Friday, August 1, 2014

တအာင်းဒေသသို့ ထိုးစစ်ဆင်လာသည့် မြန်မာ့စစ်တပ်နှင့် တအာင်း တပ်မတော်တို့ တိုက်ပွဲ ဆက်လက်ပြင်းထန်

၂၆ ရက် ဇူလိုင်လ ၂၀၁၄ ခုနှစ်

တအာင်းဒေသ၊ နမ့်ခမ်းမြို့နယ်၊ ကောင်းဝိုင်းကျေးရွာနှင့် ပန်းခါးကျေးရွာကြားတွင် ယနေ့ ဇူလိုင်လ ၂၆ ရက်နေ့ ညနေ ၁၇း၀၀ နာရီ အချိန်မှ ယခုသတင်းရေးချိန် အထိ မြန်မာ့တပ်မတော်နှင့် တအာင်းတပ်မတော် တပ်မဟာ(၁) လက်အောက်ခံ တပ်ရင်း(၁၀၁) နှင့် တပ်ရင်း (၁၁၂) တို့ နှစ်ဘက် အပြင်းအထန်တိုက်ပွဲ ဖြစ်ပွါးလျှက်ရှိသည်။

တိုက်ပွဲတွင် နှစ်ဘက်ထိခိုက်ကျဆုံးမှု မသိရှိရသေးပါ။ တိုက်ပွဲနောက်ဆက်တွဲ သတင်းအား ဆက်လက်တင်ပြသွားပါမည်။

တအာင်းဒေသတွင် ဇူလိုင်လ(၁၉/၂၀) ရက်နေ့ နောက်ပိုင်း တအာင်းဒေသတို့ တပ်အင်အား လက်နက် ခဲယမ်းရိက္ခာ ဆက်တိုက်ဖြည့်တင်း လျှက်ရှိသည်။

သတင်းနှင့်ပြန်ကြားရေးဌာန
PSLF/TNLA
၀၉ ၄၉၃၁၄၉၅၁၊ ၀၉ ၂၅၆၄၆၅၆၈၁၊ ၀၉ ၄၇၀၉၇၇၇၂၊ ၀၆၉၂ ၆၂၂၄၈၅၈

0 comments:

Post a Comment