ဧပြီလ ၂၅ရက်၊ ၂၀၁၃
ဧပြီလ ၂၄ ရက်နေ့ ညနေ ၅ နာရီခွဲမှ ၆ နာရီခွဲအထိ
တအာင်းမျိုးသားလွတ်မြောက်ရေးတပ်မတော်T.N.LA ကွတ်ခိုင်အခြေအစိုက် တပ်ရင်း
(၁၁၂)နှင့် မြန်မာတပ်ဖွဲ့ ခလရ (၄၅)တို့
ကွတ်ခိုင်မြို့နယ် နမ့်ဖက်ကာအုပ်စုရှိ ကုန်ဆာရွာ နှင့် နှစ်မိုင်အကွာတွင်
တိုက်ပွဲဖြစ်ပွားခဲ့ပြီး ထိခိုက်ကျဆုံးမှု မသိရှိရသေးပါ။
၎င်းအပြင်
ဧပြီလ ၂၄ ရက်နေ့တွင် မြန်မာတပ်မတော် ကျောက်မဲအခြေစိုက် တပ်ရင်းများမှ
နမ့်ဆန်မြို့ သို့ စစ်အင်အား ၂၀၀ ကျော်ဖြင့် ဖြည့်တင်းပြီး ယနေ့ ၂၅
ရက်နေ့တွင် နမ့်ဆန် အရှေ့ပိုင်းရှိ လျှော်လည်ကွင်းသို့ လှုပ်ရှားနေသော
(၅၀၂)တပ်ရင်း တို့နှင့် လာရောက်ပူပေါင်း၍ အင်အား ၃၀၀ ကျော်ဖြင့်
ထိုးစစ်ပြင်ဆင်နေကြောင်း သတင်းရရှိပါသည်။
သတင်းနှင့်ပြန်ကြားရေးဌာန
တံပ်အွံရ်ပ်ုန်လောတ်ကပီုန်တအာင်း - PSLF
Thursday, April 25, 2013
T.N.L.A တပ်ရင်း(၁၁၂) နှင့် ကွတ်ခိုင်အခြေစိုက် ခလရ(၄၅)တပ်ရင်းတို့ ရင်ဆိုင်တိုက်ပွဲဖြစ်
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment