Sunday, May 12, 2013

လက်နက်နှင့်ငြိမ်းချမ်းရေးပြဿနာ

ရဲဘော်-မင်းဟံ

ဒီအကြောင်းအရာဆောင်းပါကို ရေးရတာဟာ အပစ်အခတ်ရပ်စဲထားကြတဲ့ တိုင်းရင်းသားတော်လှန်
ရေးအင်အားများနဲ့ စစ်အစိုးရအကြား ငြိမ်းချမ်းရေးပြဿနာဖြေရှင်းရမှာ အမှားအယွင်းမခံနိုင်တဲ့
လက်နက်နဲ့ ကိစ္စအတွက် အမြင်ဖလှယ်လိုခြင်းဖြစ်ပါတယ်။

 (န-၀-တ)(န-အ-ဖ)စစ်အစိုးရဟာ သူတို့ရဲ့ အမျိုးသားညီလာခံက ရေးဆွဲချမှတ်ခဲ့တဲ့ နိုင်ငံတော် ဖွဲ့စည်ပုံ အခြေခံဥပဒေကို တွန်းတွန်းတိုက်တိုက်နဲ့ အတည်ပြုခဲ့ပြီးဖြစ်ပါတယ်။ ဒီအဖွဲ့စည်ပုံအခြေခံဥပဒေကို လမည့် (၂၀၁၀)ခုနှစ်မှာ ကျင်းပမဲ့ရွေးကောက်ပွဲမတိုင်ခင် စစ်အစိုးရအနေနဲ့ ပြင်ဆင်စရာရှိတာတွေ အပြီးပြင် ဆင်ထားမှာဖြစ်တယ်။


၎င်းတို့ရဲ့ဖွဲ့စည်ပုံအခြေခံဥပဒေထဲမှာ နိုင်ငံထဲမှာ တပ်မတော်ဆိုတာတစ်ခုထဲရှိရမည် လက်နက်
ကိုင်အဖွဲ့အစည်းအားလုံးဟာ တပ်မတော်ဦးချုပ်ရဲ့ ကွပ်ကဲမူအောက်မှာရှိရမယ်”လို့ဖော်ပြထားတယ်။
ဒီတော့ကာ အပစ်ခတ်ရပ်အဖွဲ့တွေ့နဲ့ ငြိမ်းချမ်းရေးယူထားတဲ့ အဖွဲ့တွေ့ရဲ့ တပ်ဖွဲ့တွေကို သို့မဟုတ်
လက်နက်တွေ ကိုအပ်ဖို့ ပြောလာလိမ့်မယ်။ 

အခုတောင်အချို့အပစ်အဖွဲ့တွေကို ဒီကိစ္စပြောထာားပြီးဖြစ်တယ်။ အပြောနဲ့တာ မဟုတ် အလုပ်နဲ့လည်း ဖိအားအမျိုးမျိုးပေးလာလိမ့်မယ်။ ဒီတော့ ဒီကိစ္စအပေါ် အမြင်ရှင်းအောင် စဉ်းစားသုံးသပ်ထားဖို့လိုနေပြီး၊ အပစ်ရပ်နဲ့ငြိမ်းချမ်းရေးအဖွဲ့တွေအပြင် ၄င်းတို့ကိုယ်စားပြု ထားတဲ့လူမျိုးစုသူတွေရဲ့ ဘ၀ဟာလက်နက်အပ် (သို့မဟုတ်) တပ်ကိုအပ်လိုက်ရင် ဒင်းတို့ရဲ့ အနာဂတ် ကံကြမ္မာ ဘယ်လို့ဖြစ်သွားမယ်ဆိုတာ ကြိုတင်ရှုမြင် သုံးသပ်ပြီး၊ ဆုံးဖြတ်လုပ်ဆောင်နိုင်ဖို့ အထူးကို လိုအပ်နေပါပြီ။
 
