၂
ရက် အေပြီလ ၂၀၁၃ ခုနှစ်
တအာင်းဒေသအတွင်း
မြန်မာစစ်တပ်ဖွဲ့ တပ်ရင်း ခမရ- ၅၀၁၊ ၅၀၂၊ ၅၀၃၊ ၅၀၄၊ ၅၀၇၊ ၃၂၄၊ ခလရ- ၂၃၊ ၁၃၀၊ ၁၄၄၊ ၄၅၊
၆၈၊ ၆၉၊ ၂၄၀၊ ၁၂၃ အစရှိသည့် ကျောက်မဲ၊ သီပေါ၊ လားရှိုး၊ နမ္မတူ၊ မန်တုံ၊ သိန်းနီ၊ ကွတ်ခိုင်၊
နမ့်ခမ်း အခြေစိုက်တပ်ရင်းများ တအာင်းဒေသတွင်းသို့ ပိုမိုထိုးစစ်ဆင်လာသဖြင့် နှစ်ဖက်ရင်ဆိုင်တိုက်ပွဲများ
ဆက်တိုက် ဖြစ်ပွား လျှက်ရှိသည်။
ဧပြီလ
၁ ရက်နေ့ နံနက် ၁၀ နာရီမှ ၁၁ နာရီခန့်အချိန်ထိ တအာင်းအမျိုးသား လွတ်မြောက်ရေး တပ်မတော်
ကွတ်ခိုင်အခြေ စိုက် တပ်ရင်း (၁၁၂) နှင့် မြန်မာတပ်ဖွဲ့
ခမရ (၅ဝ၂)၊ ခလရ (၄၅) တို့ ကွတ်ခိုင်မြို့နယ် နမ့်ဖတ်ကာအုပ်စုရှိ လူမ်ကမ်ရွာ အနီးတွင်
တိုက်ပွဲဖြစ်ပွားခဲ့ပြီး မြန်မာတပ်ဖွဲ့ဘက်မှ ၁ ဦးသေ၊ ၂ ဦးထိခိုက်ဒဏ်ရာ ရရှိသည်ဟု
သိရပါသည်။
ယနေ့
ဧပြီလ ၂ ရက်နေ့ နံနက် ၇ နာရီခွဲအချိန်တွင်လည်း T.N.L.A တပ်ရင်း (၂၅၆) နှင့် ဒုဗိုလ်မှူးကြီး
ဇော်လတ် ဦးဆောင်သော ခမရ ၅၀၄ မြန်မာတပ်ဖွဲ့တို့ နမ့်ဆန်မြို့နယ် ဇယန်းကြီးအုပ်စု နမ့်ဆိုင်ခေါင်
တောင်ကြောတွင် တိုက်ပွဲဖြစ်ပွားနေ လျှက်ရှိသည်။ ထိခိုက်ကျဆုံးမှု မသိရှိရသေးပါ။
̏ကျနော်တို့
ဗဟိုက ရွှေဖီချိန် လက်ဖက်ရာသီမှာ တိုက်ပွဲမဖြစ်ဖို့ လှုပ်ရှားမှုမလုပ်ဖို့ ညွှန်ကြားထားတာကြောင့်
ကျနော် တို့ ရွေ့ပြောင်းတောစခန်းမှာပဲ နေကြပါတယ်။ ဒါပေမဲ့ ဗမာတပ်က အတင်းပဲ ဆက်တိုက်တက်လာတော့
ကျနော် တို့ နေရာ ဖယ်ပေးဖို့မလွယ်တော့ဘူး။ ဒါကြောင့်
တိုက်ပွဲဖြစ်တာပါပဲ။˝ ဟု တအာင်းတပ်မှူး တဦးကပြောပါသည်။
လက်ဖက်ရာသီတွင်
နမ့်ဆန်ဒေသအတွင်း လက်နက်ကိုင်တိုက်ပွဲများ မဖြစ်ပွားစေရန်အတွက် ထိန်းသိမ်းစွာ နေထိုင်ရန်
တအာင်းဗဟိုဌာနချုပ်မှ ညွှန်ကြားထားပါသည်။
တအာင်းစာပေနှင့်ယဉ်ကျေးမှု ညီလာခံကျင်းပသည့်ကာလ
တွင်လည်း စစ်ရေးလှုပ်ရှားမှုမပြုလုပ်ရန်ညွှန်ကြားခဲ့ပြီး ညီလာခံ ကို အောင်မြင်စွာကျင်းပနိုင်ခဲ့သော်လည်း
ညီလာခံပြီးစီးသည့် နောက် မတ်လ ၂၇ ရက်နေ့တွင် မြန်မာတပ် ၁၃၀ တပ်ရင်းမှ မန်တုံမြို့အနောက်ဘက်တွင်
လက်နက်ကြီးများဆက်တိုက် ပစ်ခတ်ခဲ့ပြီး မန်တုံအခြေစိုက် နည်းဗျူဟာမှူး ဗိုလ်မှူးကြီး
ညီညီနိုင် က တအာင်းနှင့်ကချင်တပ်ဖွဲ့တို့ ပစ်ခတ်သည်ဟု စွပ်စွဲပြောဆိုခဲ့သည်။
သတင်းနှင့်ပြန်ကြားရေးဌာန
တံပ်အွရ်ပ်ုန်လောတ်ကပီုန်တအာင်း
- PSLF
0 comments:
Post a Comment