Friday, September 26, 2014

သြဂုတ်လ ၂၆ ရက် တိုက်ပွဲ Update သတင်း

၂၆ ရက် သြဂုတ်လ ၂၀၁၄ ခုနှစ်

တအာင်းဒေသ၊ နမ္မတူမြို့နယ်၊ နမ္မတူ-မန်တုံ ကားလမ်းမပေါ် ဘော်တွင်းအနီး ၀၉း၃၀ နာရီမှ ၁၀း၂၀ နာရီ အချိန်ထိ တအာင်းတပ်မတော် အမှတ်(၅) ဗျူဟာကွပ်ကဲမှုလက်အောက်ရှိ တပ်ရင်း (၇၇၃/၈၈၅) နှင့် မြန်မာ့တပ်မတော် တပ်မ(၇၇)တို့ သြဂုတ် ၂၆ ရက်နေ့ ဒုတိယအကြိမ် ဖြစ်ပွါးသော တိုက်ပွဲတွင် မြန်မာ့တပ်မတော်ဖက်မှ (၉) ဦး ကျဆုံး၍ (၃) ဦး ဒဏ်ရာရရှိသည်။

တအာင်းဒေသအတွင်း တအာင်းတပ်မတော်နှင့် မြန်မာ့တပ်မတော်တို့ တိုက်ပွဲ ဆက်လက်ပြင်းထန်

၂၆ ရက် သြဂုတ်လ ၂၀၁၄ ခုနှစ်

တအာင်းဒေသ၊ ကျောက်မဲမြို့နယ်၊ မန်မိုင်ကျေးရွာအနီးတွင် ယနေ့ သြဂုတ်လ ၂၃ ရက်နေ့ နံနက် ၀၃း၀၀ နာရီ အချိန်မှ ၀၃း၃၀ နာရီအချိန်ထိ တအာင်း တပ်မတော် တပ်မဟာ(၂) လက်အောက်ခံ တပ်ရင်း (၇၁၇) နှင့် မြန်မာ့ တပ်မတော် တပ်မ(၇၇) နှစ်ဘက်ရင်ဆိုင်တိုက်ပွဲ ဖြစ်ပွါးခဲ့သည်။

တစ်ရက်အတွင်း တအာင်းတပ်မတော်နှင့် မြန်မာ့တပ်မတော်တိုက်ပွဲ ၂ ကြိမ် ဖြစ်ပွား မြန်မာ့တပ်မတော် (၄) ဦး ကျဆုံး

၂၃ ရက် သြဂုတ်လ ၂၀၁၄ ခုနှစ်

တအာင်းဒေသ၊ ကျောက်မဲမြို့နယ်၊ နမ့်ခွန်ကျေးရွာအနီးတွင် ယနေ့ သြဂုတ်လ ၂၃ ရက်နေ့ နံနက် ၀၉း၀၀ နာရီ အချိန်မှ ၁၀း၃၀ နာရီအချိန်ထိ တစ်ကြိမ်၊ ညနေ၁၄း၀၀ နာရီမှ ၁၄း၃၀ နာရီ အချိန်ထိတစ်ကြိမ် တအာင်းတပ်မတော် တပ်မဟာ(၂) လက်အောက်ခံ တပ်ရင်း(၇၁၇)၊ နှင့် မြန်မာ့တပ်မတော် တပ်မ(၇၇) တို့ နှစ်ဘက် ရင်ဆိုင်တိုက်ပွဲ ဖြစ်ပွါးခဲ့သည်။

