Wednesday, May 29, 2013

တိုက်ပွဲကြောင့် အပြစ်မဲ့ တအာင်းအမျိုးသမီးငယ်တစ်ဦး ပွဲချင်းပြီးသေဆုံး နောက်ဆက်တွဲသတင်း

Wednesday, 29 May 2013 12:06 administrator

၂၀၁၃ခုနှစ် မေလ(၂၈)ရက်နေ့လည်တွင် အသက်၁၈နှစ်ရှိ လွေးအေကျမ်ငင်း မိုင်းယုလေးမှ ဂျုံနောရွာ အသွား တုံ့ပန်းအရောက်တွင် တိုက်ပွဲဖြစ်ပွားရာမှ သူမ၏နာခေါင်း (ဦးခေါင်း) ကျဉ်ဆံမှန်ပြီး သေဆုံးရာတွင် အစိုးရ ခလရ ၄၅ တပ်ဖွဲ့၏ လက်ချက်ကြောင့်ဖြစ်သည်ဟု တိုက်ပွဲတွင် ပါဝင်သည့် TNLA အရာရှိတစ်ဦးမှ ဆိုပါ သည်။

''သေသွားသူရဲ့ အလောင်းမှာ တွေ့ရတာတော့ တစ်ချက်က လက်နက်ကြီးအပိုင်းအစက သူမရဲ့ ခြေထောက်ပိုင်းကို ထိမှန်ပြီးတော့ နောက်တစ်ချက် လက်နက်ငယ်တစ်ခုက ဦခေါင်းကို ထိမှန်ပြီး နှာခေါင်းကနေ အနောက်ကို ပေါက်ထွတ်သွား တယ်''ဟု အရာရှိမှ ပြောဆိုပါသည်။

အဆိုပါ သတင်းကို TNLA သို့ ဆက်သွယ်မေးမြန်းရာမှာ ၂- ချက်စလုံး အစိုးရတပ်ဘက်က လက်ချက်တွေ့ကြောင့်ဟု TNLA ဘက်မှ ဆိုပါသည်။

TSYO မှ TNLA နောက်ဆက်တွဲသတင်း ဖြစ်ပါသည်
 
(သတင်းရင်းမြစ်-www.palaunland.org) 

0 comments:

Post a Comment