ်းချမ်းရေးဆွေးနွေးပွဲပြုလုပ်ခဲ့ရာ နောက်တစ်ကြိမ်တွေ့ဆုံဆွေးနွေးပွဲ တွင် စစ်မှန်သည့်အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေး ထိုးနိုင်ရန် နှစ်ဖက် လက်နက်ကိုင်ပဋိပက္ခတိုက်ပွဲ များလျော့ချနိုင်ရေး၊ နှစ်ဖက်ဆက်သွယ်ဆောင်ရွက်ချက်များ ဆောင်ရွက်ကြရန်စသည့်အချက်များကို သဘောတူခဲ့ကြပါသည်။
ဤတွေ့ဆုံပွဲ ၁၁ရက်မြောက်နေ့တွင် စစ်ပွဲထပ်မံဖြစ်ပွားခဲ့ကြသည့် အပေါ် တွင် တအာင်းပြည်သူလူထုများသည် တိုက်ပွဲ ဆက်တိုက်ဖြစ်ပွားမည်ကို စိုးရိမ်နေကြသည်။
Sohttp://www.palaungwomen.com/index.php?option=com_content&view=article&id=410%3A-tnla-&catid=3%3Alatest-news&Itemid=18urce
0 comments:
Post a Comment