မြန်မာ့တပ်မတော် တပ်မ(၈၈)မှ ရွာသားနှစ်ဦးအား ပစ်ခတ်

၁၈ရက်သြဂုတ်လ ၂၀၁၄ ခုနှစ်

တအာင်းဒေသ၊ နမ့်ခမ်းမြို့နယ်၊ ကောင်းဝိုင်းကျေးရွာနှင့် မန်စပ်ကျေးရွာကြားတွင် ယနေ့ သြဂုတ်လ ၁၈ ရက်နေ့ တအာင်းတပ်မတော် တပ်မဟာ(၁) လက်အောက်ခံ တပ်ရင်း(၁၁၂)၊ နှင့် မြန်မာ့တပ်မတော် တပ်မ(၈၈) တို့ နှစ်ဘက် ရင်ဆိုင်တိုက်ပွဲ ဖြစ်ပွါးမှု အပြီးတွင် နမ့်ခမ်းမြို့ သို့ အလည်သွား သော အွယ်လော ရွာသား (၂) ဦးအား လမ်းပေါ်တွင် ပစ်ခတ်ခဲ့ရာ ညီနိုင်ဂျားမှာ သေဆုံးသွားပြီး ယိုင်ထွန်းသန်းမှာ ဒဏ်ရာပြင်းထန်စွာ ရရှိသဖြင့် မူဆယ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင် ဆေးဝါးကုသ ခံယူလျက်ရှိသည်။

တအာင်းတပ်မတော်နှင့် မြန်မာ့တပ်မတော်တို့ တိုက်ပွဲ ဆက်လက် ဖြစ်ပွား မြန်မာ့တပ်မတော် (၁၀) ဦး ထက်မနည်း ကျဆုံး ဒဏ်ရာရ

၁၈ ရက် သြဂုတ်လ ၂၀၁၄ ခုနှစ်

တအာင်းဒေသ၊ နမ့်ခမ်းမြို့နယ်၊ ကောင်းဝိုင်းကျေးရွာနှင့် မန်စပ်ကျေးရွာကြားတွင် ယနေ့ သြဂုတ်လ ၁၈ ရက်နေ့ နံနက် ၀၉း၄၅ နာရီ အချိန်မှ ၁၀း၀၀ နာရီအချိန်ထိ တအာင်းတပ်မတော် တပ်မဟာ(၁) လက်အောက်ခံ တပ်ရင်း (၁၁၂)၊ နှင့် မြန်မာ့တပ်မတော် တပ်မ(၈၈) တို့ နှစ်ဘက် ရင်ဆိုင်တိုက်ပွဲ ဖြစ်ပွါးခဲ့သည်။

တအာင်းတပ်မတော်နှင့် မြန်မာ့တပ်မတော်တို့ တိုက်ပွဲဖြစ်ပွား မြန်မာ့တပ်မတော် (၂) ဦးကျဆုံး

၁၈ ရက် သြဂုတ်လ ၂၀၁၄ ခုနှစ်

တအာင်းဒေသ၊ ကျောက်မဲမြို့နယ်၊ လွယ်အန်နှင့် ကုန်းဆာကျေးရွာကြားတွင် သြဂုတ်လ ၁၇ ရက်နေ့ ည ၂၀း၀၀ နာရီ အချိန်မှ ၂၀း၃၀ နာရီအချိန်ထိ တအာင်းတပ်မတော် တပ်မဟာ(၃) လက်အောက်ခံ တပ်ရင်း(၇၁၇)၊ နှင့် မြန်မာ့တပ်မတော် တပ်မ(၇၇) တို့ နှစ်ဘက် ရင်ဆိုင်တိုက်ပွဲ ဖြစ်ပွါးခဲ့သည်။

တအာင်းတပ်မတော်နှင့် မြန်မာ့တပ်မတော်တို့ တိုက်ပွဲဖြစ်ပွား

၁၄ ရက် သြဂုတ်လ ၂၀၁၄ ခုနှစ်

တအာင်းဒေသ၊ မိုးမိတ်မြို့နယ်၊ ရေပုံးကျေးရွာအုပ်စု၊ ရေပုံးကျေးရွာနှင့် မိုးလုံကျေးရွာကြားတွင် ယနေ့ သြဂုတ်လ ၁၄ ရက်နေ့ နံနက် ၀၇း၀၀ နာရီ အချိန်မှ ၀၇း၃၀နာရီအချိန်ထိ တအာင်းတပ်မတော် တပ်မဟာ(၂) လက်အောက်ခံ တပ်ရင်း(၃၆၇)၊ နှင့် မြန်မာ့တပ်မတော် တပ်မ(၇၇) တို့ နှစ်ဘက် ရင်ဆိုင်တိုက်ပွဲ ဖြစ်ပွါးခဲ့သည်။