Thursday, May 30, 2013

ပိန်းခမ်းတောင်မှ TNLA တိုက်ပွဲများနှင့် အစိုးရ စစ်ဆင်မှုများ

by  ရွှေဟင်္သာသတင်းဌာန

တအာင်း တပ်ဖွဲ့များ၏ ရှေ့တန်း လှုပ်ရှားမှု တအာင်း တပ်ဖွဲ့များ၏ ရှေ့တန်း လှုပ်ရှားမှု (ဓါတ်ပုံ TNLA)
တအာင်း အမျိုးသား လွတ်မြောက်ရေး တပ်မတော် TNLA သည် အစိုးရ ခလရ (၁၄၄) တပ်ဖွဲ့နှင့် ရှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့နယ် မိုင်းဝီး ကျေးရွာ အုပ်စု ပိန်းခမ်းရွာ အလွန် စေတီကုန်း အနီးတွင် ယနေ့ မနက်ပိုင်း တစ်နာရီ အချိန်တွင် ရင်ဆိုင် တိုက်ပွဲ ဖြစ်ပွား ခဲ့သည်ဟု TNLA အရာရှိ တစ်ဦးက ဆိုပါသည်။ 

တိုက်ပွဲက မနက် () နာရီနီးပါး အထိ ဖြစ်တယ်။ သူတို့က ကင်းပုန်း ၀တ်တယ်။ လွယ်ဟွမ်ရွာဘက် လမ်းအထွက် ဘုရားကုန်း အနီးမှာလေ။ သူတို့နဲ့ TNLA တပ်ရင်း (၄၇၈) က တပ်ခွဲ () အဖွဲ့နဲ့ ဖြစ်ခဲ့တယ်။ ကြားတာက အစိုးရဖက်က အနည်းဆုံး ၃ ဦး ဒါဏ်ရာ ရတယ်လို့ မျက်မြင်တွေက ပြောတယ်ဗျဟု ဆိုပါသည်။ 


T.N.L.A နှင့် အစိုးရ တပ်များသည် မကြာခဏ တိုက်ပွဲ ဖြစ်ပွား လာနေပါသည်။ ယမာန်နေ့ မေလ (၂၉) ရက်နေ့ ကလည်း TNLA တပ်ရင်း ၁၁၂ တပ်ဖွဲ့နှင့် အစိုးရ ခလရ ၄၅ တပ်ဖွဲ့ အပါအ၀င် ခလရ ၁၂၃ တပ်ဖွဲ့ ရဲတပ်ဖွဲ့ နှင့် ပြည်သူ့စစ်တို့နှင့် ကွတ်ခိုင်မြို့နယ် မိုင်းယုလေးနှင့် လူမ်ကမ်ရွာ အကြား (လားရှိုး-မူဆယ် ကားလမ်း အနီး)တွင် တိုက်ပွဲဖြစ်ခဲ့ပါသည်။

တိုက်ပွဲသည် နံနက် ၃ နာရီခွဲမှ ၅ နာရီခွဲ နာရီ အထိ ဖြစ်ပွားခဲ့ပြီး အစိုးရဖက်မှ အနည်းဆုံး ၅ ဦး ထိခိုက် ကျဆုံး ခဲ့သည်ဟု ဆိုပါသည်။ 

ထို့အပြင် ရှမ်းပြည်နယ် မြောက်ပိုင်း ကျောက်မဲ ခရိုင် မိုင်းငေါ့မြို့နယ်ခွဲ ခုန်ခါဒေသတွင်လည်း TNLA တပ်ရင်း (၇၁၇) နှင့် အစိုးရ ခမရ (၅၀၁) တို့က မနက် () နာရီမှ () နာရီ အထိ တိုက်ပွဲဖြစ်ပွား ခဲ့ရာ အစိုးရ ဖက်မှ () ဦးသေဆုံးပြီး () ဦး ဒါဏ်ရာ ရခဲ့သည်ဟုဆိုပါသည်။

အလားတူ TNLA တပ်ရင်း၂၅၆ တပ်ဖွဲ့နှင့် အစိုးရ ခမရ (၅၀၂) တပ်ဖွဲ့ အပါအ၀င် ဒေသခံ ပြည်သူ့စစ် ခေါင်းဆောင် ထွန်းမြတ်လေး အဖွဲ့ တို့သည်လည်း ယမာန်နေ့ နေ့လည် တစ်နာရီခွဲမှ () နာရီခွဲ အထိ နမ့်ဆန်မြို့နယ် အိုမ်ပါရ် (နမ့်ခေး) ကျေးရွာ အနီးတွင် တိုက်ပွဲဖြစ်ပွား ခဲ့ပါသည်။ ၄င်းတိုက်ပွဲ၌ အစိုးရ ဖက်မှ အနည်းဆုံး ()ဦး ထိခိုက် ဒါဏ်ရာ ရကြောင်း TNLA ဖက်မှ ဆိုပါသည်။ 

