ဇူလိုင်လ ၂၀၁၃
P.S.L.F နှင့် မြန်မာအစိုးရတွေ့ဆုံဆွေးနွေးမှုတွင် ဖြေရှင်းရမည့် P.S.L.F တင်ပြသည့် အချက် ၉ ချက်
၁။ နိုင်ငံရေးပြဿနာကို ဖြေရှင်းနိုင်မည့် တိကျသော အချိန်ဇယား၊ လုပ်ငန်းစဉ်များပါဝင်သည့် နိုင်ငံရေး ဆွေးနွေးပွဲပြုလုပ်ရန်
၂။ နှစ်ဘက်လက်နက်ကိုင်ပဋိပက္ခ ထိတွေ့မှု လျော့ချရန်
၃။ တအာင်းတပ်ဖွဲ့၏ အုပ်ချုပ်ရေးနယ်မြေ၊ စည်းရုံးရေးနယ်မြေများ (နမ့်ဆန်၊ မန်တုံ၊ နမ့်ခမ်း၊ မူစယ်၊ ကွတ်ခိုင်၊ နမ္မတူ မိုးမိတ်၊ မိုးကုတ်မြို့ နယ်နှင့် ကျောက်မဲမြို့နယ်ခွဲ) တွင်ရှိသော မြန်မာတပ်ဖွဲ့များ မူလတပ် ရင်းနေရာသို့ ရုပ်သိမ်းပေးရန်
၎။ စစ်ဘေးဒဏ်သင့် တအာင်းဒေသ ဖွံ့ဖြိုးရေးလုပ်ငန်းများ လုပ်ဆောင်ခွင့်
၅။ တအာင်းဒေသအတွင်းနိုင်ငံရေးလွတ်လပ်ခွင့် (နိုင်ငံရေးပါတီ၊ လက်နက်ကိုင်အဖွဲ့အစည်း၊ လူထုအဖွဲ့ အစည်း)
၆။ တအာင်းဒေသအတွင်းရှိ မူးယစ်ဆေးဝါး ပြဿနာများ ကို မြန်မာနိုင်ငံတော်အစိုးရ၊ နိုင်ငံတကာ အဖွဲ့အစည်း များနှင့်အတူ ပွင့်လင်းမြင်သာမှုရှိစွာ ပူးပေါင်းဖြေရှင်းသွားရန်
၇။ တအာင်းဒေသထွက် သယံဇာတများ ထိန်းသိမ်းကာကွယ်ခွင့် အကျိုးခံစားခွင့်
၈။ တအာင်းနိုင်ငံရေးအကျဉ်းသားများ ပြန်လွတ်ပေးရန်
၉။ ၂၀၀၅ ခုနှစ်တွင် မိမိတို့၏မိဘများဖြစ်သည့် ပလောင်ပြည်နယ် လွတ်မြောက်ရေးတပ်မတော် -P.S.L.A အား လက်နက်ဖြုတ်သိမ်းခဲ့သည်မှာ မှားယွင်းကြောင်း တပြည်လုံးသိရှိစေရန်အတွက် ကြေညာပေးရန်
ဦးအောင်မင်းဦးဆောင်သည့် ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီ မှ ပြည်နယ်အဆင့်တွေ့ဆုံဆွေးနွေးပွဲသို့ တင်သွင်းသည့် အချက်လေးချက်
............................................................................................
(က) အပစ်အခတ်ရပ်စဲရေးလက်မှတ်ရေးထိုးရန်
(ခ) နယ်မြေသတ်မှတ်ရေး
(ဂ) ဆက်ဆံရေးရုံးဖွင့်လှစ်ရန်
(ဃ) နောက်တကြိမ် ထပ်မံတွေ့ဆုံဆွေးနွေးရန်
P.S.L.F/T.N.L.A နှင့် မြန်မာအစိုးရ ပထမဦးဆုံး အကြိမ် ပြည်နယ်အဆင့် ငြိမ်းချမ်းရေးတွေ့ဆုံဆွေးနွေးပွဲရလာဒ်
(က) အောင်မြင်သော တွေ့ဆုံဆွေးနွေးပွဲတခုဖြစ်
(ခ) နောက်တကြိမ်တွေ့ဆုံဆွေးနွေးပွဲကို အမြန်ဆုံး ကျင်းပဆောင်ရွက် သွားနိုင်ရန်နှင့် အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးနိုင်ရန်
(ဂ) အပစ်အခတ်ရပ်စဲရေးလက်မှတ်ရေးထိုးပြီးပါက အားလုံးပါဝင် သည့် နိုင်ငံရေးတွေ့ဆုံဆွေးနွေးပွဲ Political Dialogue လုပ်ဆောင်သွားရန်
မှတ်ချက်။ ။ တိုင်းရင်းသားအများပြည်သူ မီဒီယာ တို့အားထုတ်ဖော်ပြော ဆိုမည့် နှစ်ဦးနှစ်ဖက် နှုတ်အရ သဘောတူညီချက်ဖြစ်သည်။ လက်မှတ်ရေးထိုး သဘောတူခြင်းမရှိပါ။
ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး P.S.L.F
တအန်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် T.N.L.A
၃၁ ရက်၊ ဇူလိုင်လ ၂၀၁၃ ခုနှစ်။

0 comments:
Post a Comment