Saturday, July 27, 2013

ကွမ်လုံအခြေစိုက် ခလရ ၁၄၅တပ်ရင်းနှင့် ပန်ဆေးပြည်သူ့စစ်ပူပေါင်းတပ်တို့ T.N.L.A တပ်ရင်း ၁၁၂ နှင့် တိုက်ပွဲဖြစ်ပွား

၂၇-ဇူလိုင်လ-၂၀၁၃ ခုနှစ်

ကွမ်လုံအခြေစိုက်ခလရ၁၄၅နှင့်ပန်ဆေးပြည်သူ့စစ်ပူပေါင်းတပ်တို့တအာင်းအမျိုးသားလွတ်မြောက်ရေး တပ်မတော် T.N.L.A- ၁၁၂ တပ်ရင်းနှင့် ကွတ်ခိုင်မြို့နယ် ကန်ပါဖိုကျေးရွာ အနီးတွင် ဒီကနေ့ ဇူလိုင်လ၂၇ ရက်နေ့ နံနက် ၁၀ နာရီအချိန်တွင် ရင်ဆိုင်တိုက်ပွဲ ဖြစ် ပွားနေကြောင်း သိရှိရပါသည်။

ကွတ်ခိုင်မြို့နယ်တအာင်းကျေးရွာများတွင်T.N.L.Aတပ်ရင်း၁၁၂တပ်ဖွဲ့များမှမူးယစ်ဆေးဝါးတိုက်ဖျက်ရေး စီမံကိန်း စည်းရုံးရေး ဆင်းနေသည့် အချိန်တွင် ကွမ်လုံအခြေ စိုက် ခလရ တပ်ရင်း ၁၄၅မှ အင်အား ၅၀ ကျော်နှင့် ပန်ဆေးပြည်သူ့စစ် အဖွဲ့ ၄၀ ကျော်ပူပေါင်းတပ်တို့မှ ထိုးစစ်ဆင်းနေမှုကြောင့် နှစ်ဖက် တပ်များ ရင်ဆိုင်တိုက်ပွဲ ဖြစ်ပွားေ နကြောင်း သိရှိရ ပါသည်။

ကျနော်တို့T.N.L.Aက၂၀၁၃၂၀၁၄ခုနှစ်ဘိန်းတိုက်ဖျက်ရေးစီမံကိန်းအတွက်ကွတ်ခိုင်မြို့နယ်ဘက်မှာ စည်းရုံရေး ဆင်းနေသည့်အချိန် မြန်မာ စစ်တပ်နှင့် ပန်ဆေးပြည် သူ့စစ် အဖွဲ့တို့က ဖိအားပေး စစ်ထိုး လာတဲ့ အတွက် ကျနော်တို့ တပ်ရင်း ၁၁၂နှင့် ဒီမနက် ၁၀ နာရီ အချိန် ကန်ပါဖိုရွာအနီးတွင် တိုက်ပွဲဖြစ် တယ်၊ သူတို့ဖက်ကတော့အင်အား၁၀၀နီးပါ လောက်ရှိမယ် သေဆုံးဒဏ်ရာရ စာရင်းကိုတော့ အတိ အကျတော့ မသိရသေးဘူး အခုလဲ တိုက်ပွဲဖြစ်နေတုန်းဟု T.N.L.A-၁၁၂ တပ်ရင်းမှုး တာဝိန်မာန် က ပြောသည်။

ဇူလိုင်လ ၂၅ရက်နေ့ ညနေ့ပိုင် ၅နာရီခွဲမှ ၆ နာရီခွဲအထိ TNLA တပ်ရင်း ၁၁၂ နှင့် ပန်ဆေးပြည်သူ့စစ် အဖွဲ့တို့ ကွတ်ခိုင်မြို့ နယ် ကန်ပါဖိုကျေးရွာ လည်း တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရှိရပါသည်။

ယခု သတင်းရေးသာနေသည့်အချိန်တွင်လည်း နှစ်ဖက်တပ်များ ရင်ဆိုင် တိုက်ပွဲ ဖြစ် ပွားနေကြောင်း သတင်းရရှိပါသည်။

သတင်းနှင့်ပြန်ကြားရေးဌာန

P.S.L.F/T.N.L.A

0 comments:

Post a Comment