Tuesday, June 4, 2013

မြန်မာစစ်တပ်နှင့် T.N.L.A တပ်မတော်တို့ ရင်ဆိုင်တိုက်ပွဲဖြစ်ပွားနေ

 ဇွန်လ ၄ ရက် ၂၀၁၃ ခု



T.N.L.A တပ်မတော် တပ်ရင်း ၂၅၆ နှင့် မြန်မာစစ်တပ်တို့ ယနေ့ ဇွန်လ ၄ ရက် ညနေပိုင်း ၅ နာရီ ၂၀ မိနစ်အချိန်တွင် နမ့်ဆန်မြို့နယ် အထက်မန်လွယ်ကျေး ရွာနှင့် တောင်ကျော်ကြာ ရှိတောင်ကုန်းပေါ်တွင် နှစ်ဖက်ရင်ဆိုင်တိုက်ပွဲဖြစ်ပွားနေကြောင်းသိရှိရပါသည်။

မြန်မာစစ်တပ် ခလရတပ်ရင်း၅၀၂ နှင့် ၅၀၁ တပ်ရင်းများမှ နမ့်ဆန်မြို့နယ် အထက် မန်လွယ်ကျေးရွာဖက်သို့ တပ်ရင်းအင်အား ၁၀၀ ကျော်ယနေ့နံနက် တက်လာပြီနောက် ယခုညနေ့ပိုင်အချိန် ၅နာရီကျော်အချိန်တွင် ရင်ဆိုင်တိုက်ပွဲဖြစ်နေလျက်ရှိပါသည်။

ကျနော်တို့ T.N.L.A တပ်ရင်း ၂၅၆ နဲ့ ခလရတပ်ရင်း ၅၀၂ အခုတိုက်နှစ်ဖက် တိုက်ပွဲဖြစ်နေတာ ၅နာရီကျော်အချိန်မှာ နှစ်ဖက်စပစ်နေကြတာ.. အခုလဲတိုက်ပွဲဖြစ်နေ ဆဲဟုတပ်ရင်းမှူး မှ ပြောပြသည်။

လွန်ခဲ့သော မေလ ၂၉ ရက်နေ့ နမ့်ဆန်မြို့အနီး အိုမ်ဝါရ်ရွာနှင့် ပန်းယမ်းရွာအကြားတွင် တအာင်းတပ်ရင်း ၂၅၆ နှင့် တိုက်ပွဲဖြစ်ပွားရာ မြန်မာတပ် ၆ ဦးကျဆုံးပြီး အများအပြား ဒဏ်ရာရရှိခဲ့သည်။ တိုက်ပွဲပြီးနောက် မြန်မာစစ်တပ်က အပြစ်မဲ့ ပန်ယမ်းရွာ အသက် ၈၀ ကျော် အဖိုးအိုတယောက်ကို ပစ်သတ်ခဲ့ပြီး နေအိမ်ကိုလည်း ရစရာမရှိအောင် သေနတ်ဖြင့် ပစ်ခဲ့သည်။

မြန်မာတပ်ဖွဲ့များသည် နမ့်ခမ်းမြို့မှလည်း ယနေ့ နေ့လည်ပိုင်းတွင် တအာင်းတပ်ဖွဲ့ တပ်ရင် ၁၁၂ ရှိရာ ကွတ်ခိုင်-နမ့်ခမ်း မြို့နယ်အစပ်ဘက်သို့လည်းကောင်း၊ ယမန်နေ့က TNLA တပ် ရင်း ၄၇၈ ရှိရာ နမ့်ခမ်း-မန်တုံ အစပ်ဘက်သို့လည်းကောင်း အင်အား ၁၀၀ ကျော်စီဖြင့် အသီးသီး အင်အားဖြည့်ထွက်ခွာသွားသည်ဟု ဒေသခံများက ပြောပြသည်။

သတင်းနှင့်ပြန်ကြားရေးဌာန

P.S.L.F/ T.N.L.A

0 comments:

Post a Comment