တအာင်း ဒေသ စစ်ဆင်ရေး များသည် ရှမ်းပြည်နယ် မြောက်ပိုင်း နမ့်ဆန် မြို့ပေါ်ရှိ အမှတ် () စစ်ဆင်ရေး ကွပ်ကဲမှု ဌာန ချုပ်မှူး ကခ () မှူး ဗိုလ်မှူးချုပ် ဇော်ဦးမှ ဦးဆောင် ညွှန်ကြားနေခြင်း ဖြစ်ပါသည်။ ၄င်းသည် နမ့်ဆန်မြို့ တစ်ဝိုက် မိုင် ၀န်းကျင်ကို ကင်းပုန်း ၀တ်ခြင်းနှင့် နယ်မြေ စိုးမိုးရေး လှုပ်ရှားမှုများ အမြဲတမ်း စစ်ဆင် လာနေပါသည်။  
၎င်းတို့သည် တအာင်းဒေသ၌ ခပ်စိပ်စိပ် လှုပ်ရှား လာနေပြီး တပ်ဖွဲ့ လှုပ်ရှားမှုကိုလည်း နေ့ခင်း လှုပ်ရှားမှုထက် ညပိုင်း လှုပ်ရှားမှုကို ပိုလုပ်လာပါသည်။ 

မနက် မိုးလင်းတာနဲ့တိုက်ပွဲဖြစ်လို့ ကောင်းမယ့်နေရာကို ကျနော်တို့နဲ့နီးတဲ့ နေရာမှာ နားပြီး တိုက်ပွဲအတွက် ပြင်ဆင်ကြပါတယ်။ ဒေသ အတွင်း လှုပ်ရှားမှု ပိုပြီး စိပ်လာတဲ့ အတွက် တိုက်ပွဲက ပိုပြီး ဖြစ်လာတယ်။ အဲဒါပါဘဲဟု TNLA အရာရှိ တစ်ဦးက ဆိုပါသည်။ 

အစိုးရ စစ်ဆင်ရေးများသည် KIA နှင့် ဆွေးနွေးနေစဉ် အချိန် အတောအတွင်း TNLA တပ်များအား ပိုမို စစ်ဆင် လာနေသည့် အသွင်ဆောင်ပါသည်။ TNLA သည် မူးရစ်ဆေးဝါး တိုက်ဖျက်ရေးနှင့် နယ်မြေ စိုးမိုးရေး အတွက် လှုပ်ရှားလျှက် ရှိရာ မူးရစ်ဆေးဝါး စိုက်ပျိုးသော ဒေသခံ ပြည်သူ့စစ်များနှင့် ထိပ်တိုက် တိုးနေပါသည်။ ဤသို့ကြောင့် အစိုးရ တပ်များသည် ဒေသခံ ပြည်သူ့စစ်များနှင့် ပူးပေါင်းပြီး TNLA ကို စစ်ဆင်နေခြင်း ဖြစ်သည်ဟု TNLA ဖက်မှ ယူဆပါသည်။


အစိုးရ တပ်ဖွဲ့ များသည် တအာင်း ဒေသကို ဖြတ်သန်း သွားသော တရုတ် ပိုက်လိုင်း လုံခြုံရေး ကိစ္စနှင့် နယ်မြေ စိုးမိုးရေး တွက်ကို ရည်ရွယ်ပြီး တအာင်း ဒေသ၌ တပ်အင်အား (၂၅) ရင်းဖြင့် အင်းအား (၄၀၀၀) ခန့်အထိ တိုးချဲ့ ချထားပါသည်။ ထို့နည်းတူ  တအာင်းဒေသ၌ ရှိနေသော တိုင်းရင်းသား လက်နက်ကိုင် အင်အားမှာ အနည်းဆုံး (၁၆) ရင်းခန့် ရှိပြီး လူအင်အား (၃၀၀၀) ခန့် ရှိနိုင်ကြောင်း အကဲခတ်များက ဆိုပါသည်။ 

သတင်းအရင်းမြစ်( http://www.phophtawnews.org/burmese/index.php/news/internal-news/item/335-tnla.html)

0 comments:

Post a Comment