Friday, September 26, 2014

မူးယစ်ဆေးဝါး ပပျောက်ရေး ပညာပေး ကွင်းဆင်းဟောပြောနေသော တအာင်းတပ်မတော်နှင့် မြန်မာ့တပ်မတော် တိုက်ပွဲဖြစ်ပွါး

၎ ရက် စက်တင်ဘာလ၂၀၁၄ ခုနှစ်

တအာင်းဒေသ၊ ကွတ်ခိုင်မြို့နယ်၊ မန်မူကျေးရွာနှင့် နောင်ဆိုင်းကျေးရွာကြားတွင် ယနေ့ စက်တင်ဘာလ ၄ ရက် ညနေ ၁၄း၀၀ နာရီမှ ၁၄း၄၅ နာရီ အချိန်အထိ တအာင်းတပ်မတော် တပ်မဟာ(၁) ကွပ်ကဲမှုအောက်ရှိ တပ်ရင်း (၁၀၁) နှင့် မြန်မာ့တပ်မတော် ခလရ (၄၅) တို့ နှစ်ဖက် အပြန်အလှန် တိုက်ပွဲဖြစ်ပွါးခဲ့သည်။

တိုက်ပွဲတွင် တအာင်းတပ်မတော် ဖက်မှ ထိခိုက်ကျဆုံးမှုမရှိပါ။ မြန်မာ့တပ်မတော်ဖက်မှ ထိခိုက်ကျဆုံးမှုမသိရှိရသေးပါ။
တိုက်ပွဲ အသေးစိတ်သတင်းအား ဆက်လက် တင်ပြသွားပါမည်။

တအာင်းဒေသသို့ မူးယစ်ဆေးဝါး ပပျောက်ရေးအတွက် ကျေးရွာအတွင်းသို့ ပညာပေး ကွင်းဆင်းဆောင်ရွက်နေသော တအာင်းတပ်မတော် အား မြန်မာ့တပ်မတော်မှလိုက်လံတိုက်
ခိုက်ရာမန်မူကျေးရွာနှင့် နောင်ဆန်းကျေးရွာကြားတွင် နှစ်ဖက်တပ်ရင်ဆိုင်တွေ့ဆုံရာမှ နှစ်ဖက်ရင်ဆိုင်တိုက်ပွဲ ဖြစ်ပွါးခြင်း ဖြစ်သည်။

သတင်းနှင့်ပြန်ကြားရေးဌာန
PSLF/TNLA

0 comments:

Post a Comment