 လက်နက်ရဲ့သဘောသဘာဝ

ကျွန်ုပ်တို့ လူသားအပါဝင် သတ္တလောအထဲမှာ သတ္တ၀ါတွေအားလုံးဟာ ရေရှည်ရှင်သန်ရပ်တည်နိုင်ဖို့
လက်နက်ကိုယ်စီ  ရှိကြရတယ်။ အဲဒီလက်နက်တွေထားရှိရ  တာဟာ ရည်ရွယ်ချက်အားဖြင့် (၂)မျိုးရှိ        တယ်။
 တချို့ မိမိကိုယ်ကိုကာကွယ်ဖို့နဲ့ ကျန်တစ်မျိုးက အခြားသူကို ရန်ရှားဖို့ဖြစ်တယ်။

***ခရုတို့်လိပ်တို့ရဲ့ လက်နက်ဟာ သူတို့ရဲ့အခွံပါ။ သာမန်ရန်သူဆိုရင် အခွံထဲဝင်လိုက်ခြင်းအားဖြင့် သူတို့ ကိုယ်ကိုနိုင်ပါနိုင်ပါတယ်။ အချို့သတ္တ၀ါတွေ အပြေးမြန်ခြင်းဟာ သူတို့ကိုယ်ကိုကာကွယ်တဲ့နည်းနာ လက်နက်တစ်မျိုးဖြစ်တယ်။
*** မြတ်နဲ့သစ်ရွက်ပိုးစားတဲ့သမင်၊ဒရယ်၊စိုင်ဆတ်၊ကျွဲနွားတွေရဲ့ဦင်္းချိုးတွေဟာသူတို့ကိုယ်ကိုကာကွယ်ဖို့ အတွက် အဓိကဖြစ်တယ်။ အချို့နေရာတွေမှာ ရန်ရှာဖို့အ တွက်လဲသုံးနိုင်တယ်။
 
***ကျားတွေခြင်္သေ့တွေရဲ့ ခြေသည်း၊ လက်သည်း၊ သွားတွေအစွယ်တွေဟာ သူတို့ကိုယ်ကို ကာကွယ်တဲ့
ဘက်မှာသုံးနည်းပြီး အခြားတရိစ္ဆာန်တွေကို ရန်ရှာတဲ့ဘက်ကအသုံးများတယ်။ 

***လူသားတွေရဲ့ခြေလက်တွေဟာ ထိုးကြိတ်ကန်ကျောက်ရာမှာ သုံးနိုင်ပေးမဲ့ အသက်ရှင် ရပ်တည်ရေး အတွက် မရှိမဖြစ်တဲ့အရာမို့လက်နက်စရင်းမသွင်းကြဘူး။ 

***တုတ်၊ ဓါး၊ လှံ၊ သေနတ်တွေ ကိုတော့ လက်နက်အဖြစ်သတ်မှတ်ပါတယ်။ ဒီဓါး၊ လှံ၊ သေနတ်တွေကို မိမိကိုယ်ကိုကာကွယ်ဖို့သုံးမလား၊ သူတပါးကိုရန်ရှာဖို့သုံးမလားနှစ်မျိုးစလုံးသုံးနိုင်ပါတယ်။ 

ငှက်တွေထဲမှာ လင်းယုန်၊ စွန်နဲ့၊ သိမ်းငှက်တွေဟာ အခြားငှက်နဲ့ သတ္တ၀ါတွေကို သတ်စားကြတယ်။ ကျားတွေ၊ ခြင်္သေ့တွေကလည်းအခြား သတ္တ၀ါကို သတ်စားတယ်။ သတ္တ၀ါချင်းတူတူ သူတစ်ပါးကို ရန်ရှာသတ်စားတဲ့ အကျင့်စရိုက်မကောင်းဘူး၊ မမှန်းဘူး၊ မတရားဘူးလို့ပြောရမယ်။

ဒါပေမဲ့ မြတ်တွေကိုသာစားတဲ့ သမင်၊ ဒရယ်၊ စိုင်ဆိတ်တွေကို ချိုရှိတာမမှန်ဘူး၊ မတရားဘူးလို့
သတ်မှတ်လို့မရဘူး။ဒီလို့ပဲ လူအချို့ ကိုင်ဆောင်ထားတဲ့လက်နက်တွေဟာ သူတို့ရဲ့ အသက်အိုအိမ်
စည်းစိမ်းတွေ မြို့ရွာနိုင်ငံကို ကာကွယ်ဖို့အတွက်ကိုသာ သုံးရင် ဒါဟာအမှန်တယ်၊ တရားတယ်လို့လ
က်ခံရမှာဖြစ်ပါတယ်။ 

