ယမန်နေ့ ၂၅ ရက် ညနေ ၂ နာရီခွဲမှ ၃ နာရီအကြားဖြစ်ပွားသော TNLA တပ်မဟာ (၂)
လက်အောက်ခံ တပ်ရင်း (၅၂၇)နှင့် (၇၁၇) ပူးပေါင်းတပ်နှင့် တပ်မ (၇၇)တို့
တိုက်ပွဲတွင် မြန်မာ့စစ်တပ်မှ အရာရှိတစ်ဦး ဒဏ်ရာပြင်းထန်စွာ ရရှိပြီး
ပြင်ဦးလွင် စစ်ဆေးရုံသို့ ပို့ဆောင်ရန်အသွား ကျောက်မဲမြို့အနီးတွင်
ကျဆုံးသွားသည်ဟု သိရသည်။