ဓါတ်ပုံ-TNLA သင်တန်းဆင်းပွဲတစ်ခုမှ မှတ်ပုံဖြစ်သည်။
၂၀ ရက် ဇူလိုင် ၂၀၁၃
ဇူလိုင်လ ၁၉ ရက်နေ့တွင် ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး P.S.L.F/
T.N.L.A မှ လူထုသဘော
ထား ခံယူပွဲ အခမ်းအနားကို တအန်း လွတ်မြောက်နယ်မြေ
တစ်နေရာတွင် ကျင်းပပြုလုပ်ခဲ့ပြီး ဒေသခံ မိဘပြည်သူ များ၊
ပလောင်တိုင်းရင်းသား အဖွဲ့ ခေါင်ဆောင်များ၊ လူမှုအဖွဲ့အစည်းများ မှ
ကိုယ်စားလှယ် စုစုပေါင်း ၁၀၀ ကျော် တက် ရောက်ခဲ့ပါသည်။
အခမ်းအနားသို့တက်ရောက်လာကြသည့် ကျောက်မဲ၊ နမ့်ဆန်၊
မန်တုံ၊ နမ္မတူ၊ လားရှိုး၊ ကွတ်ခိုင်၊နမ့်ခမ်းနှင့် မူဆယ်မြို့နယ်တို့၏
ရပ်မိရပ်ဖ ကိုယ်စားလှယ် အသီးအသီးမှမြို့ နယ်အလိုက်သဘောထားနှင့် အကြံပြု
ချက်များကို ပွင့်လင်းလွတ်လပ်စွာဆွေးနွေး မေးမြန်း တင်ပြခဲ့ကြသည်။ ထိုနောက်
P.S.L.F/T.N.L.A တာဝန် ရှိသူများ မှ မေးခွန်းများ ပြန်လည်
ဖြေးကြားခဲ့ကြောင်း သိရှိရသည်။
လူထုသဘောထားရယူပွဲအခမ်းအနားတွင် P.S.L.F/T.N.L.A အထွေထွေ အတွင်းရေးမှူး ဒုဗိုလ်မှူးကြီး တားဘုန်းကျော်မှ အဖွဲ့ အစည်းနောက်ခံ သမိုင်းကြောင်း၊ နိုင်ငံရေးရပ်တည်ချက်များ၊ နိုင်ငံရေး လုပ်ငန်း စဉ်များ၊ မူးယစ်ဆေးဝါးတိုက်ဖျက်ရေး လုပ်ရေးလုပ်ငန်း အပါအ၀င် တအာင်းဒေသတွင်း စစ်ဘေး ဒါဏ် သင့်ပြည်သူများ၏ အခြေအနေများကိုလည်း ရှင်းလင်း တင်ပြခဲ့ပါသည်။ ထိုနောက် P.S.L.F ၏ နိုင်ငံရေး ရပ် တည်ချက် လုပ်ငန်း စဉ်များနှင့် T.N.L.A တအာင်း တပ်ဖွဲ့အပေါ် လွတ်လပ်ပွင့်လင်းစွာ အကြံပြု ရန် မေတ္တာရပ်ခံ တောင်းဆို လမ်းဖွင့်ပေးခဲ့ပါသည်။
အခမ်းအနားသို့တက်ရောက်လာကြသည့် မြို့နယ်အသီသီးမှ ရပ်မိရပ်ဖ ကိုယ်စားလှယ်များက ၎င်းတို့၏ အကြံပြုချက်များနှင့် မေးမြန်းချက်များကို ဆွေးနွေးတင်ပြခဲ့ကြရာ တအာင်းလူမျိုးများအတွက် ယခု နမ့်ဆန်၊ မန်တုံမြို့နယ်မြို့နယ်သာ ပါဝင်သည့်ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွင် နမ္မတူ၊ကွတ်ခိုင်၊နမ့်ခမ်း၊ ကျောက်မဲမြို့နယ်အနောက်-မြောက်ခြမ်းအစရှိသည့်ဒေသများကိုပါကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွင်းပါဝင်အောင် လုပ်ဆောင်သင့်ကြောင်း အကြံပြုဆွေးနွေးခဲ့ကြပါသည်။
ထို့ပြင်လူထုကိုယ်စားလှယ်များကယခင်P.S.L.A ခေါင်းဆောင်များတောင်းဆိုခဲ့သည့်နယ်မြေ ဒေသများဖြင့် တအာင်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရပြည်နယ်ရရှိသည်အထိလက်နက်ကိုင်တိုက်ပွဲဝင်ရန်အကြံပြု ဆွေးနွေးခဲ့ကြ ပါသည်။
ထပ်မံပြုလုပ်မည့်လူထုဆန္ဒရယူပွဲအခမ်းအနားများတွင်မိုးမိတ်၊မိုးကုတ်နှင့်ရှမ်းပြည်နယ်အရှေ့၊အလယ်၊ တောင်ပိုင်းရှိ တအန်းလူထုကိုယ်စားလှယ်များ ကိုလည်း ဖိတ်ခေါ်သွား မည်ဖြစ်ကြောင်း ပြောကြားခဲ့ပြီး တက်ရောက်သည့်လူထု ခေါင်းဆောင်များကယခုကဲ့သို့ တွေ့ဆုံပွဲများမကြာခဏပြုလုပ်ပေးရန် တောင်းဆို ခဲ့ကြပါသည်။
သတင်းနှင့်ပြန်ကြားရေးဌာန
P.S.L.F/T.N.L.A

0 comments:
Post a Comment