Saturday, May 4, 2013

တိုင်းရင်းသား ဒေသများ၌ အစိုးရ တပ်အင်အား တိုးချဲ့ နေဆဲ

အလားတူ တအာင်း (ပလောင်) အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) ဒေသဖြစ်သော ရှမ်းပြည် မြောက်ပိုင်း ကွပ်ခိုင်၊ နမ့်ဆန်နှင့် နောင်ချိုမြို့နယ်တွင် မူလက တပ်ရင်း (၁၀) ရင်းသာ ရှိခဲ့ပါသည်။

ပြီးခဲ့သည့် ဒီဇင်ဘာလတွင် တပ်ရင်း (၆) ရင်းခန့် တိုးလာပြီး (၁၆) ရင်း ဖြစ်လာကာ အေပြီလ အကုန်တွင် (၂၅) ရင်း အထိ တိုးလာခဲ့သဖြင့် စုစုပေါင်း တပ်အင်အား (၄၀၀၀) ခန့် ရှိလာနိုင်သည်ဟု TNLA ပြောခွင့်ရှိသူ မိုင်ဖုန်းကျော်က ခန့်မှန်း ထားပါသည်။

TNLA နယ်မြေ၌ တိုးလာသော အစိုးရ တပ်ရင်းများမှာ အမှတ် (၁) စကခ တပ်မ ဌာနချုပ် တပ်ဖွဲ့နှင့် အမှတ် (၁၆) စကခ ဌာနချုပ် တပ်များ ဖြစ်ပါသည်။

တိုးလာသော ဤတပ်ဖွဲများသည် TNLA စခန်းရှိသော နေရာများတွင် စခန်းငယ်များ တည်ဆောက်ပြီး ပိုက်စိတ်တိုက် စစ်ဆင်သော နည်းဖြင့် ခပ်စိပ်စိပ် တိုက်ခိုက် လာခဲ့ပါသည်။ KIA နှင့်TNLA တို့ သည် အစိုးရနှင့် အပစ်အခတ် ရပ်စဲခြင်း မရှိသေးသဖြင့် တိုက်ခိုက်မှုများ ရှိနေမည်မှာ မလွဲပေ။ 


 အပြည့်အစုံဖတ်ရှုရန်>http://www.phophtawnews.org/burmese/index.php/news/internal-news/item/272-2013-05-02-14-55-26.html

0 comments:

Post a Comment