ကျွန်ုပ်တို့လူသားတွေအတွက် လက်နက်ဆိုတာ သက်မဲ့အရာအသုံးဆောင်ပစ္စည်းပါ၊ ဒီ လက်နက်တွေကို မိမိတို့ရဲ့အကျိုးစီပွားကို ကာကွယ်ဖို့အတွက်သာရင် မှန်ကန်တယ်၊ တရားတယ်၊ ဒီအတွက်ထောက်ခံသင့် တယ်၊အားပေးသင့်တယ်၊ဘာကြောင့်လဲဆိုရင်ကွန်ုပ်တို့လူသားတွေရှင်သန်နိုင်ဖို့ဟာ တောတရိစ္ဆာန်ရိုင်းတွေ ရဲ့ရန်ပြုမူကို ကာကွယ်ဖို့လိုက်အပ်သလို ကွန်ုပ်တို့ လူသားတွေထဲမှာ တိရိစ္ဆာန်ဘာသာစိတ်မျိုးနဲ့ သူတစ်ပါး ရဲ့ ဥစ္စာ ပစ္စည်းကို လုယူလိုတဲ့သူတွေရဲ့ အန္တရာယ်တွေကို ကာကွယ်ဖို့လည်း လိုအပ်ပါတယ်။

လူအဖွဲ့စည်းတိုင်းမှာ သူအဖွဲ့စည်းကို ကာကွယ်ဖို့ အဆင့်ရှိတဲ့ လက်နက်တွေရှိ နေကြရင် သူတစ်ပါးကို ရန်မူပြီးလုယူနယ်ချဲ့လိုတဲ့ အဖွဲ့စည်းတွေကို ထိန်းပေးသလို့ဖြစ်စေကာ  ကမ္ဘာငြိမ်းချမ်းရေးကိုလည်း            အကျိုးပြုစေပါတယ်။

 ဒီနေ့ကမ္ဘာမှာလို့ပဲ ညူးကလီးယားလက်နက်တွေ နိုင်ငံတခုထဲမှာမဟုတ်ပဲ နိုင်ငံ (၉)လောက်က ပိုင်းဆိုင်ထားတာဟာ အင်အားချိန်ခွင်လျှာညိုထားသလို့ဖြစ်စေပြီး ကမ္ဘာကြီးရဲ့ငြိမ်းချမ်းရေးကို အထောက်အကူဖြစ်စေပါတယ်။

 လူသားတွေဟာ ခြံတွေစိုက်ခင်းတွေ စိုက်ပျိုးတဲ့အခါခိုင်လုံတဲ့ခြံစည်းရိုးတွေရှိဖို့ လိုအပ်တယ်။ မရှိဘူး
ဆိုရင် အဲ့ဒီစိုက်ခင်းနဲ့ သီးနှံပင်တွေဟာ သားကောင်းအမျိုးမျိုးရဲ့   ဖျက်စီးခြင်းကိုခံရပြီးပျက်စီသွားမှာပါ
ဒီလိုပါပဲ လူတစ်ဦးချင်းနဲ့ လူအဖွဲ့စည်းတွေထဲမှာ သူတို့အခွင်ရေးတွေနဲ့ အသက်အိုအိမ် အိမ်စည်းစိမ်တွေ
ကို ကာကွယ်ဖို့လက်နက်ဆိုရတာ  ရှိထားသင့်တယ်။

 မြွေပွေး၊ မမြေဟောက်တွေမှာအဆိပ်ရှိလို့၊ ပင်လယ်ဂဏာန်းမှာ ညှပ်ဖို့ လက်နက်ကြီးရှိလို့ အခြား သတ္တ၀ါတွေက်သူတို့ကိုအနိုင်ကျင့်ချင်တိုင်း မကျင့်ဝံ့တာ ဖြစ်တယ်။ တရုတ်အမျိုးသားခေါင်းဆောင် ကြီး မော်စီတုံးက “ နိုင်ငံရေးအာဏာဆိုတာ သေနတ်ပြောင်းဝက ထွက်လာတာဖြစ်တယ်” ဆိုပြီး မြင်လွယ်ပြောထားတာရှိတယ်။

