Saturday, 15 June 2013 13:05
Written by တအာင်းသားလေး (ရွှေဟင်္သာ)
တအာင်း အမျိုးသား လွတ်မြောက်ရေး တပ်မတော် TNLA တပ်ရင်း (၂၅၆) နှင့် နောင်ချို အခြေစိုက် အစိုးရ ခလရ (၁၁၄) တို့သည် ယနေ့ မနက်ပိုင်း ၆ နာရီ အချိန်တွင် နမ့်ဆန်မြို့နယ် မန်လုံနှင့် ပန်အလော့ကျေးရွာ အကြားတွင် မိနစ် (၃၀) ခန့် ရင်ဆိုင် တိုက်ပွဲ ဖြစ်ပွား ခဲ့ကြောင်း TNLA တပ်မှူး တစ်ဦးက ဆိုပါသည်။
“ အစိုးရ ခလရ (၁၁၄) က အင်းအား (၅၀) လောက် ရှိမယ်။ စစ်ကြောင်း တကြောင်းပေါ့။ သူတို့က နမ့်ဆန်မြို့ နယ်ရဲ့ TNLA တပ်ရင်း (၂၅၆) ရဲ့ တပ်ကွင်းထဲကို ၀င်လာတော့ မလွဲမရှောင်သာဘဲ တိုက်ရမှာဘဲလေ။ သူတို့ကလည်း တမင်ကို သိလျှက်နဲ့ စစ်ဆင်နေတာ ဆိုတော့ မိနစ် ၃၀ လောက် ရင်ဆိုင် လိုက်တယ်။ ပြီးတော့ သူတို့ ဆုတ်သွားတယ်” ဟု ဆို ပါသည်။
အစိုးရ တပ်များသည် TNLA အား စစ်ဆင်နေပါသည်။ ဤသို့ကြောင့် ယမာန်နေ့ ဇွန်လ (၁၄) ရက်နေ့ မွန်းလွဲ ၂ နာရီ တွင်လည်း အစိုးရ ခလရ (၁၄၅နှင့် ခလရ ၄၅) ပူးပေါင်း အင်အား (၁၅၀) ခန့်သည် TNLA (၁၁၂) တပ်ရင်း တပ်ဖွဲ့များ နှင့် ကွတ်ခိုင်မြို့နယ် လုံကမ်ကျေးရွာ အနီးတွင် ရင်ဆိုင် တိုက်ပွဲဖြစ်ခဲ့ပါသည်။
အစိုးရ တပ်များသည် တအာင်း အမျိုးသား လွတ်မြောက်ရေး တပ်မတော်အား စစ်ဆင်နေရာ ယမာန်နေ့ ညနေပိုင်း (၂) နာရီ၌လည်း ကချင် လွတ်လပ်ရေး တပ်မတော် (KIA) တပ်ရင်း (၃၆) နှင့် (၃၈) ဒေသဖြစ်သော မုန်ဘော် နောင်းဟဲန် အနီး လွိုင်လောမ့်နှင့်လွိုင်ဆတ်ကြားတွင် အစိုးရ ခမရ (၂၄၂)နှင့် ခမရ (၅၀၇) ပူးပေါင်း တပ်ဖွဲ့များနှင့် တနာရီခွဲခန့် တိုက်ပွဲ ဖြစ်ပွားခဲ့ပါသည်။
ယင်းတိုက်ပွဲ အပြီးတွင် အစိုးရ တပ်ဖွဲ့မှ လမ်းပြ ခေါ်ဆောင်သွားသူ မျက်လုံး တစ်ဖက် မကောင်းရှာသော နောင်းဟဲန်ရွာသား တစ်ဦးအား သတ်ပစ်လိုက်သည်ဟု KiA တပ်မှူး တစ်ဦးက ပြောကြောင်း ဆိုပါသည်။
အစိုးရ တပ်များသည် TNLA ဒေသများကို ပြီးခဲ့သည့် မေလ ဆန်းကတည်းက ပြင်းထန်စွာ စစ်ဆင်လာခဲ့ပါသည်။ တအာင်း ဒေသကို၌ ပြီးခဲ့သည့် ဇန္နာဝါရီလ ကတည်းက အင်းအား ဖြန့်လာခဲ့ရာ ယခုအချိန်တွင် အင်အား (၄၀၀၀) ခန့် ဖြန့်ကျက် ချထားခဲ့ပြီး ဖြစ်သည်ဟု ဆိုပါသည်။ စစ်ဗျူဟာကို နမ့်ခမ်းမြို့ ၌ ထားရှိပြီး TNLA ကို ဆက်တိုက် စစ်ဆင်လာခဲ့ ပါသည်။
အရင်းမြစ်(http://phophtawnews.org/burmese/index.php/news/internal-news/item/390-tnla.html)
0 comments:
Post a Comment