၃၀ ရက်၊ မေလ၊ ၂၀၁၃။
နမ့်ခမ်းမြို့နယ် အခြေစိုက် တအာင်း (ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် (T.N.L.A) တပ်ရင်း ၄၇၈ တပ်ခွဲ (၁) အဖွဲ့တို့ ဒေသစိုးမိုးရေးအတွက်လှည့်လည်လှုပ်ရှားစဉ် မိုင်းဝီးအုပ်စု ပိန်းခမ်းရွာအလွန် စေတီကုန်းအနီးတွင် ယနေ့နံနက် ၁ နာရီခန့်မှ ၂ နာရီနီးပါးအထိ နာရီဝက်နီးပါးကြာ မြန်မာတပ်ဖွဲ့နှင့် ထိပ်တိုက်ရင်ဆိုင် တိုးပြီး နှစ်ဖက်ရင်ဆိုင် တိုက်ပွဲဖြစ်ပွားရာ မြန်မာတပ်ဖွဲ့ အနဲဆုံး ၃ ဦး ထိခိုက်ကျဆုံး သည်ဟု သိရှိရသည်။

တအာင်းတပ်မတော် တပ်ရင်း ၄၇၈
တပ်ဖွဲ့ဝင်များ နယ်မြေစိုးမိုးရေးအတွက် လှည့်လည်လှုပ်ရှားရာမှ မြန်မာတပ်ဖွဲ့ ခလရ
၁၄၄ တပ်ဖွဲ့ကင်းပုန်းဝပ်ရာ လွယ်ဟွမ်ရွာဘက်လမ်းအထွက် ထိုဘုရားကုန်းအနီးတွင်
ရင်ဆိုင်တိုက်ပွဲ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
“ မြန်မာတပ်ဘက်က လူမများပါဘူး။
တပ်ခွဲတခွဲတောင်အပြည့်မရှိဘူး။ TNLA ကလည်း လှည့်လည်လှုပ်ရှားတဲ့ ပြောက်ကျားတပ်
ဆိုတော့ တိုက်ပွဲကသိပ်မကြာဘူး။ လက်နက်အကြီးငယ် အစုံပဲ အသံတွေကြားရတာ။
တိုက်ပွဲပြီးတာနဲ့ တအာင်းပြောက်ကျားတပ် တို့ အလျင်အမြန်ကိုပဲ
နေရာဖျောက်သွားတယ်လို့ ဗမာစစ်သားတွေ ပြောတယ်။
သူတို့ခံလိုက်ရတာ တကယ်နာတယ်လို့ ညည်းနေတယ်။” ဟု မြန်မာတပ်ရင်း ၁၄၄ အဖွဲ့အား မနက်ပိုင်းတွင်တွေ့ရှိသည့် မိုင်းဝီးဒေသခံတဦးကပြောပြပါသည်။
“ထိခိုက်ဒါဏ်ရာကတော့ အနဲဆုံး ၃ ယောက်တော့ရှိမယ်။ သေတာမသေတာတော့ မသိရသေးဘူး။ ညမှာဖြစ်တာဆိုတော့ ဘာမှမမြင်ရဘူး။ လူနာညည်းသံနဲ့ လူကိုမြန်မြန်ဆွဲ အမြန်ဖျောက်လို့ သူတို့အချင်းချင်းပြောသံကြားရတယ်” ဟု တိုက်ပွဲဖြစ်ပွားရာ ပိန်းခမ်းရွာသို့အလည်သွားရောက်ရင်း တိုက်ပွဲနှင့်ကြုံခဲ့ရသည့် ရှမ်းလူမျိုးတဦးကရှင်းပြပါသည်။
တအာင်းပြောက်ကျားတပ်ဖွဲ့မှာ နေရာပြောင်းလှုပ်ရှားသွားပြီးဖြစ်သော် လည်း မြန်မာတပ်ဖွဲ့ကဆက်လက်တပ်ဖြန့်ကာ စောင့်ဆိုင်းနေဆဲဖြစ် သည်ဟု သိရှိရပါသည်။
သတင်းနှင့်ပြန်ကြားရေးဌာန
PSLF/TNLA

0 comments:
Post a Comment