6.6.2013 by သန်းကျော်စိုး (ABC Radio Australia)
ရှမ်းပြည်နယ်မြောက်ပိုင်း နမ့်ဆန်မြို့နယ်ထဲမှာ အစိုးရတပ်တွေနဲ့TNLA ခေါ် ပလောင်တပ်ဖွဲ့တွေအကြား ဒီရက်ပိုင်းမှာ မကြာခဏဆိုသလို တိုက်ပွဲတွေ ဆက်တိုက်ဖြစ်ပွားနေတယ်လို့ သတင်း
ရရှိပါတယ်။
တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းတွေ တော်တော်များများဟာ အစိုးရတပ်တွေနဲ့ တိုက်ပွဲဖြစ်ပွားတာ မရှိသလောက်ဖြစ်သွားပေမယ့် ပလောင်နယ်မြေအတွင်းမှာတော့ ဇွန်လ ၄ ရက်နေ့ကစပြီး ပလောင်
တပ်ဖွဲ့တွေနဲ့ အစိုးရတပ်တွေ တိုက်ပွဲဖြစ်ခဲ့တယ်လို့ ဒေသခံရွာသား တစ်ယောက်က ပြောပါတယ်။
“ကြားတယ် လောလောဆယ် ကျနော်တို့ အသေးစိတ်တော့ မသိသေးဘူး ဒါပေမဲ့ နမ့်ဆမ် မန်လွယ်တောင်ကျော်ပေါ့နော် အဲဒီရွာကြားမှာဖြစ်တယ်။ ဒီနမ့်ဆမ်မြို့နယ်ထဲက အထက်မန်လွယ်နဲ့ တောင်ကျော်ကျေးရွာ အဲဒီကြားထဲမှာပေါ့။”
ဒေသခံ နောက်တစ်ဦးကတော့ သေနတ်သံတွေ ကြားရပေမယ့် ထိခိုက်သေဆုံးမှု အခြေအနေတွေကိုတော့ မသိရဘူးလို့ ဆိုပါတယ်။
ပလောင်နယ်မြေအတွင်းမှာ အစိုးရတပ်တွေနဲ့ ပလောင်တပ်ဖွဲ့တွေ
ဟာ နေရာအတော်များများမှာ တိုက်ပွဲ တွေဆက်တိုက်ဆိုသလို ဖြစ်
ပွားနေပြီး ရှေ့ဆက်ဖြစ်ဖို့ အခြေအနေတွေလည်း ရှိနေတယ်လို့ ပလောင်ပြည်နယ် လွတ်မြောက်ရေးအဖွဲ့ရဲ့ အထွေထွေအတွင်းရေးမှူး မိုင်ဘုန်းကျော် က အခုလို ပြောပါတယ်။
“ပြီးခဲ့တဲ့နှစ်တွေကတော့ ကွတ်ခိုင်၊ နမ့်ခမ်း၊ မန်တုံ ခု နမ့်ဆန်ဘက်မှာလဲ
ဖြစ်တယ် ဟိုဘက် ကျောက်မဲ မိုင်းလုံဘက်က ကျနော်တို့တပ်ရင်း ၇၁၇ နဲ့လဲ ဖြစ်တယ် ထိုးစစ်တွေက တအားများနေတယ် အခုထက်ထိ ဆက်တိုက်ပဲ၊ ထိုးစစ်တွေ ထပ်ရှိနေလို့ကတော့ တိုက်ပွဲတွေက ထပ်ဖြစ်အုံးမှာပဲ”
ပြည်တောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ ဒုဥက္ကဌ ၀န်ကြီး ဦးအောင်မင်း ခေါင်းဆောင်တဲ့အဖွဲ့ဟာ ပြီးခဲ့တဲ့နှစ် ဖေဖေါ်ဝါရီလက ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ ပလောင်ပြည်နယ်လွတ်မြောက် ရေးအဖွဲ့ ဥက္ကဌ မိုင်းအိုက်ဖုန်း နဲ့ အလွတ်သဘောတစ်ကြိမ်တွေ့ဆုံခဲ့ပေ
Shan News Page မှ ရယူသည်။
0 comments:
Post a Comment