 ပြီးတော”အမျိုးသားတရပ်မှာ သူတို့ရဲ့ အမျိုးသားကာကွယ်ရေးတပ် မရှိဘူးဆိုရင် အဲ့ဒီအမျိုးသားအတွက် ဘာမှ မရှိနိုင်ဘူး” လို့ဆိုထားပြန်တယ်။ ဒီတော့အမျိုးသားတရပ်ရဲ့  တန်းတူရေးနဲ့ ကိုယ်ပိုင်ပြာန်းခွင့်၊ အခွင့်အရေးတွေရရှိဖို့အတွက်ဖွဲ့စည်းထားတဲ့လက်နက်ကိုတပ်နဲ့လက်နက်တွေကိုစွန့်ုဖို့ဆိုတာ ပြောဖို့ သင့်တဲ့ ကိစ္စလား။

လူမျိုးရေးအရခွဲခြားမူနဲ့ သတ်ဖြတ်မူရှိတဲ့ကမ္ဘာ

 လူမျိုးဆိုတာနစ်ပေါင်းထောင်သောင်းများစွာ အတူတကွာနေထိုင်ခဲ့ကြရာက တူညီတဲ့ဘာသာစကား၊ စာပေ ၊ ယဉ်ကျေးမူတွေဖြစ်ရှိလာပြီး ကောင်းသူဆိုဖက်ကံကြမ္မာချင်းစပ်နေတဲ့ လူစုဖြစ်တယ်။ အတွေး
အခေါ်အယူအဆအရ မယဉ်းကျေးသေတဲ့ခေတ်ကာလတွေမှာ အင်အားကြီးတဲ့ လူမျိုးစုက အင်အား        ငယ်တဲ့လူမျိုးစုတွေကိုလိုက်လံတိုက်ခိုက်ပြီး ပစ္စည်းလု နယမြေလု ကျွန်တော်ပြုသတ်ဖြတ်ခဲ့ကြတာ
အထင်းရှားပါ။ 

ကျွန်တော်တို့နိုင်ငံထဲမှာ--
>>> (၁၇၅၇)ခုက ဗမာဘုရင် ဦးအောင်ဇေယျဟာ မွန်တွေကို ဒီလို့
လုပ်ခဲ့သလို
>>>>(၁၇၈၄)ခုနစ်မှာ ဗမာဘုရင် ဘိုးတော်ဦးဝိုင်းက ရခိုင်း တွေကိုဒီလိုလုပ်ခဲ့တယ်။ 

ဒါတွေက(၁၈)ရာစုမှာ ဖြစ်ခဲ့တဲ့ အတိတ်သမိုင်း ၊ (၂၀)ရာစုခေတ်ကြီးထဲမှာ ဒီလို့အဖြစ်မျိုး နိုင်ငံများစွာ မှာ ဖြစ်ခဲ့ဘူးတယ်။ (၁၉၄၃)နဲ့(၄၅)ဒုတိယ ကမ္ဘာစစ် ကာလ အတွင်းမှာ ဟစ်တလာ ဦးဆောင်တဲ့ ဂျာမနီတွေ ဟာ ဂျူးလူမျိုး(၆)သန်းကျော်ကို သတ်ခဲ့ဘူးတယ်။

 (၁၉၄၄-၉၅)အတွင်း ရ၀မ်ဒါနိုင်ငံမှာ ဟူတူလူမျိုးတွေက တူစီလူမျိုး(၅)သိန်းခန့်ကိုသတ်ဖြတ်ခဲ့ဘူးတယ် (၁၉၈၃) ခုထဲမှာလည်း  ဆဒမ်  ဟူစိန်ဦးဆောင်တဲ့ အီရတ်တွေဟာ ကာတ်လူမျိုး (၁၈၂၀၀၀)ခန့်ကို သတ်ခဲ့တယ်။ 

ဒီလောက်မများတဲ့ အလတ်စားသတ်ဖြတ်မူတွေ ဥပမာ-ယူဂိုဆလားဗီးယားနိုင်ငံဟောင်းက ဘော့စနီးယား   ဒေသလို၊ ဆူဒန်နိုင်ငံ ဒါဝှေါဒေသက အဖြစ်အပျက်တွေလို များစွာရှိပါသေးတယ်။  

ကျွန်တော်တို့ နိင်ငံ မှာလည်း စစ်ရေးနဲ့ မသက်ဆိုင်တဲ့ ကလေးတွေ အမျိုးသမီးတွေ လူအိုတွေဟာ နယ်စပ်တောနယ်ဒေသတွေ ထဲမှာ သတ်ဖြတ်ခံနေရတာများစွာရှိနေပါတယ်။ ဒါတွေဟာ ဆန့်ကျင့်ဘက် ရန်သူတွေကိုသာမကပဲရန်သူလိုသတ်မှတ်ထားတဲ့လူမျိုးဆိုရင်အာလုံးကိုရှင်းပြစ်တဲ့သဘောဖြစ်တယ်။    

 ခေတ်ကြီးဟာပြောင်းလဲနေပါပြီး။ (၂၀)ရာစုမဟုတ်တော့ဘူး ဆိုချင်ဆိုနိုင်ပေမဲ့ (၂၁)ရာစုလှမ်းဝင်လာတာ ဆယ်စုနစ်တခုတောင်မပြည့်သေးဘူး။ လူတွေဟာ စက်မူပညာအရ လပေါ်ကိုတောင်တက်နိုင်သလို့ တိုးတက်နေတယ် ဆိုလို့နိုင်ပေးမဲ့ အတွေးအခေါ်အသိအမြင် တွေမှာ အာဏာရူးတွေ၊ အခွင့်ထူးခံတွေ၊ မဟာဆန်ကျင့်သူတွေနဲ့ ပြည်နက်နေပါသေးတယ်။ 

တန်းတူရေးဆိုတာ  အနှိမ်ခံလူမျိုးစုတွေက တောင်းဆိုနေတဲ့စကား၊ အာဏာအရ အထက်စည်းနေ  လူမျိုးတွေက လက်ခံချင်တာ မဟုတ်ဘူး၊  ကမ္ဘာလူသားများ  အာလုံးအေးချမ်းစွာ အတူနေထိုင်းရေး  ဆိုတာ စိတ်ကူးယဉ်အဆင့်မှာပဲရှိပါသေးတယ်။ 

ဒါကြောင့်ကိုဖြစ်ရှိနေတဲ့ လူမျိုးစုအ၀န်းအ၀ိုင်းမှာ ကိုယ်ဟာဝင်ရောက်ပြီး အာလုံးရဲ့ ဘ၀လုံခြုံရေးနဲ့ အခွင့် အာဏာအတွက်အလေးထားစဉ်းစားထားဖို့လိုနေပါတယ်။

လက်နက်စွန့်သွားတဲ့အဖွဲ့တွေရဲ့ ကံကြမ္မာ  
  
ကျွန်တော်တို့နိုင်ငံသမိုင်းဖြစ်စဉ်ထဲမှာ လက်နက်ချေမူန်းခံရသလို့ ကြေပြုန်းသွားရတဲ့ အဖွဲ့အစည်းရယ်
လို့ မကြားမိသေးဘူး။ ဒါပေမဲ့ လက်နက်ချတာပဲ ဆိုဆို။အလင်းဝင်တာပဲပြောပြော လက်နက်စွန့်သွား
တဲ့အဖွဲ့တွေ  ကြေပြုန်းသွားကြတာ များစွာရှိပါတယ်။

 (၁၉၄၅)ခုနှစ်ထဲမှာ လက်နက်နဲ့ဒီမိုဂလဲလှယ် ဆိုပြီး ပြည်သူရဲဘော်ရှိပါတယ်။ ပါတီ၊ ဦးလှဖေ ဦးဆောင်တဲ့ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့၊နိုင်အောင်ထွန်း ဦးဆောင်တဲ့ မွန်ပြည်သူ့တပ်၊ ဦးစိန္ဒာ ဦးဆောင်တဲ့ ရခိုင်ပြည်သူ လွတ်မြောက်ရေးပါတီတွေ လက်နက်ချသွားကြတယ်။ 

အဲ့ဒီအဖွဲ့က ခေါင်းဆောင်တွေဟာ(၁၉၆၀)မှာ ရွေးကောက်ပွဲဝင်ပြီး အချို့ဝန်ကြီးတွေဖြစ်၊ အချို့လည်း အမတ်တွေဖြစ်၊ ဒါပေမဲ့(၁၉၆၂)ခုမှာ ထောင်ထဲရောက်သွားကြရတယ်။
 
ဘယ်မှာလဲ အားမခံချက်နဲ့ တော်လှန်ရေးအသီးအပွင့်။ (၁၉၆၃) မှာ ကရင်အမျိုးသားတော်လှန်ရေးထဲ
က သမ္မတလို့ သူ့ အသိုင်း အ၀ိုင်းကခေါ်ဆိုနေတဲ့ မုဆိုးကော်ကဆာစောဟန်တာသားမွေးနဲ့ ဗိုလ်မုး
ကြီးလင်းထင်တို့ရဲ့  (KGB)အဖွဲ့ လက်နက်စွန့်သွားတယ်။ 

ဝင်ခါစမှာ စောဟန်တာမွေးဟာ ရာထူးကြီးကြီးနဲ့ တိုက်တလုံး ကားတစီးရခဲ့တယ်။ ဒါပေမဲ့ ၂-နှစ်လောက် အကြာမှာဗိုလ်လင်းထင်အသတ်ခံရပြီးစောဟန်တာသားမွေးလည်းသာမန်အရပ်သားဘ၀ရောက်သွားခဲ့ရ တယ်
ပြီတော့  တချိန်တုန်က အယူအဆ ရေးရာမှာ တောက်ပြောင်ခဲ့တဲ့ အလံနီ ကွန်မြူနစ်ပါတီခေါင်းဆောင်း
သခင်စိုးကြီးလည်း ငြိမ်းချမ်း ရေးတံခါကိုခေါက်ပြီး ဖွင့်မယ်လို့ကြွေးကြော်ကာလက်နက်စွန့်သွားတယ်။
မကြပါဘူး ထောင်ထဲရောက်ပြီး ဘ၀နိဂုံးချုပ်သွားရတယ်။

 (၁၉၉၀) ကျော်လောက်မှာစစ်အင်အားတသောင်းလောက်နဲ့လွတ်လပ်တဲ့ရှမ်းပြည်တည်ထောင်မယ်လို့  ကြွေးကြော်ခဲ့တဲ့ခွန်ဆာဟာ(၁၉၉၆)ခုနှစ်ဆန်းပိုင်းမှာလက်နက်ချပြီးစစ်အစိုးရနဲ့ပူးပေါင်းသွားတယ်။ ခွန်ဆာရဲ့ ဦိးတည်ချက်နဲ့ တော်လှန်ရေးအမွေးအနှစ်ဘာတွေဖြစ်ပြီးဘာတွေကျန်ခဲ့တဲ့၊ လေ့လာကြည့်စမ်းပါ။ (၂၀၀၅) ခု နှစ်ထဲမှာရှမ်းပြည်အမျိုးသားတပ်မတော် (SSNA)က တပ်မဟာမုး ကန်နနဲ့ ကွန်းခေတို့ သူတို့ တပ်ဖွဲ့ဝင်တချို့နဲ့အတူ လက်နက်အပ်ခဲ့တယ်။
 ပလောင်ပြည်နယ်လွန်မြောက်ရေးပါတီ(PSLP)ကဦးအိုက်မွန်းနဲ့အဖွဲ့များလက်နက်အပ်ခဲ့တယ်။လက်နက် အပ်ပြီး မကြာခင်မှာ ပလောင်ဒေသအတွင်း မူးယစ်ဆေးဝါရောင်းဝယ် ဖြန့်ဖြူမူတွေနဲ့ လုယက်မူ၊ အနိုင်ကျင့် မှုတွေ များပြားလာတာကို တွေရှိခံစားကြရတယ်။ (၂၀၀၇)ခုမှာ ပအိုဝ်းနီလို့ အချို့ ခေါ်ကြတဲ့(ရ-လ-လ -ဖ)   ခေါ် (SNPLO) အဖွဲ့အတွင်း အကွဲအပြဲဖြစ်ပြီး ဥက္ကဌဗိုလ်မုးချစ်မောင်နဲ့ အဖွဲ့  လက်နက်အပ် လိုက်ကြ တယ်။ 
အခုတော့အရပ်သားအဆင့်ကိုရောက်သွားပြီး(၂၀၀၈)ထဲမှာ ဥက္ကဌဟောင်း ဦးတာကလယ်နဲ့ ဥက္ကဌဦးစိန်ရွှေ တို့အကြပ်ကိုင်ခံရပြီး လက်နက်အပ်လိုက်ရပြန်တယ် ။ဒီတော့ သူတို့ဟာ ဂဏန်း လက်မကျိုးမြွေ အစွယ် ကျိုးသလို မိမိလူထုအကျိုးတွေကိုဘာမှာပြောပိုင်ခွင့်မရှိတော့ဘူး၊ ဒီလို့အရှေ့ကနှောင်တော်ကြီးတွေ လက်နက်စွန့်ခဲ့လို့ ဘ၀လည်းပျက်၊ဦးတည်ချက်လည်း ပျောက်၊ သမိုင်းအမှိုက်ပုံထဲရောက်ခဲ့ရတာကို တော်လှန်ရေး သံဝေဂ ခိုင်ခိုင်မာမာရခဲ့ကြပြီးလေ။
လက်နက်ကိုင်ထားလည်း ငြိမ်းချမ်းရေးတည်ဆောက်လို့ရတယ်
ငြိမ်းချမ်းရေးကိုတည်ဆောက်ဖို့ လက်နက်စွန့်စရာမလိုဘူး။ ပြဿနာဖြစ်လာ တာဘက်နှစ်ဖက် စလုံးမှာ တာဝန်ရှိပါတယ်။ပြေလဲချင်းနှစ်ဖက်စလုံးက အပေးအယူအလျှော့အတင်းလုပ်ရမှာဖြစ်တယ်။ ဒီလိုမဟုတ်ပဲ တဖတ်ထဲလက်နက်စွန့်ရင် ချိန်ခွင်လျှာပိုပြီးတဖတ်စောင်းနေဖြစ်ကာအမှန်းတရားနဲ့ ဝေးသွားမှာဖြစ်ပါတယ်၊
 သမိုင်းထဲရောက်နိုင်ငံကာမှာပါ၊လက်နက်တိုက်ကြတဲ့အင်အားစုနှစ်ဖက်အကြားအပစ်အခတ်ရပ်စဲပြီး ဆွေးနွေးဖြေရှင်ကြတာဟာ စကားနဲ့ပြောလို့မရလို့အားနဲ့ပြောတာဖြစ်တယ်။ရေရှည်ယုံပြိုင်ခဲ့ကြတဲ့အင်အားစုအကြား စေ့စပ်တတဲပဖြေရှင်း တဲ့ နည်းနဲ့ ပြေလည်းနိုင်ဖို့ ဆိုတာ  တန်းတူညီးသဘောထားရှိုဖို့လိုတယ်။  
တန်းတူညီးသဘောထား နိုင်ဖို့ အတွက် လက်တွေအရ အင်အားချင်းတူညီတာ ဒါမှမဟုတ် ညီလုနီပါး ရှိဖို့ လိုတယ်။ အနိမ့်ဆုံးအဆင့် တဖက်ကိုတဖက်က မချေမူန်းနိုင်နှစ်ဖက်စလုံးရဲ့  အကျိုးစီပွားတွေ  ထိခိုက် ပျက်ပြားနေုဖို့ လိုတယ်။   ဒီလို့သဘောတရာတွေနဲ့   ဆန်ကျင်ပြီးတဖက်ထဲက လက်နက်စွန့်တာ၊ တပ်ကိုဖြတ်တာ တပ်ပေးအပ်တာ တွေဟာ ငြိမ်းချမ်းရေးကိုဦးတည်တဲ့လုပ်ရပ်မဟုတ်ဘူး။ ငြိမ်းချမ်းရေးနဲ့ ဆန်ကျင့်ဘက် လက်နက်ရှိသူတပ်ရှိ၊ သူဘက်ကတဖက်သတ်အသာရပြီး ဘ၀င်မြင့်ကာ ရမ်းချင်ကြမ်းချင် လာအောင်ထောင်ပေး သလိုဖြစ်စေတယ်။ ဒါမျိုးဟာ ရေရှည်မှာငြိမ်းချမ်းရေးကို ပိုပြီးအန္တရာယ်ဖြစ်စေပါ တယ်။
တော်လှန်ရေးအတွေးအခေါ်၊ သဘောတရား ယဉ်ကျေးမူထဲမှာ ရန်သူထံလက်နက်ချတယ်ဆိုတာ အ
ကြီးမားဆုံးဖောက်ပြန်မူဖြစ်တယ် ရန်သူအ၀ိုင်းခံရလို့ လက်နက်ချရတာတောင် ကျည်ဆံလက်ကျန် ရှိနေသေးရင် ဖောက်ပြန်ရေးစရင်းထဲ ထည့်တွက်ရမယ်ဆိုတာ တော်လှန်ရေးအမြင်သဘောရားပဲ။ 

မိမိကိုယ် ကို အဆုံးမစီရင်နိုင်ရင်ထား ရန်သူထံကို သေနတ်တလက်ကျည်တတောင့်မှ ပေးအပ်လို မရဘူးဆိုတာတော်လှန်ရေးအဖွဲ့ဝင်တိုင်းရဲ့  စောင့်စည်ရမယ့် သစ္စာတရားဖြစ်တယ်။ လက်နက်ချတယ် ။လက်နက်စွန့်တယ်၊ လက်နက်နဲ့ ဒီမိုကရေစီ လဲလှယ်တယ်။ လက်နက်နဲ့ ငြိမ်းချမ်းရေးလဲ လုယ်တယ်။ အလင်းဝင်တယ်ဆိုတာတွေဟာ ဝေါဟာရကွဲပေးမဲ့အဓိပ္ပာယ်ကအတူတူပါ။ တော်လှန်ရေးသမားများဟာ   တော်လှန်ရေးအတွက် အသက်သွေးချွေး အချိန်နဲ့ဘ၀ကိုပုံအပ်ထားခဲ့တဲ့သူတွေဖြစ်တယ်။ ဖောက်ပြန်တဲ့ လူအချို့ ကလွဲပြီး တော်လှန်ရေးသမာများစုဟာ တော်လှန်ရေးရဲ့  သစ္စာကို စောင်းစည်ကြတယ်။

ဒီတော့ ငြိမ်းချမ်းရေးကို တည်ဆောက်လိုရင် ဖြစ်သင့်ဖြစ်နိုင်တဲ့ နည်းနားတွေနဲ့သာ  တည်ဆောက်နိုင်မှာြ ဖစ်ပါတယ်။ငြိမ်းချမ်းရေးလိုချင်လို့ အပစ်အခတ်ရပ်စဲကြတာဖြစ်တော့ အမှန်တကယ် ငြိမ်းချမ်းချင်ရင် မှန်ကန် သင့်တော့ပြီး အများလက်ခံနိုင်တဲ့နည်းလမ်းတွေရဖို့ တွေ့ဆုံဆွေးနွေးလိုအပ်ပါတယ်။
တိုင်းရင်းသားလူမျိုးစု အခွင့်အရေးနဲ့ ပတ်သတ်ပြီး အများလက်ခံနိုင်တဲ့  တွေဆုံဆွေးနွေးမူရလာဒ်က
သာတကယ်အဖြေမှန်ဖြစ်ကြောင်း တင်ပြလိုက်ရပါတယ်။

ရဲဘော်-မင်းဟံ 
 (မွန်ပြည်သစ်ပါတီမှ ထုတ်ဝေသော နှစ်ငါးဆယ်ပြည့် ရွှေရတု ဂျာနယ်မှ ဆောင်းပါးကို ပြန်လည် တင်ပြထားပါသည်)


0 comments:

Post a Comment