2013-08-13 (RFA Burmese )
ပြည်တောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေးလုပ်ငန်းကော်မတီနဲ
ရှမ်းပြည်မြောက်ပိုင်း ကျောက်မဲခရိုင် ကွန်စလန်းရွာအနီးမှာ TNLA
ပလောင်တပ်ရင်း ၇၁၇ က တပ်ရင်းမှူး ဗိုလ်ကြီး တာအိုမ်တာမောဝ် ဦးဆောင်တဲ့
တပ်ဖွဲ့တွေနဲ့ ကျောက်မဲအခြေစိုက် အမှတ် ၁၇ ခြေမြန် တပ်ရင်းက အစိုးရတပ်တွေ
တိုက်ပွဲဖြစ်ပွားခဲ့တာလို့ PSLF အဖွဲ့က အထွေထွေအတွင်းရေးမှူး
ဒုဗိုလ်မှူးကြီး တာဘုန်းကျော်က ပြောပါတယ်။
"ကျွန်တော်တို့
အဖွဲ့က မူဆယ်မှာ တွေ့ဆုံဆွေးနွေးခဲ့တဲ့ နိုင်ငံရေး ငြိမ်းချမ်းရေးကိစ္စ
တွေ့ဆုံရှင်းလင်းပွဲ ရယ် ပြီးတော့ မူးယစ်ဆေးဝါး တိုက်ဖျက်ရေးအတွက်
ရှင်းလင်းပွဲကို မနေ့က ကွန်စလန်းရွာမှာ လုပ်တယ်၊
ရှင်းလင်းပွဲလုပ်ပြီးတာနဲ့ သူတို့ကလည်းလိုက်လာတယ်၊ ရွာရဲ့ အပေါ်ဘက်
လမ်းခွဲရောက်တဲ့အချိန်မှာ သူတို့နဲ့ ကျွန်တော်တို့ တိုက်ပွဲဖြစ်ကြတာပါ၊
သူတို့က လက်နက်ကြီးတွေနဲ့ ပစ်လိုက် ကျွန်တော်တို့ ဘက်က ပြန်ပစ်လိုက်နဲ့
တိုက်ပွဲကနာရီဝက်လောက်ကြာတယ်၊ သူတို့ဘက်က နှစ်ယောက် ဒဏ်ရာရသွားတယ်၊
သေမလားရှင်မလား၊ ဘယ်လောက်ထိဒဏ်ရာရလဲ မသိဘူး၊ အဲဒီနောက်ပိုင်းတော့
တိုက်ပွဲပြီးသွားတာပေါ့"
လောလောဆယ် တိုက်ပွဲပြန်ဖြစ်ပွားတာမရှိသေး
ပလောင်ပြည်နယ် လွတ်မြောက်ရေးတပ်ဦး PSLF နဲ့ ပြည်တောင်စု
ငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီအဖွဲ့တို့ရဲ့ ပြည်နယ်အဆင့်
ငြိမ်းချမ်းရေးဆွေးနွေးပွဲကို ရှမ်းပြည်မြောက်ပိုင်းမူဆယ်မြိ
"ကျွန်တော်တို့
အပစ်အခတ်ရပ်စဲရေး လက်မှတ်ထိုးနိုင်ဖို့အတွက်က သူတို့ ဘက်က
ဒီစစ်ရှိန်ကို လျှော့ချဖို့၊ ပြီးတော့ ဒီ ၂ဝ၁၁ ကနေ ၂ဝ၁၃ ကြားကာလ ထဲမှာ
သူတို့ တိုးချဲ့တဲ့တပ်တွေကိုလည်း သူတို့ရဲ့ မိခင်တပ်တွေ ပြန်ဆုတ်
သွားဖို့ တောင်းဆိုထားတာရှိတယ်လို့ ပြောပါတယ်"
PSLF
အဖွဲ့ဟာ လွန်ခဲ့တဲ့ ၂ဝ၁၂ ခုနှစ် နိုဝင်ဘာလက ပြည်ထောင်စု
ငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီ ဒုဥက္ကဌ ဝန်ကြီး
ဦးအောင်မင်းနဲ့ ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ အလွတ်သဘော တွေ့
ဆုံခဲ့ပြီး အခုနှစ်၂ဝ၁၃ဇူလိုင်၃၁ရက်နေ့ကရှမ်းပြည်မြောက်ပိုင်းမူဆယ်မြို့မှာ ပြည်နယ်အဆင့် တွေ့ဆုံဆွေးနွေးခဲ့ ကြပေမဲ့ အပစ်အခတ်ရပ်စဲရေး
သဘောတူညီမှုမရရှိသေးတဲ့တိုင်းရင
Source-http://www.rfa.org/burmese/
Wednesday, August 14, 2013
ငြိမ်းချမ်းရေးဆွေးနွေးပြီး ၁၂ ရက်အကြာ ပလောင်တပ်နဲ့ တိုက်ပွဲပြန်ဖြစ်
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment